Salmos 78

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI

Sair da comparação
NVI Nova Versão Internacional
1 အိုငါ၏လူမျိုး၊ ငါ၏သွန်သင်ချက်ကို နားထောင်ကြလော့။ ငါ၏နှုတ်မှမြွက်ဆိုသော စကားတို့ကို အာရုံစိုက်ကြလော့။-
1 Povo meu, escute o meu ensino; incline os ouvidos para o que eu tenho a dizer.
2 ငါသည် ငါ၏နှုတ်ကိုဖွင့်၍ ပုံဥပမာစကားဖြင့် မြွက်ဆိုမည်။ ရှေးကာလမှ နက်နဲသောစကားများကို ငါဖွင့်ဟပြောဆိုမည်။-
2 Em parábolas abrirei a minha boca, proferirei enigmas do passado;
3 ထိုအရာတို့သည် ငါတို့၏ ဘိုးဘေးများက ငါတို့အား ပြောပြခဲ့ကြ၍ ငါတို့ကြားသိခဲ့ရသော အကြောင်းအရာများဖြစ်ကြ၏။-
3 o que ouvimos e aprendemos, o que nossos pais nos contaram.
4 ငါတို့သည် ထိုအရာများကို သူတို့၏သားမြေးတို့မသိစေခြင်းငှာ ထိမ်ဝှက်ထားမည်မဟုတ်။ ငါတို့သည် ထာ၀ရဘုရားသခင်၏ ဘုန်းဂုဏ်တော်၊ ကိုယ်တော်၏တန်ခိုးတော်နှင့် ကိုယ်တော်လုပ်ဆောင်တော်မူခဲ့သောအံ့ဖွယ်ရာတို့ကို နောင်လာလတ္တံ့သော လူမျိုးအစဉ်အဆက်တို့အား ပြောကြားမည်။
4 Não os esconderemos dos nossos filhos; contaremos à próxima geração os louváveis feitos do Senhor, o seu poder e as maravilhas que fez.
5 ကိုယ်တော်သည် ယာကုပ်၌ ပညတ်တော်ကို စီရင်၍ အစ္စရာအဲလ်လူမျိုး၌ ဥပဒေကိုပြဋ္ဌာန်းပေးခဲ့ခြင်းဖြင့် ငါတို့ဘိုးဘေးတို့အား ၎င်းတို့၏သားသမီးများကို သင်ကြားပေးရန် ပညတ်ထားတော်မူခဲ့၏။-
5 Ele decretou estatutos para Jacó, e em Israel estabeleceu a lei, e ordenou aos nossos antepassados que a ensinassem aos seus filhos,
6 ဤသို့ဖြင့် နောက်လူမျိုးဆက်သည် ဤပညတ်ဥပဒေတို့ကို သိရှိနားလည်ကြပြီးလျှင် မမွေးဖွားသေးသော ကလေးသူငယ် များပင် နောင်တစ်ချိန်၌ သူတို့၏သားသမီးများကို ပြောပြနိုင်ကြပေလိမ့်မည်။-
6 de modo que a geração seguinte a conhecesse, e também os filhos que ainda nasceriam, e eles, por sua vez, contassem aos seus próprios filhos.
7 သို့မှသာလျှင် သူတို့သည် ဘုရားသခင်ကို ယုံကြည်အားကိုးကြလျက် ကိုယ်တော်၏ အမှုတော်တို့ကို မမေ့လျော့ကြဘဲ ကိုယ်တော်၏ ပညတ်တော်တို့ကို စောင့်ထိန်းကြပေလိမ့်မည်။-
7 Então eles porão a confiança em Deus; não esquecerão os seus feitos e obedecerão aos seus mandamentos.
8 ဤသို့ဖြင့် သားမြေးတို့သည် သူတို့၏ဘိုးဘေးများကဲ့သို့ ဖြစ်ကြတော့မည် မဟုတ်ပေ။ သူတို့၏ဘိုးဘေးတို့မူကား ခေါင်းမာ၍ ဆန့်ကျင်ပုန်ကန်တတ်ကြသော လူမျိုးဆက်ဖြစ်၏။ ထိုလူမျိုးဆက်၏စိတ်နှလုံးသည် တည်ကြည်ခိုင်မာခြင်းမရှိကြ။ သူတို့၏ စိတ်ဝိညာဉ်သည်လည်း ဘုရားသခင်အပေါ်၌ သစ္စာမရှိကြချေ။
8 Eles não serão como os seus antepassados, obstinados e rebeldes, povo de coração desleal para com Deus, gente de espírito infiel.
