Salmos 73

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 ဘုရားသခင်သည် စိတ်နှလုံးဖြူစင်သော အစ္စရာအဲလ်လူမျိုးတို့အပေါ်တွင် အမှန်တကယ်ပင် ကောင်းမြတ်တော်မူပေ၏။-
1 Salmo de Asaf. Oh, como Deus é bom para os corações retos, e o Senhor para com aqueles que têm o coração puro!
2 ငါ့အတွက်မူကား ငါ၏ခြေများသည် ခလုတ်တိုက်လုမတတ်ဖြစ်ကြ၍ ငါ၏ခြေလှမ်းများသည် ချော်လဲလုနီးနီးရှိလေပြီ။-
2 Contudo, meus pés iam resvalar, por pouco não escorreguei,
3 အကြောင်းမူကား မတရားသော သူတို့ကောင်းစားသည်ကို ငါမြင်ရသောအခါ သူတို့၏မောက်မာမှုကို ငါမရှုစိမ့်နိုင်သော ကြောင့်တည်း။
3 porque me indignava contra os ímpios, vendo o bem-estar dos maus:
4 ထိုသူတို့သည် သေသည့်တိုင်အောင် နာကျင်ခြင်းဝေဒနာ မခံစားကြရပေ။ သူတို့၏ကိုယ်ခန္ဓာသည် ကျန်းမာသန်စွမ်း လျက်ရှိ၏။-
4 não existe sofrimento para eles, seus corpos são robustos e sadios.
5 သူတို့သည် အခြားလူများကဲ့သို့ ဒုက္ခမရောက်ကြပေ။ သူတို့သည် အခြားသူများနည်းတူ ကပ်ဆိုက်ခြင်းကိုလည်း မကြုံကြရပေ။-
5 Dos sofrimentos dos mortais não participam, não são atormentados como os outros homens.
6 သို့ဖြစ်၍ မာနထောင်လွှားခြင်းသည် သူတို့၏လည်ဆွဲတန်ဆာဖြစ်ပြီး အကြမ်းဖက်ခြင်းသည် သူတို့ကို ဝတ်ရုံပမာ လွှမ်းခြုံထား၏။-
6 Eles se adornam com um colar de orgulho, e se cobrem com um manto de arrogância.
7 သူတို့၏မျက်စိများသည် ဆူ၀၍မို့မောက်လျက်ရှိ၏။ သူတို့၏စိတ်နှလုံးများတွင် ကောက်ကျစ်သော အကြံအစည်များ ပြည့်လျှံလျက်ရှိ၏။-
7 Da gordura que os incha sai a iniqüidade, e transborda a temeridade.
8 သူတို့သည် ဆိုးညစ်သောစကားများကို ပြောဆိုလျက် ပြက်ရယ်ပြုကြ၏။ သူတို့သည် အထက်မှနေ၍ ဖိနှိပ်ရန် ခြိမ်းခြောက်ကြ၏။-
8 Zombam e falam com malícia, discursam, altivamente, em tom ameaçador.
9 သူတို့သည် သူတို့၏နှုတ်ကို ကောင်းကင်နှင့် ဆန့်ကျင်ဘက်ပြုစေပြီး သူတို့၏လျှာသည်လည်း မြေကြီးတစ်ခွင်၌ လှည့်လည်လေ၏။
9 Com seus propósitos afrontam o céu e suas línguas ferem toda a terra.
10 ထို့ကြောင့် လူတို့သည် သူတို့ဘက်သို့လှည့်၍ ချီးမွမ်းကြပြီး ထိုသူတို့၌အပြစ်မမြင်နိုင်ကြချေ။-
10 Por isso se volta para eles o meu povo, e bebe com avidez das suas águas.
11 သူတို့ကလည်း ဘုရားသခင်သည် မည်ကဲ့သို့သိနိုင်ပါသနည်း။ အမြင့်ဆုံးသောဘုရား၌ အသိပညာရှိပါသလောဟုဆို ကြ၏။-
11 E dizem então: Porventura Deus o sabe? Tem o Altíssimo conhecimento disto?
12 ဆိုးယုတ်သောသူတို့သည်ကား ဤကဲ့သို့ဖြစ်ကြ၏။ သူတို့သည် အစဉ်ကောင်းစား၍ စည်းစိမ်ဥစ္စာများတိုးပွားကြ၏။-
12 Assim são os pecadores que, tranqüilamente, aumentam suas riquezas.
13 ငါ၏နှလုံးသားကို သန့်စင်စွာထားခြင်းနှင့် ငါ၏လက်များကို အပြစ်ကင်းစင်မှုဖြင့် ဆေးကြောခြင်းသည် အချည်းနှီးသာဖြစ်၏။-
13 Então foi em vão que conservei o coração puro e na inocência lavei as minhas mãos?
14 အကြောင်းမူကား ငါသည် တစ်နေ့လုံး စိတ်အနှောင့်အယှက်ဖြစ်ရပြီး နံနက်တိုင်း အပြစ်တင်ဆုံးမခြင်းကို ခံရလေပြီ။
14 Pois tenho sofrido muito e sido castigado cada dia.
15 အကျွန်ုပ်သည် ဤသို့ပြောဆိုပါမည်ဟု အကျွန်ုပ်ဆိုခဲ့လျှင် ကိုယ်တော်၏သားစဉ်မြေးဆက်အပေါ် သစ္စာဖောက်ရာ ရောက်ပေလိမ့်မည်။-
15 Se eu pensasse: Também vou falar como eles, seria infiel à raça de vossos filhos.
16 ဤအရာကိုနားလည်ရန် အကျွန်ုပ်ကြိုးစားသောအခါ အကျွန်ုပ်သည် ဖိစီးမှုကို ခံစားရပါ၏။-
16 Reflito para compreender este problema, mui penosa me pareceu esta tarefa,
17 အကျွန်ုပ်သည် ကိုယ်တော်၏ သန့်ရှင်းရာဌာနတော်ထဲသို့ ရောက်သည့်အချိန်ကျမှသာလျှင် သူတို့၏ ဘ၀နိဂုံး မည်သို့ ချုပ်ရမည်ကို နားလည်လာပါ၏။-
17 até o momento em que entrei no vosso santuário e em que me dei conta da sorte que os espera.
