Salmos 80

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 ဂျိုးဇက်၏အမျိုးအနွယ်ကို သိုးစုကဲ့သို့ ဦးဆောင်လမ်းပြခဲ့သောအရှင်၊ အိုအစ္စရာအဲလ်လူမျိုး၏ သိုးထိန်းတော်မြတ်၊ အကျွန်ုပ်တို့ကို နားညောင်းတော်မူပါ။ ခေရုဘိမ်တို့အလယ်ရှိ ပလ္လင်ထက်၌ စံပယ်တော်မူသောအရှင်၊-
1 Ao mestre de canto. Conforme: A lei é como os lírios. Salmo de Asaf. Escutai, ó pastor de Israel, vós que levais José como um rebanho.
2 ကိုယ်တော်၏ အလင်းတော်ကို ဧဖရိမ်၊ ဘင်ဂျာမင်နှင့် မာနားဆေတို့၏ရှေ့တွင် ထွန်းတောက်စေတော်မူပါ။ ကိုယ်တော်၏ ခွန်အားတန်ခိုးကို လှုံ့ဆော်၍ အကျွန်ုပ်တို့ကို လာရောက်ကယ်တင်တော်မူပါ။
2 Vós que assentais acima dos querubins, mostrai vosso esplendor em presença de Efraim, Benjamim e Manassés. Despertai vosso poder, e vinde salvar-nos.
3 အိုဘုရားသခင်၊ အကျွန်ုပ်တို့အား ပြန်လည်၍ ထူထောင်ပေးတော်မူပါ။ အကျွန်ုပ်တို့သည် ကယ်တင်ခြင်း ခံရအံ့သောငှာ ကိုယ်တော်၏မျက်နှာတော်ကို အကျွန်ုပ်တို့အပေါ် ထွန်းတောက်စေတော်မူပါ။
3 Restaurai-nos, ó Senhor; mostrai-nos serena a vossa face e seremos salvos.
4 ကောင်းကင်ဗိုလ်ခြေတို့၏အရှင် အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် လူမျိုးတော်၏ ဆုတောင်းသံကို မနာယူဘဲ မည်မျှကြာအောင် အမျက်ထွက်တော်မူမည်နည်း။-
4 Ó Deus dos exércitos, até quando vos irritareis contra o vosso povo em oração?
5 ကိုယ်တော်သည် သူတို့အား မျက်ရည်ကို စားစရာအဖြစ် ကျွေးတော်မူခဲ့၏။ ကိုယ်တော်သည် မျက်ရည်ကို သောက်စရာအဖြစ် သူတို့အား အပြည့်အဝပေးတော်မူခဲ့ပြီ။-
5 Vós o nutristes com o pão das lágrimas, e o fizestes sorver um copioso pranto.
6 ကိုယ်တော်သည် အကျွန်ုပ်တို့အား အိမ်နီးချင်းတို့၏ အငြင်းပွားရာအကြောင်းရင်းဖြစ်စေပြီး ရန်သူတို့သည်လည်း အကျွန်ုပ်တို့ကို လှောင်ပြောင်ကြပါ၏။
6 Vós nos tornastes uma presa disputada dos vizinhos: os inimigos zombam de nós.
7 ကောင်းကင်ဗိုလ်ခြေတို့၏ဘုရားသခင်၊ အကျွန်ုပ်တို့အား ပြန်လည်ထူထောင်ပေးတော်မူပါ။ အကျွန်ုပ်တို့သည် ကယ်တင်ခြင်း ခံရအံ့သောငှာ ကိုယ်တော်၏မျက်နှာတော်ကို အကျွန်ုပ်တို့အပေါ်၌ ထွန်းတောက်စေတော်မူပါ။
7 Restaurai-nos, ó Deus dos exércitos; mostrai-nos serena a vossa face e seremos salvos.
8 ကိုယ်တော်သည် စပျစ်နွယ်တစ်ပင်ကို အီဂျစ်ပြည်မှ ဆောင်ယူခဲ့၍ တိုင်းတစ်ပါးသားတို့အား နှင်ထုတ်ပြီးလျှင် ထိုစပျစ်နွယ်ကို စိုက်ပျိုးတော်မူခဲ့၏။-
8 Uma vinha do Egito vós arrancastes; expulsastes povos para a replantar.
9 ကိုယ်တော်သည် ထိုစပျစ်နွယ်အတွက် မြေနေရာကို ရှင်းလင်းပေးခဲ့၏။ စပျစ်နွယ်သည်လည်း အမြစ်တွယ်၍ မြေတစ်ပြင်လုံး ကို ပြည့်စေခဲ့၏။-