9 ဧဖရိမ်အမျိုးသားတို့သည် စစ်တိုက်သောနေ့တွင် လေး၊ မြားလက်နက်ကိုစွဲကိုင်လျက် နောက်ဆုတ်လာခဲ့ကြ၏။-
9 Os homens de Efraim, flecheiros armados, viraram as costas no dia da batalha;
10 သူတို့သည် ဘုရားသခင်၏ ပဋိညာဉ်တော်ကို မစောင့်ထိန်းကြသည့်အပြင် ကိုယ်တော်၏ ပညတ်ဥပဒေတို့ကိုလည်း လိုက်နာကျင့်ကြံရန် ငြင်းဆန်ခဲ့ကြ၏။-
10 não guardaram a aliança de Deus e se recusaram a viver de acordo com a sua lei.
11 သူတို့သည် ကိုယ်တော်လုပ်ဆောင်တော်မူခဲ့သည့် အမှုတော်များနှင့် ပြတော်မူခဲ့သော တန်ခိုးအံ့ဖွယ်တို့ကို မေ့လျော့ခဲ့ကြ၏။-
11 Esqueceram o que ele tinha feito, as maravilhas que lhes havia mostrado.
12 အီဂျစ်ပြည် ဇိုအန်လယ်ကွင်းပြင်များ၌ သူတို့၏ဘိုးဘေးများရှေ့မှောက်တွင် ကိုယ်တော်သည် အံ့ဖွယ်သောအမှုတို့ကို လုပ်ဆောင်တော်မူခဲ့၏။-
12 Ele fez milagres diante dos seus antepassados, na terra do Egito, na região de Zoã.
13 ကိုယ်တော်သည် ပင်လယ်ရေကို နှစ်ခြမ်းခွဲ၍ ရေတို့ကိုစုပုံထားပြီးလျှင် သူတို့အား ဖြတ်ကူးစေတော်မူခဲ့၏။-
13 Dividiu o mar para que pudessem passar; fez a água erguer-se como um muro.
14 ကိုယ်တော်သည် နေ့အချိန်၌ မိုးတိမ်တိုက်အားဖြင့်လည်းကောင်း၊ ညအချိန်တစ်လျှောက်လုံး၌လည်း မီးတောက်အလင်း ရောင်အားဖြင့်လည်းကောင်း သူတို့ကိုလမ်းပြခေါ်ဆောင်တော်မူ၏။-
14 Ele os guiou com a nuvem de dia e com a luz do fogo de noite.
15 ကိုယ်တော်သည် တောကန္တာရ၌ ကျောက်ဆောင်များကို ထက်ခြမ်းခွဲပြီး စမ်းရေကဲ့သို့ ထွက်လာသောရေတို့ကို သူတို့အား ပေါများစွာ ပေးသနားတော်မူ၏။-
15 Fendeu as rochas no deserto e deu-lhes tanta água como a que flui das profundezas;
16 ကိုယ်တော်သည် ကျောက်ဆောင်တို့မှ စမ်းရေကိုထွက်စေလျက် မြစ်များကဲ့သို့ စီးဆင်းစေတော်မူ၏။
16 da pedra fez sair regatos e fluir água como um rio.