18 အမှန်စင်စစ် ကိုယ်တော်သည် သူတို့အား ခြေချော်ကျနိုင်သော နေရာတို့တွင် ချထား၍ ပျက်စီးခြင်းသို့ ကျရောက်စေခဲ့ပြီ။-
18 Sim, vós os colocais num terreno escorregadio, à ruína vós os conduzis.
19 သူတို့သည် တစ်ခဏချင်းတွင် လျင်မြန်စွာ ဖျက်ဆီးခြင်းခံကြရပြီး ကြောက်မက်ဖွယ်အရာများအားဖြင့် လုံး၀ပျောက်ကွယ် သွားကြရပါသည်တကား။-
19 Eis que subitamente se arruinaram, sumiram, destruídos por catástrofe medonha.
20 သူတို့သည် နိုးလာချိန်တွင် ပျောက်ကွယ်သွားတတ်သော အိပ်မက်ကဲ့သို့ဖြစ်၍ ကိုယ်တော်ကြွလာတော်မူချိန်တွင်လည်း ကိုယ်တော်သည် သူတို့၏ရုပ်ပုံလွှာကို စွန့်ပယ်တော်မူလိမ့်မည်။
20 Como de um sonho ao se despertar, Senhor, levantando-vos, desprezais a sombra deles.
21 အကျွန်ုပ်၏နှလုံးသားသည် ပူဆွေးဝမ်းနည်းပြီး အကျွန်ုပ်၏စိတ်သည် နာကြည်းသောအခါ၊-
21 Quando eu me exasperava e se me atormentava o coração,
22 အကျွန်ုပ်သည် မိုက်မဲ၍ ပညာမဲ့သောသူဖြစ်ပြီး ရှေ့တော်၌ သားရဲတိရစ္ဆာန်ကဲ့သို့ဖြစ်ပါ၏။-
22 eu ignorava, não entendia, como um animal qualquer.
23 သို့ပင်သော်လည်း အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ အစဉ်ရှိ၍ ကိုယ်တော်သည် အကျွန်ုပ်၏ လက်ယာလက်ကို ဆွဲကိုင်ထားတော်မူ၏။-
23 Mas estarei sempre convosco, porque vós me tomastes pela mão.
24 ကိုယ်တော်သည် အကျွန်ုပ်အား ကိုယ်တော်၏အကြံဉာဏ်ဖြင့် လမ်းညွန်တော်မူပြီးနောက် ဘုန်းဂုဏ်တော်၌ လက်ခံတော်မူလိမ့်မည်။-
24 Vossos desígnios me conduzirão, e, por fim, na glória me acolhereis.
25 ကောင်းကင်တွင် ကိုယ်တော်မှတစ်ပါး အကျွန်ုပ်၌ မည်သူရှိပါသနည်း။ မြေကြီးပေါ်တွင်လည်း ကိုယ်တော်နှင့်အတူရှိပါလျှင် အကျွန်ုပ်သည် မည်သည့်အရာကိုမျှ မလိုလားတော့ပါ။-
25 Afora vós, o que há para mim no céu? Se vos possuo, nada mais me atrai na terra.
26 အကျွန်ုပ်၏ စိတ်နှလုံးသည် အင်အားချည့်နဲ့၍လာသော်လည်း ကိုယ်တော်သည် အကျွန်ုပ်စိတ်နှလုံး၏ ခွန်အားဖြစ်ပြီး ကာလအဆက်ဆက် အကျွန်ုပ်၏ အမွေအနှစ်ဖြစ်တော်မူ၏။
26 Meu coração e minha carne podem já desfalecer, a rocha de meu coração e minha herança eterna é Deus.
27 ကိုယ်တော်နှင့်ဝေးကွာလျက် ရှိသောသူတို့သည် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ ကိုယ်တော့်ကို သစ္စာ ဖောက်သော သူတို့အားလည်း ကိုယ်တော်သည် အဆုံးစီရင်တော်မူလိမ့်မည်။-
27 Sim, perecem aqueles que de vós se apartam, destruís os que procuram satisfação fora de vós.
28 အကျွန်ုပ်အတွက်မူ ဘုရားသခင်၏ ထံတော်ပါးတွင် ရှိနေရခြင်းသည် ကောင်းမြတ်လှပေ၏။ အကျွန်ုပ်သည် ထာ၀ရအရှင် ဘုရားသခင်ကို အကျွန်ုပ်၏ခိုလှုံရာ ဖြစ်စေခဲ့ပါ၏။ ကိုယ်တော်၏ အမှုတော်များကို အကျွန်ုပ် ဟောပြောကြေညာပါမည်။
28 Mas, para mim, a felicidade é me aproximar de Deus, é pôr minha confiança no Senhor Deus, a fim de narrar as vossas maravilhas diante das portas da filha de Sião.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 73, comparar traduções ou montar um estudo — tudo direto pelo WhatsApp.