Salmos 77

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ငါသည် ဘုရားသခင်ထံတော်သို့ ကျယ်လောင်စွာ အော်ဟစ်ပါ၏။ ကိုယ်တော်သည် ငါ၏အသံကို ကြားတော်မူစေခြင်းငှာ ငါသည် ကျယ်လောင်စွာ အော်ဟစ်ပါ၏။-
1 Clamo a Deus por socorro; clamo a Deus que me escute.
2 ငါဘေးဒုက္ခရောက်သောနေ့၌ ငါသည် ကိုယ်တော့်ကိုရှာပါ၏။ ညအချိန်၌ ငါသည် လက်များကို မရပ်မနားဆန့်တန်းလျက် ဆုတောင်းပါ၏။ ငါ၏ဝိညာဉ်သည် စိတ်သက်သာနှစ်သိမ့်ခြင်းကို လက်မခံခဲ့ပေ။
2 Quando estou angustiado, busco o Senhor; de noite estendo as mãos sem cessar; a minha alma está inconsolável!
3 ငါသည် ဘုရားသခင်ကို အောက်မေ့ဆင်ခြင်၍ စိတ်ညှိုးငယ်ပူပန်ခြင်းရှိ၏။ ငါသည် လေးနက်စွာထောက်ရှုသောအခါ ငါ၏ဝိညာဉ်သည် စိတ်ပျက်အားငယ်လေ၏။
3 Lembro-me de ti, ó Deus, e suspiro; começo a meditar, e o meu espírito desfalece. Pausa
4 ကိုယ်တော်သည် ငါ့အား အိပ်ပျော်ခွင့်ကိုပေးတော် မမူပေ။ ငါသည် စိတ်ပူပန်သောက ရောက်သောကြောင့် စကားပင် မပြောနိုင်ပေ။-
4 Não me permites fechar os olhos; tão inquieto estou que não consigo falar.
5 ငါသည် ကုန်လွန်သွားသော နေ့ရက်များအကြောင်းကို စဉ်းစား၍ ရှေးလွန်လေပြီးသောနှစ်များကို အောက်မေ့သတိရပါ၏။-
5 Fico a pensar nos dias que se foram, nos anos há muito passados;
6 ငါသည် ညအချိန်၌ အောက်မေ့သတိရ၍ စဉ်းစားဆင်ခြင်လျက် ငါ၏စိတ်နှလုံးကိုရှာဖွေ၏။-
6 de noite recordo minhas canções. O meu coração medita, e o meu espírito pergunta:
7 ထာ၀ရဘုရားသခင်သည် ငါ့ကို အစဉ်စွန့်ပစ်ထားတော်မူမည်လော။ ကိုယ်တော်သည် နောက်တစ်ဖန် ကျေးဇူးမပြုဘဲ နေတော်မူမည်လော။-
7 "Irá o Senhor rejeitar-nos para sempre? Jamais tornará a mostrar-nos o seu favor?
8 ကိုယ်တော်၏ တည်မြဲသောကရုဏာတော်သည် ရပ်ဆိုင်းသွားပြီလော။ ကိုယ်တော်၏ ကတိတော်များသည်လည်း ထာ၀ရ အဆက်ဆက်အချည်းနှီးဖြစ်ကြပြီလော။-
8 Desapareceu para sempre o seu amor? Acabou-se a sua promessa?
9 ဘုရားသခင်သည် သနားကြင်နာခြင်းရှိရန် မေ့လျော့တော်မူပြီလော။ ကိုယ်တော်သည် အမျက်ထွက်တော်မူသောကြောင့် သနားကရုဏာတော်ကို ချုပ်တည်းထားတော်မူ ပြီလော။-
9 Esqueceu-se Deus de ser misericordioso? Em sua ira refreou sua compaixão? " Pausa
10 အမြင့်ဆုံးသောဘုရားသခင်၏ လက်ယာလက်တော်သည် ငါတို့ကို စွန့်ပစ်တော်မူသောကြောင့် ငါဝမ်းနည်းကြေကွဲ ရသည်ကို ငါဝန်ခံပါ၏။
10 Então pensei: a razão da minha dor é que a mão direita do Altíssimo não age mais.
11 ငါသည် ထာ၀ရဘုရားသခင် လုပ်ဆောင်တော်မူသော အမှုအရာတို့ကို အောက်မေ့သတိရပါမည်။ ရှေးကာလက ကိုယ်တော် လုပ်ဆောင်တော်မူသော အံ့ဖွယ်ရာတို့ကို ပြန်လည်သတိရပါမည်။-