17 သို့ရာတွင် သူတို့သည် ဆက်လက်အပြစ်ကျူးလွန်ကြ၍ ကိုယ်တော်အား ဆန့်ကျင်ခြင်းဖြင့် အမြင့်ဆုံးသော အရှင်အား သဲကန္တာရတွင် အမျက်ထွက်စေခဲ့ကြ၏။-
17 Mas contra ele continuaram a pecar, revoltando-se no deserto contra o Altíssimo.
18 သူတို့သည် မိမိတို့တောင့်တသောအစာကို တောင်းခံခြင်းဖြင့် မိမိတို့၏စိတ်နှလုံးအတွင်း၌ ဘုရားသခင်အား စုံစမ်းခဲ့ကြ၏။-
18 Deliberadamente puseram Deus à prova, exigindo o que desejavam comer.
19 သူတို့သည် ဘုရားသခင်ကို ထိခိုက်ပြောဆိုခဲ့ကြသည်ကား ဘုရားသခင်သည် တောကန္တာရတွင် စားပွဲကို ခင်းနိုင်ပါမည်လော၊-
19 Duvidaram de Deus, dizendo: "Poderá Deus preparar uma mesa no deserto?
20 ကိုယ်တော်သည် ကျောက်ဆောင်ကို ရိုက်သည့်အခါ ရေတို့သည် အရှိန်အဟုန်ဖြင့် တသွင်သွင် စီးဆင်းခဲ့ပါသော်လည်း ကိုယ်တော်သည် မုန့်ကိုပေးနိုင်ပါမည်လော၊ ကိုယ်တော်၏ လူမျိုးတော်အတွက် စားစရာအသားကို ဖြည့်ဆည်းပေးနိုင်ပါမည် လောဟူ၍ဖြစ်၏။
20 Sabemos que quando ele feriu a rocha a água brotou e jorrou em torrentes. Mas conseguirá também dar-nos de comer? Poderá suprir de carne o seu povo? "
21 သို့ဖြစ်၍ ထာ၀ရဘုရားသခင်သည် ထိုစကားကို ကြားတော်မူသောအခါ ယာကုပ်အမျိုးအနွယ်အား မီးဘေးသင့်စေ၍ အစ္စရာအဲလ်လူမျိုးအပေါ် လွန်စွာအမျက်ထွက်တော်မူ၏။-
21 O Senhor os ouviu e enfureceu-se; atacou Jacó com fogo, e sua ira levantou-se contra Israel,
22 အကြောင်းမူကား သူတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းမရှိသည့်အပြင် ကယ်တင်ခြင်းပေးသော ကိုယ်တော်၏ ဘုန်းတန်ခိုးတော်ကိုလည်း ယုံကြည်အားထားခြင်း မရှိကြသောကြောင့်တည်း။-
22 pois eles não creram em Deus nem confiaram no seu poder salvador.
23 သို့ပင်သော်လည်း ကိုယ်တော်သည် အထက်ကောင်းကင်ကို အမိန့်ပေး၍ မိုးကောင်းကင်၏ တံခါးများကို ဖွင့်တော်မူခဲ့၏။-
23 Contudo, ele deu ordens às nuvens e abriu as portas dos céus;
24 ကိုယ်တော်သည် သူတို့စားသုံးရန် မန္နာမုန့်ကိုရွာချစေခဲ့ပြီး ကောင်းကင်မှ ကောက်ပဲသီးနှံကို သူတို့အား ပေးတော်မူခဲ့၏။-
24 fez chover maná para que o povo comesse, deu-lhe o pão dos céus.
25 သေမျိုးဖြစ်သောလူတို့သည် ကောင်းကင်တမန် တော်များ၏အစားအစာကို စားသုံးခဲ့ကြရပြီး ကိုယ်တော်သည် သူတို့အား အစားအစာကို ကြွယ်၀စွာ ပေးသနားတော်မူခဲ့၏။-
25 Os homens comeram o pão dos anjos; enviou-lhes comida à vontade.
26 ကိုယ်တော်သည် ကောင်းကင်တွင် အရှေ့လေကို တိုက်စေပြီး မိမိ၏တန်ခိုးတော်အားဖြင့် တောင်လေကိုဆောင် တော်မူခဲ့၏။-
26 Enviou dos céus o vento oriental e pelo seu poder fez avançar o vento sul.
27 ကိုယ်တော်သည် မြေမှုန့်ကဲ့သို့များပြားသော အသားကိုလည်းကောင်း၊ သမုဒ္ဒရာသဲလုံးတမျှ များပြားသည့် ပျံတတ်သော ငှက်တို့ကိုလည်းကောင်း သူတို့အပေါ် ရွာကျစေတော်မူ၏။-
