Salmos 79
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI
1 အိုဘုရားသခင်၊ တိုင်းတစ်ပါးသားတို့သည် ကိုယ်တော်၏အမွေတော်ရှိရာသို့ ဝင်ရောက်ကြပြီး သန့်ရှင်းရာဌာနကို ညစ်ညူးစေကြပါပြီ။ သူတို့သည် ဂျေရုဆလင်မြို့တော်ကိုလည်း အုတ်ကျိုးအုတ်ပဲ့များအဖြစ်သို့ ရောက်သည်အထိ ဖျက်ဆီးခဲ့ကြပါပြီ။-
1 Ó Deus, as nações invadiram a tua herança, profanaram o teu santo templo, reduziram Jerusalém a ruínas.
2 သူတို့သည် ကိုယ်တော့်အစေခံတို့၏ အသက်မဲ့သောကိုယ်ခန္ဓာများကို လေထဲရှိငှက်များအတွက် အစာအဖြစ်လည်းကောင်း၊ ကိုယ်တော်၏သန့်ရှင်းသော သူတို့၏အသားကို ကမ္ဘာပေါ်ရှိ သားရဲတိရစ္ဆာန်တို့အားလည်းကောင်း ပေးခဲ့ကြလေပြီ။-
2 Deram os cadáveres dos teus servos às aves do céu por alimento, a carne dos teus fiéis, aos animais selvagens.
3 သူတို့သည် ဂျေရုဆလင်မြို့ပတ်ဝန်းကျင်တွင် သွေးချောင်းစီးစေခဲ့ပြီး သေသူတို့ကို မြှုပ်နှံမည့်သူလည်း တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပါ။-
3 Derramaram o sangue deles como água ao redor de Jerusalém, e não há ninguém para sepultá-los.
4 အကျွန်ုပ်တို့သည်လည်း မိမိတို့အိမ်နီးချင်းများ၏ ကဲ့ရဲ့ရှုတ်ချဖွယ်ရာနှင့် ပတ်ဝန်းကျင်၌ရှိသော သူတို့၏ လှောင်ပြောင် ပြက်ရယ်ပြုဖွယ်ရာများ ဖြစ်ခဲ့ကြပါပြီ။
4 Somos motivos de zombaria para os nossos vizinhos, de riso e menosprezo para os que vivem ao nosso redor.
5 အိုထာ၀ရဘုရားသခင်၊ မည်မျှကြာပါဦးမည်နည်း။ ကိုယ်တော်သည် အစဉ်ထာ၀ရ အမျက်ထွက်၍နေပါမည်လော။ ကိုယ်တော်၏ အမျက်တော်သည် မည်မျှကြာအောင် မီးကဲ့သို့လောင်ကျွမ်းနေမည်နည်း။-
5 Até quando, Senhor? Ficarás irado para sempre? Arderá o teu ciúme como o fogo?
6 ကိုယ်တော့်ကို အသိအမှတ်မပြုကြသော လူမျိုးတို့အပေါ်သို့လည်းကောင်း၊ ကိုယ်တော်၏နာမတော်ကို ခေါ်တခြင်း မပြုကြသော တိုင်းနိုင်ငံတို့အပေါ်သို့လည်းကောင်း အမျက်တော်ကို သွန်ချတော်မူပါ။-
6 Derrama a tua ira sobre as nações que não te reconhecem, sobre os reinos que não invocam o teu nome,
7 အကြောင်းမူကား သူတို့သည် ယာကုပ်၏အမျိုးအနွယ်ကိုဝါးမျို၍ သူ၏ဇာတိမွေးရပ်မြေကို ဖျက်ဆီးခဲ့ကြပါပြီ။
7 pois devoraram Jacó, deixando em ruínas a sua terra.
8 အကျွန်ုပ်တို့၏ ဘိုးဘေးတို့ ကျူးလွန်ခဲ့ကြသော အပြစ်အမှားများကို အကျွန်ုပ်တို့၌ မှတ်တော်မမူပါနှင့်။ ကိုယ်တော်၏ ကရုဏာတော်သည် အကျွန်ုပ်တို့ထံသို့ အလျင်အမြန်ကြွလာတော်မူပါစေ။ အကြောင်းမူကား အကျွန်ုပ်တို့သည် မျှော်လင့်ခြင်း ကင်းမဲ့နေပါ၏။-
8 Não cobres de nós as maldades dos nossos antepassados; venha depressa ao nosso encontro a tua misericórdia, pois estamos totalmente desanimados!
9 အို ဘုရားသခင်၊ အကျွန်ုပ်တို့၏ကယ်တင်ရှင်၊ နာမတော်၏ ဂုဏ်တော်ကိုထောက်၍ အကျွန်ုပ်တို့ကို ကူညီတော်မူပါ။ ကိုယ်တော်၏ နာမတော်ကိုထောက်၍ အကျွန်ုပ်တို့ကို ကယ်ဆယ်ပြီး အကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်တော်မူပါ။-
9 Ajuda-nos, ó Deus, nosso Salvador, para a glória do teu nome; livra-nos e perdoa os nossos pecados, por amor do teu nome.
10 သူတို့၏ ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု တိုင်းတစ်ပါးသားတို့က အဘယ်ကြောင့်ဆိုကြရမည်နည်း။ ကိုယ်တော်၏ အစေခံများသွန်းလောင်းခဲ့ရသည့်သွေးအတွက် ကိုယ်တော်သည် လက်စားချေကြောင်းကို အကျွန်ုပ်တို့၏ ရှေ့မှောက်တွင် တိုင်းတစ်ပါးသားတို့အား သိစေတော်မူပါ။
10 Por que as nações haverão de dizer: "Onde está o Deus deles? " Diante dos nossos olhos, mostra às nações a tua vingança pelo sangue dos teus servos.
11 အကျဉ်းခံနေရသူတို့၏ ညည်းတွားသံများသည် ကိုယ်တော်၏ ရှေ့တော်မှောက်သို့ရောက်ပါစေ။ လက်ရုံးတော်၏ ခွန်အားတန်ခိုးတော်အားဖြင့် သေဒဏ်စီရင်ခြင်းခံရသောသူတို့ကို ကယ်တင်တော်မူပါ။-
11 Cheguem à tua presença os gemidos dos prisioneiros. Pela força do teu braço preserva os condenados à morte.
12 အိုဘုရားသခင်၊ အိမ်နီးချင်းတို့သည် ကိုယ်တော်အား ထိခိုက်ပြစ်မှားသည့် ကဲ့ရဲ့ရှုတ်ချခြင်းမျိုးကို သူတို့၌ ခုနစ်ဆပို၍ကျ ရောက်စေတော်မူပါ။-
12 Retribui sete vezes mais aos nossos vizinhos as afrontas com que te insultaram, Senhor!
13 ထိုအခါ ကိုယ်တော်၏ လူမျိုးတော်နှင့် ကိုယ်တော်၏စားကျက်မှ သိုးများဖြစ်သည့် အကျွန်ုပ်တို့သည် ကိုယ်တော့်ကို ကာလအဆက်ဆက် ချီးမွမ်းကြပါလိမ့်မည်။ အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းဂုဏ်တော်ကို လူမျိုးအဆက်ဆက်တို့အား ပြောကြားပါမည်။
13 Então nós, o teu povo, as ovelhas das tuas pastagens, para sempre te louvaremos; de geração em geração cantaremos os teus louvores.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 79, comparar traduções ou montar um estudo — tudo direto pelo WhatsApp.