9 O solo vós lhes preparastes; ela lançou raízes nele e se espalhou na terra.
10 တောင်တန်းများသည် စပျစ်နွယ်၏အရိပ်ဖြင့် ဖုံးလွှမ်းလျက်ရှိလေ၏။ စပျစ်နွယ်၏ အခက်အလက်တို့သည် ကြီးမားသော ထင်းရှူးပင်များကို ဖုံးလွှမ်းခဲ့ကြ၏။-
10 As montanhas se cobriram com sua sombra, seus ramos ensombraram os cedros de Deus.
11 စပျစ်နွယ်၏အကိုင်းအခက်တို့သည် ပင်လယ်သို့တိုင်အောင်လည်းကောင်း၊ ယင်း၏အညွန့်တို့သည် မြစ်ကြီးသို့တိုင်အောင် လည်းကောင်း ဖြာထွက်ကြ၏။-
11 Até o mar ela estendeu sua ramagem, e até o rio os seus rebentos.
12 ယခုမှာမူ ဖြတ်သန်းသွားလာသူအားလုံးတို့သည် စပျစ်သီးများကို ခူးယူနိုင်ကြစေရန် ကိုယ်တော်သည် အဘယ်ကြောင့် ၎င်း၏နံရံတံတိုင်းတို့ကို ဖြိုဖျက်တော်မူပါသနည်း။-
12 Por que derrubastes os seus muros, de sorte que os passantes a vindimem,
13 တောဝက်တို့သည် စပျစ်နွယ်ကိုဖျက်ဆီးကြ၍ လယ်ကွင်းပြင်ရှိ သတ္တဝါတို့သည်လည်း ယင်းကို မှီဝဲစားသောက်ကြ၏။
13 e a devaste o javali do mato, e sirva de pasto aos animais do campo?
14 ကောင်းကင်ဗိုလ်ခြေတို့၏ ဘုရားသခင်၊ အကျွန်ုပ်တို့ထံသို့ ပြန်လည်ကြွလာတော်မူပါ။ အထက်ကောင်းကင်ဘုံမှ အောက်သို့ငုံ့ကြည့်၍ ရှုမြင်တော်မူပါ။ ဤစပျစ်နွယ်ကို စောင့်ရှောက်ထိန်းသိမ်းတော်မူပါ။-
14 Voltai, ó Deus dos exércitos; olhai do alto céu, vede e vinde visitar a vinha.
15 ညာလက်ရုံးတော်ဖြင့် စိုက်ပျိုးထားသောပျိုးပင်နှင့် မိမိကိုယ်တော်တိုင်အတွက် ကိုယ်တော်ပျိုးထောင်ထားသော အပင်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူပါ။-
15 Protegei este cepo por vós plantado, este rebento que vossa mão cuidou.
16 သူတို့သည် ကိုယ်တော်၏ စပျစ်နွယ်ကိုခုတ်လှဲပြီး မီးရှို့ဖျက်ဆီးခဲ့ကြပါပြီ။ ကိုယ်တော်၏ ဆုံးမခြင်းကြောင့် ကိုယ်တော်၏လူမျိုးတော်သည် ပျက်စီးကြရပါ၏။-
16 Aqueles que a queimaram e cortaram pereçam em vossa presença ameaçadora.
17 ကိုယ်တော်၏လက်ယာဘက်၌ ရှိသောလူဖြစ်သည့် ကိုယ်တော်တိုင်ပျိုးထောင်ခဲ့သော လူသားအပေါ်တွင် ကိုယ်တော်၏ လက်တော်ကို တင်တော်မူပါ။-
17 Estendei a mão sobre o homem que escolhestes, sobre o homem que haveis fortificado.
18 ထိုအခါ အကျွန်ုပ်တို့သည် ကိုယ်တော်၏ထံပါးမှ ကျောခိုင်းသွားကြလိမ့်မည်မဟုတ်ပါ။ အကျွန်ုပ်တို့အား အသက်ကို ပေးသနားတော်မူပါ။ အကျွန်ုပ်တို့သည်လည်း ကိုယ်တော်၏နာမတော်ကို ခေါ်တပါမည်။
18 E não mais de vós nos apartaremos; conservai-nos a vida e então vos louvaremos.
19 ကောင်းကင်ဗိုလ်ခြေတို့၏အရှင် အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်တို့အား ပြန်လည်ထူထောင်ပေးတော်မူပါ။ အကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရအံ့သောငှာ ကိုယ်တော်၏မျက်နှာတော်ကို အကျွန်ုပ်တို့အပေါ် ထွန်းတောက်စေတော်မူပါ။
19 Restaurai-nos, Senhor, ó Deus dos exércitos; mostrai-nos serena a vossa face e seremos salvos.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 80, comparar traduções ou montar um estudo — tudo direto pelo WhatsApp.