27 Fez chover carne sobre eles como pó, bandos de aves como a areia da praia.
28 ကိုယ်တော်သည် ထိုအရာများကို သူတို့၏တပ်စခန်းအတွင်း၌လည်းကောင်း၊ သူတို့နေထိုင်ရာ အနီးပတ်ဝန်းကျင်တစ်ဝိုက် တွင်လည်းကောင်း ကျစေတော်မူခဲ့၏။-
28 Levou-as a cair dentro do acampamento, ao redor das suas tendas.
29 ကိုယ်တော်သည် သူတို့တောင့်တသောအစာကို ပေးသနားတော်မူခဲ့သောကြောင့် သူတို့သည် စားသောက်ကြပြီး ၀လင်ခဲ့ ကြ၏။-
29 Comeram à vontade, e assim ele satisfez o desejo deles.
30 သို့ရာတွင် သူတို့၏အစာသည် သူတို့၏ပါးစပ်တွင်း၌ရှိစဉ် သူတို့၏တောင့်တမှုကို မရောင့်ရဲစေနိုင်မီ၊-
30 Mas, antes de saciarem o apetite, quando ainda tinham a comida na boca,
31 ဘုရားသခင်၏ အမျက်တော်သည် သူတို့အပေါ်သို့သက်ရောက်ပြီး သူတို့တွင် အသန်မာဆုံးသောသူတို့ကို သတ်ဖြတ်၍ အစ္စရာအဲလ်လူမျိုး၏ လက်ရွေးစင်တို့ကို ကျဆုံးစေတော်မူ၏။
31 acendeu-se contra eles a ira de Deus; e ele feriu de morte os mais fortes dentre eles, matando os jovens de Israel.
32 ဤအရာများ ဖြစ်ပျက်ခဲ့သော်လည်း သူတို့သည် ဆက်လက်၍ အပြစ်ကျူးလွန်ခဲ့ကြပြီး ကိုယ်တော်၏ အံ့ဖွယ်လက္ခဏာ များကို မယုံကြည်ခဲ့ကြပေ။-
32 A despeito disso tudo, continuaram pecando; não creram nos seus prodígios.
33 ထို့ကြောင့် ကိုယ်တော်သည် သူတို့၏နေ့ရက်များကို ထွက်သက်ပမာ ပျောက်ကွယ်သွားစေပြီး သူတို့၏နှစ်များကိုလည်း ကြောက်ရွံ့ထိတ်လန့်ခြင်း၌ ကုန်လွန်စေခဲ့၏။-
33 Por isso ele encerrou os dias deles como um sopro e os anos deles em repentino pavor.
34 ကိုယ်တော်သည် သူတို့ကို ကွပ်မျက်တော်မူသောအခါ သူတို့သည် ကိုယ်တော့်ကိုရှာကြ၏။ သူတို့သည် နောင်တရ ကြပြီးနောက် ကိုယ်တော့်ကို စိတ်အားထက်သန်စွာ ရှာဖွေကြ၏။-
34 Sempre que Deus os castigava com a morte, eles o buscavam; com fervor se voltavam de novo para ele.
35 ဘုရားသခင်သည် သူတို့၏ခိုလှုံရာကျောက်ဆောင်၊ သူတို့၏ကယ်တင်ရှင်၊ အမြင့်ဆုံးသောဘုရား ဖြစ်တော်မူကြောင်းကို သူတို့သတိရကြ၏။-
35 Lembravam-se de que Deus era a sua Rocha, de que o Deus Altíssimo era o seu Redentor.
36 သို့သော် သူတို့သည် နှုတ်အားဖြင့် ကိုယ်တော့်ကို မြှောက်ပင့်ပြောဆိုကြပြီးလျှင် လျှာအားဖြင့် ကိုယ်တော့်ကိုလိမ်လည် ကြ၏။-
36 Com a boca o adulavam, com a língua o enganavam;
37 သူတို့၏စိတ်နှလုံးသည် ကိုယ်တော်၏ရှေ့တော်၌ တည်ကြည်ခိုင်မာမှုမရှိပေ။ သူတို့သည် ကိုယ်တော်နှင့် ပြုလုပ်ထားသော ပဋိညာဉ်တော်အပေါ်တွင် သစ္စာမရှိကြပေ။-
37 o coração deles não era sincero; não foram fiéis à sua aliança.
