Salmos 84

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ကောင်းကင်ဗိုလ်ခြေတို့၏ ထာ၀ရဘုရားသခင်၊ ကိုယ်တော်စံပယ်တော်မူရာဌာနသည် မြတ်နိုးဖွယ်ကောင်းလှပါ၏။-
1 Quão amável são os teus tabernáculos, ó Senhor dos exércitos!
2 ငါ၏ဝိညာဉ်သည် ထာ၀ရဘုရားသခင်၏ နန်းတော်တို့ကို မေ့မြောလုမတတ်တမ်းတပါ၏။ ငါ၏နှလုံးနှင့် ငါ၏ကိုယ်ခန္ဓာ တို့သည် အသက်ရှင်တော်မူသော ဘုရားကို ဝမ်းမြောက်ဝမ်းသာ သီဆိုချီးကျူးပါ၏။
2 A minha alma suspira! sim, desfalece pelos átrios do Senhor; o meu coração e a minha carne clamam pelo Deus vivo.
3 စာငှက်ပင်လျှင် မိမိနေရာအရပ်ကိုလည်းကောင်း၊ ဇရက်သည်လည်း သားငယ်မွေးရန် အသိုက်ကိုလည်းကောင်း ကိုယ်တော်၏ ယဇ်ပလ္လင်တော်အနီးတွင် တွေ့ရှိကြပါ၏။ အိုကောင်းကင်ဗိုလ်ခြေတို့၏ ထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ ဘုရင်နှင့် အကျွန်ုပ်၏ဘုရားသခင်၊-
3 Até o pardal encontrou casa, e a andorinha ninho para si, onde crie os seus filhotes, junto aos teus altares, ó Senhor dos exércitos, Rei meu e Deus meu.
4 ကိုယ်တော်အား အစဉ်မပြတ်သီဆိုချီးမွမ်းလျက် ကိုယ်တော်၏အိမ်တော်တွင် နေထိုင်သူတို့သည် မင်္ဂလာရှိကြပါ၏။
4 Bem-aventurados os que habitam em tua casa; louvar-te-ão continuamente.
5 ကိုယ်တော်၌ ခွန်အားယူကြသောသူတို့သည် မင်္ဂလာရှိကြ၏။ သူတို့သည် ဇီအွန်တောင်သို့သွားရန် နှလုံးသွင်းထားကြပါ၏။-
5 Bem-aventurados os homens cuja força está em ti, em cujo coração os caminhos altos.
6 သူတို့သည် ဘာကာချိုင့်ဝှမ်းကို ဖြတ်သွားကြစဉ် ထိုနေရာကို စမ်းရေထွက်ရာအရပ် ဖြစ်စေကြပါ၏။ မိုးဦးရွာသွန်းသဖြင့် အိုင်များလည်း ပေါ်ထွန်းလာပါ၏။-
6 Passando pelo vale de Baca, fazem dele um lugar de fontes; e a primeira chuva o cobre de bênçãos.
7 သူတို့တစ်ဦးစီသည် ဇီအွန်တောင်ပေါ်တွင် ဘုရားသခင်၏ ရှေ့တော်မှောက်သို့ ရောက်သည့်တိုင်အောင် တစ်ဆင့်ပြီးတစ်ဆင့် ခွန်အားယူလျက် သွားကြပါ၏။
7 Vão sempre aumentando de força; cada um deles aparece perante Deus em Sião.
8 ကောင်းကင်ဗိုလ်ခြေတို့၏အရှင် အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ အိုယာကုပ်၏ ဘုရားသခင်၊ အကျွန်ုပ်ကို နားထောင်တော်မူပါ။-
8 Senhor Deus dos exércitos, escuta a minha oração; inclina os ouvidos, ó Deus de Jacó!
9 အကျွန်ုပ်တို့၏ ဒိုင်းလွှားဖြစ်တော်မူသော အိုဘုရားသခင်၊ ကိုယ်တော် ဘိသိက်ပေးထားတော်မူသည့် အရှင်၏ မျက်နှာတော်ကို ကြည်ဖြူစွာရှုတော်မူပါ။
9 Olha, ó Deus, escudo nosso, e contempla o rosto do teu ungido.
10 ကိုယ်တော်၏ ဗိမာန်တော်တွင် တစ်ရက်တာမျှနေရခြင်းသည် အခြားသောအရပ်တွင် ရက်ပေါင်းတစ်ထောင် နေရခြင်းထက် ပို၍မြတ်ပါ၏။ သူယုတ်မာတို့၏ အိမ်တွင်နေရခြင်းထက် အကျွန်ုပ်၏ ဘုရားသခင်အိမ်တော်၌ တံခါးစောင့် ဖြစ်ရခြင်းကို အကျွန်ုပ်ပို၍နှစ်သက်ပါ၏။-
10 Porque vale mais um dia nos teus átrios do que em outra parte mil. Preferiria estar à porta da casa do meu Deus, a habitar nas tendas da perversidade.
11 အကြောင်းမူကား ထာ၀ရအရှင် ဘုရားသခင်သည် နေမင်းဖြစ်တော်မူ၏။ ကိုယ်တော်သည် အကွယ်အကာဒိုင်းလွှားလည်း ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျေးဇူးတော်နှင့် ဂုဏ်သရေကို ပေးသနားတော်မူ၏။ ကိုယ်တော်သည် ဖြောင့်မှန်ရာကို ကျင့်ကြံသောသူတို့အား ကောင်းမြတ်သောအရာကိုပေးရန် နှောင့်နှေးတော်မမူပေ။-
11 Porquanto o Senhor Deus é sol e escudo; o Senhor dará graça e glória; não negará bem algum aos que andam na retidão.
12 အိုကောင်းကင်ဗိုလ်ခြေတို့၏ ထာ၀ရဘုရားသခင်၊ ကိုယ်တော့်ကို ကိုးစားသောသူသည် မင်္ဂလာရှိပါ၏။
12 Ó Senhor dos exércitos, bem-aventurado o homem que em ti põe a sua confiança.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 84, comparar traduções ou montar um estudo — tudo direto pelo WhatsApp.