11 Recordarei os feitos do Senhor; recordarei os teus antigos milagres.
12 ငါသည် ကိုယ်တော် လုပ်ဆောင်တော်မူသော အမှုတို့ကို ထောက်ရှုစဉ်းစား၍ ကိုယ်တော်၏ကြီးမြတ်သော အမှုတော်တို့ကို ဆင်ခြင်အောက်မေ့ပါမည်။-
12 Meditarei em todas as tuas obras e considerarei todos os teus feitos.
13 အိုဘုရားသခင်၊ ကိုယ်တော်၏လမ်းတော်သည် သန့်ရှင်းတော်မူပါ၏။ မည်သည့်ဘုရားသည် ငါတို့၏ဘုရားသခင်ကဲ့သို့ ကြီးမြတ်တော်မူသနည်း။-
13 Teus caminhos, ó Deus, são santos. Que deus é tão grande como o nosso Deus?
14 ကိုယ်တော်သည် ထူးဆန်းအံ့ဖွယ်သော အမှုတို့ကိုလုပ်ဆောင်၍ လူမျိုးအပေါင်းတို့အလယ်တွင် မိမိ၏ဘုန်းတန်ခိုးတော်ကို ထင်ရှားပြတော်မူသော ဘုရားသခင်ဖြစ်တော်မူပါ၏။-
14 Tu és o Deus que realiza milagres; mostras o teu poder entre os povos.
15 ကိုယ်တော်သည် မိမိ၏လူမျိုးတည်းဟူသော ယာကုပ်နှင့်ဂျိုးဇက်တို့၏ သားသမီးများကို လက်ရုံးတော်ဖြင့် ကယ်တင် တော်မူခဲ့ပြီ။
15 Com o teu braço forte resgataste o teu povo, os descendentes de Jacó e de José. Pausa
16 အိုဘုရားသခင်၊ ရေတို့သည် ကိုယ်တော့်ကို မြင်ကြပါ၏။ ရေတို့သည် ကိုယ်တော့်ကို မြင်ကြသောအခါ ကြောက်ရွံ့ကြပါ၏။ ရေနက်ရာအရပ်တို့သည်လည်း တုန်လှုပ်ကြပါ၏။-
16 As águas te viram, ó Deus, as águas te viram e se contorceram; até os abismos estremeceram.
17 မိုးတိမ်တို့သည် ရေများကိုသွန်းလောင်း၍ မိုးကောင်းကင်တို့သည် မိုးထစ်ချုန်းသံကို ပြုကြပါ၏။ ကိုယ်တော်၏လေး၊ မြားတို့သည် အရပ်လေးမျက်နှာတို့တွင် ဝင်းလက်လျက်ရှိပါ၏။-
17 As nuvens despejaram chuvas, ressoou nos céus o trovão; as tuas flechas reluziam em todas as direções.
18 ကိုယ်တော်၏ မိုးကြိုးသံကို လေပွေထဲတွင် ကြားရပါ၏။ ကိုယ်တော်၏ လျှပ်ပန်းလျှပ်နွယ်တို့သည် ကမ္ဘာတစ်ဝန်းလုံးကို ထွန်းလင်းစေပါ၏။ ကမ္ဘာမြေကြီးသည်လည်း ထိတ်လန့်တုန်လှုပ်လျက်ရှိပါ၏။-
18 No redemoinho, estrondou o teu trovão, os teus relâmpagos iluminaram o mundo; a terra tremeu e sacudiu-se.
19 ကိုယ်တော်၏လမ်းတော်သည် ပင်လယ်သမုဒ္ဒရာကိုဖြတ်၍ ကျယ်ဝန်းသောရေထုကို ဖြတ်သန်းသွားပါ၏။ သို့သော် ကိုယ်တော်၏ ခြေရာတော်များကို မတွေ့မြင်ကြရပါ။-
19 A tua vereda passou pelo mar, o teu caminho pelas águas poderosas, e ninguém viu as tuas pegadas.
20 ကိုယ်တော်သည် မိုးဇက်နှင့် အာရွန်တို့၏လက်ဖြင့် မိမိ၏လူမျိုးတော်ကို သိုးစုသဖွယ် ဦးဆောင်တော်မူ၏။
20 Guiaste o teu povo como a um rebanho pela mão de Moisés e de Arão.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 77, comparar traduções ou montar um estudo — tudo direto pelo WhatsApp.