38 ကိုယ်တော်မူကား ကရုဏာမေတ္တာစိတ်နှင့် ပြည့်၀သောအရှင်ဖြစ်၍ သူတို့၏မိုက်မှားမှုများကို ခွင့်လွှတ်ပြီး သူတို့ကို ဖျက်ဆီးတော်မမူခဲ့ပေ။ ကိုယ်တော်သည် မိမိ၏ဒေါသကို မကြာခဏချုပ်တည်း၍ အမျက်တော်လည်း ထွက်တော်မမူခဲ့ချေ။-
38 Contudo, ele foi misericordioso; perdoou-lhes as maldades e não os destruiu. Vez após vez conteve a sua ira, sem despertá-la totalmente.
39 သူတို့သည် သွေးသားမျှသာဖြစ်ကြောင်းနှင့် ဖြတ်သန်းတိုက်ခတ်သွားပြီး နောက်တစ်ဖန် ပြန်မလာသော လေကဲ့သို့သာ ဖြစ်ကြောင်း ကိုယ်တော် သတိရတော်မူ၏။
39 Lembrou-se de que eram meros mortais, brisa passageira que não retorna.
40 သူတို့သည် တောကန္တာရ၌ ကိုယ်တော့်ကို ပုန်ကန်ခဲ့ကြပြီး သဲကန္တာရ၌ ကိုယ်တော့်ကို ထိခိုက်ကြေကွဲစေခဲ့သည်မှာ အကြိမ်ပေါင်းမည်မျှရှိခဲ့ပါသနည်း။-
40 Quantas vezes mostraram-se rebeldes contra ele no deserto e o entristeceram na terra solitária!
41 သူတို့သည် ကိုယ်တော့်ကို ကြိမ်ဖန်များစွာစုံစမ်းကြပြီး အစ္စရာအဲလ်လူမျိုး၏ သန့်ရှင်းသောသခင်ကို အမျက်တော်ထွက်စေ ခဲ့ကြ၏။-
41 Repetidas vezes puseram Deus à prova; irritaram o Santo de Israel.
42 သူတို့သည် မိမိတို့စိတ်၏အတွင်း၌ ကိုယ်တော်၏ တန်ခိုးတော်ကိုလည်းကောင်း၊ သူတို့အား ရန်သူတို့၏လက်မှ ကယ်တင်တော်မူခဲ့သော နေ့ရက်ကိုလည်းကောင်း၊-
42 Não se lembravam da sua mão poderosa, do dia em que os redimiu do opressor,
43 အီဂျစ်ပြည်၌ နိမိတ်လက္ခဏာများနှင့် ဇိုအန်လယ်ကွင်းများ၌ အံ့ဖွယ်အမှုတို့ကို လုပ်ဆောင်ခဲ့သည့် အချိန်ကိုလည်းကောင်း မှတ်သားမထားကြပေ။-
43 do dia em que mostrou os seus prodígios no Egito, as suas maravilhas na região de Zoã,
44 ကိုယ်တော်သည် ထိုသူတို့၏မြစ်များကို သွေးများအဖြစ် ပြောင်းလဲစေခဲ့ခြင်းဖြင့် သူတို့သည် မိမိတို့၏မြစ်ချောင်းများမှ ရေကိုမသောက်နိုင်ခဲ့ကြပေ။-
44 quando transformou os rios e os riachos dos egípcios em sangue, e não mais conseguiam beber das suas águas,
45 ကိုယ်တော်သည် သူတို့အားဝါးမျိုရန် ယင်ရိုင်းအုပ်ကြီးများကိုလည်းကောင်း၊ သူတို့အား ဖျက်ဆီးရန် ဖားများကိုလည်းကောင်း သူတို့ထံသို့ စေလွှတ်တော်မူခဲ့၏။-
45 e enviou enxames de moscas que os devoraram, e rãs que os devastaram;
46 ကိုယ်တော်သည် သူတို့၏ကောက်ပဲသီးနှံများကို ခူကောင်တို့အားလည်းကောင်း၊ သူတို့၏လုပ်အားမှရရှိသော အသီးအနှံများကို ကျိုင်းကောင်တို့အားလည်းကောင်း ပေးတော်မူ၏။-
46 quando entregou as suas plantações às larvas, a produção da terra aos gafanhotos;
47 ကိုယ်တော်သည် သူတို့၏ စပျစ်နွယ်ပင်များကို မိုးသီးဖြင့်လည်းကောင်း၊ သူတို့၏သဖန်းပင်များကို ဆီးနှင်းဖြင့်လည်း ကောင်း ဖျက်ဆီးတော်မူခဲ့၏။-
47 e destruiu as suas vinhas com a saraiva e as suas figueiras bravas, com a geada;
48 ကိုယ်တော်သည် သူတို့၏ကျွဲနွားများကို မိုးသီးဖြင့်လည်းကောင်း၊ သူတို့၏သိုးဆိတ်များကို မိုးကြိုးပစ်ခြင်းဖြင့် လည်းကောင်း ဖျက်ဆီးတော်မူခဲ့၏။-
48 quando entregou o gado deles ao granizo, os seus rebanhos aos raios;
49 ကိုယ်တော်သည် သူတို့အပေါ် ပြင်းစွာအမျက်တော်ထွက်လျက် ဖျက်ဆီးတတ်သော ကောင်းကင်တမန်တော်တစ်စုကို စေလွှတ်ခြင်းဖြင့် မိမိ၏အမျက်ဒေါသ၊ မခံမရပ်နိုင်ဖြစ်မှုနှင့် မကျေနပ်မှုတို့ကို သူတို့အပေါ်သို့ သက်ရောက်စေတော်မူ၏။-
49 quando os atingiu com a sua ira ardente, com furor, indignação e hostilidade, com muitos anjos destruidores.
50 ကိုယ်တော်သည် မိမိ၏အမျက်တော်အတွက် လမ်းကိုပြင်ဆင်ပြီးလျှင် သူတို့ကို အသက်ချမ်းသာမပေးဘဲ ကပ်ရောဂါအားဖြင့် သေကြေပျက်စီးစေတော်မူခဲ့၏။-
50 Abriu caminho para a sua ira; não os poupou da morte, mas os entregou à peste.
51 ကိုယ်တော်သည် ဟမ်နေထိုင်ရာအရပ်တွင် သူတို့ခွန်အား၏ သီးဦးသီးဖျားများတည်းဟူသော အီဂျစ်ပြည်ရှိသားဦးရှိသမျှကို သတ်ဖြတ်တော်မူခဲ့၏။-
51 Matou todos os primogênitos do Egito, as primícias do vigor varonil das tendas de Cam.
52 သို့သော် ကိုယ်တော်သည် မိမိ၏လူမျိုးတော်ကို သိုးစုကဲ့သို့ခေါ်ဆောင်ခဲ့ပြီး သဲကန္တာရကိုဖြတ်ကျော်၍ သိုးများပမာ သူတို့ကို ဦးဆောင်လမ်းပြတော်မူခဲ့၏။-
52 Mas tirou o seu povo como ovelhas e o conduziu como a um rebanho pelo deserto.
53 ကိုယ်တော်သည် သူတို့ကို ဘေးကင်းလုံခြုံစွာ လမ်းပြခဲ့သောကြောင့် သူတို့သည် ကြောက်ရွံ့ခြင်းမရှိကြပေ။ ပင်လယ်ရေမူကား သူတို့၏ရန်သူများကို လွှမ်းမိုးလေ၏။-
53 Ele os guiou em segurança, e não tiveram medo; e os seus inimigos afundaram-se no mar.
54 ဤနည်းဖြင့် ကိုယ်တော်သည် သူတို့ကို မိမိ၏သန့်ရှင်းမြင့်မြတ်သော ပြည်၏နယ်စပ်သို့လည်းကောင်း၊ ညာလက်ရုံး တော်ဖြင့် သိမ်းယူထားသော တောင်ကုန်းနိုင်ငံသို့လည်းကောင်း ခေါ်ဆောင်ခဲ့လေ၏။-
54 Assim os trouxe à fronteira da sua terra santa, aos montes que a sua mão direita conquistou.
55 ကိုယ်တော်သည် သူတို့၏ရှေ့မှောက်တွင် အခြားအမျိုးသားတို့ကို နှင်ထုတ်ပြီး ထိုသူတို့၏နယ်ပယ်ကို သူတို့အား အမွေ အနှစ်အဖြစ် ခွဲဝေပေး၍ အစ္စရာအဲလ်လူမျိုးစုတို့အား မိမိ တို့၏နေအိမ်များတွင် အတည်တကျဖြစ်စေတော်မူ၏။
55 Expulsou nações que lá estavam, distribuiu-lhes as terras por herança e deu suas tendas às tribos de Israel para que nelas habitassem.
56 သို့ရာတွင် သူတို့သည် အမြင့်မြတ်ဆုံးသောဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်၍ စုံစမ်းကြ၏။ သူတို့သည် ကိုယ်တော်၏ ပညတ်တော်များကို လိုက်နာစောင့်ထိန်းခြင်း မပြုခဲ့ကြပေ။-
56 Mas eles puseram Deus à prova e foram rebeldes contra o Altíssimo; não obedeceram aos seus testemunhos.
57 သူတို့သည် မိမိတို့၏ဘိုးဘေးများကဲ့သို့ဖောက်ပြန်၍ သစ္စာမဲ့သောသူများဖြစ်ပြီး ချို့ယွင်းသောမြားကဲ့သို့ စိတ်မချရသူများ ဖြစ်ကြ၏။-
57 Foram desleais e infiéis, como os seus antepassados, confiáveis como um arco defeituoso.
58 အကြောင်းမူကား သူတို့သည် မိမိတို့အထွတ်အမြတ်ထားသည့်အရာများဖြင့် ကိုယ်တော့်ကို အမျက်ထွက်စေပြီး မိမိတို့၏ရုပ်တုဆင်းတုများဖြင့် ကိုယ်တော့်ကို သဝန်တိုစေကြ၏။-
58 Eles o irritaram com os altares idólatras; com os seus ídolos lhe provocaram ciúmes.
59 ဤအကြောင်းကို ဘုရားသခင်ကြားတော်မူသောအခါ ကိုယ်တော်သည် အမျက်ဒေါသဖြင့် ဖုံးလွှမ်းလျက်ရှိပြီး အစ္စရာအဲလ်လူမျိုးကို လုံးလုံးလျားလျား စွန့်ပယ်တော်မူခဲ့လေ၏။-
59 Sabendo-o Deus, enfureceu-se e rejeitou totalmente a Israel;
60 ကိုယ်တော်သည် သူတို့၏အလယ်၌ တည်ဆောက်ထားသည့် ရှိလောအရပ်ရှိ စံပယ်ရာတဲတော်ကို စွန့်ခွာတော်မူ၏။-
60 abandonou o tabernáculo de Siló, a tenda onde habitava entre os homens.
61 ကိုယ်တော်သည် မိမိ၏ဘုန်းတန်ခိုးတော်ကို သုံ့ပန်းဖြစ်စေပြီး မိမိ၏ဘုန်းအရှိန်အဝါကို ရန်သူတို့၏လက်သို့ ရောက်စေတော်မူ၏။-
61 Entregou o símbolo do seu poder ao cativeiro, e o seu esplendor, nas mãos do adversário.
62 ကိုယ်တော်သည် မိမိ၏လူမျိုးတော်ကို ဓားဖြင့်စီရင်စေတော်မူပြီးလျှင် မိမိ၏အမွေအနှစ်အပေါ် လွန်စွာဒေါသအမျက် ထွက်တော်မူခဲ့၏။-
62 Deixou que o seu povo fosse morto à espada, pois enfureceu-se com a sua herança.
63 သူတို့၏လူငယ်လူရွယ်တို့သည် မီးလောင်ကျွမ်းခြင်းခံရ၍ သူတို့၏အမျိုးသမီးငယ်တို့သည် လက်ထပ်မင်္ဂလာသီချင်းများကို ဆိုခွင့်မရခဲ့ကြပေ။-
63 O fogo consumiu os seus jovens, e as suas moças não tiveram canções de núpcias;
64 သူတို့၏ရဟန်းများသည် ဓားဖြင့်ကွပ်မျက်ခြင်းခံကြရပြီး သူတို့၏မုဆိုးမတို့သည်လည်း ငိုကြွေးခြင်းမပြုနိုင်ခဲ့ကြပေ။-
64 os sacerdotes foram mortos à espada! As viúvas já nem podiam chorar!
65 ထို့နောက် ထာ၀ရဘုရားသခင်သည် အိပ်ပျော်ရာမှ နိုးလာသကဲ့သို့လည်းကောင်း၊ စပျစ်ရည်အရှိန်ဖြင့် ကြုံးဝါးနေသော စစ်သည်ကဲ့သို့လည်းကောင်း နိုးထလာတော်မူ၏။-
65 Então o Senhor despertou como que de um sono, como um guerreiro exaltado pelo vinho.
66 ကိုယ်တော်သည် မိမိ၏ရန်သူတို့ကိုနှိမ်နင်းပြီးနောက် သူတို့ကို အစဉ်ထာ၀ရအရှက်ကွဲစေတော်မူ၏။
66 Fez retroceder a golpes os seus adversários e os entregou a permanente humilhação.
67 ကိုယ်တော်သည် ဂျိုးဇက်၏တဲတော်ကို ငြင်းပယ်တော်မူ၏။ ကိုယ်တော်သည် ဧဖရိမ်အမျိုးအနွယ်ကို ရွေးကောက်တော် မမူခဲ့ပေ။-
67 Também rejeitou as tendas de José, e não escolheu a tribo de Efraim;
68 သို့ရာတွင် ကိုယ်တော်သည် ဂျုဒအမျိုးအနွယ်နှင့် ကိုယ်တော်ချစ်တော်မူသော ဇီအွန်တောင်ကို ရွေးချယ်တော်မူ၏။-
68 ao contrário, escolheu a tribo de Judá e o monte Sião, o qual amou.
69 ကိုယ်တော်သည် မိမိ၏သန့်ရှင်းရာဌာနကို ကောင်းကင်အထွတ်အထိပ် ကဲ့သို့လည်းကောင်း၊ အစဉ်ထာ၀ရတည်တံ့စေရန် ဖန်ဆင်းထားသော ကမ္ဘာမြေကြီးကဲ့သို့လည်းကောင်း တည်ဆောက်တော်မူ၏။-
69 Construiu o seu santuário como as alturas; como a terra o firmou para sempre.
70 ကိုယ်တော်သည် မိမိ၏အစေခံဒါဝိဒ်ကိုရွေးကောက်၍ သူ့အားသိုးခြံများထဲမှ ခေါ်ဆောင်လာတော်မူ၏။-
70 Escolheu o seu servo Davi e o tirou do aprisco das ovelhas,
71 ကိုယ်တော်သည် သူ့အား သားငယ်ရှိသော သိုးမများကို ထိန်းကျောင်းရာမှ မိမိ၏အမျိုးအနွယ်ဖြစ်သည့် အစ္စရာအဲလ်တည်း ဟူသော ယာကုပ်အမျိုးအနွယ်၏ သိုးထိန်းဖြစ်စေရန် ခေါ်ဆောင်လာတော်မူခဲ့၏။-
71 do pastoreio de ovelhas para ser o pastor de Jacó, seu povo, de Israel, sua herança.
72 ဒါဝိဒ်မင်းကြီးသည် ဖြူစင်သောနှလုံးသားဖြင့် သူတို့ကိုထိန်းကျောင်းခဲ့ပြီး ကျွမ်းကျင်သောလက်များဖြင့် သူတို့ကို ဦးဆောင် လမ်းညွန်ခဲ့လေ၏။
72 E de coração íntegro Davi os pastoreou, com mãos experientes os conduziu.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 78, comparar traduções ou montar um estudo — tudo direto pelo WhatsApp.