Salmos 72

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 အိုဘုရားသခင်၊ ဘုရင်မင်းမြတ်အား ကိုယ်တော်၏ တရားမျှတမှုကိုလည်းကောင်း၊ ဘုရင်မင်းမြတ်၏သားတော်အား ကိုယ်တော်၏ ဖြောင့်မတ်မှန်ကန်မှုကိုလည်းကောင်း ပေးတော်မူပါ။-
1 Ó Deus, dá ao rei os teus juízes, e a tua justiça ao filho do rei.
2 သူသည် ကိုယ်တော်၏လူမျိုးတော်ကို ဖြောင့်မတ်မှန်ကန်ခြင်းဖြင့်လည်းကောင်း၊ ဆင်းရဲသောသူတို့ကို တရားမျှတမှုဖြင့်လည်းကောင်း စီရင်မှုပြုနိုင်ပါစေ။-
2 Julgue ele o teu povo com justiça, e os teus pobres com eqüidade.
3 တောင်တန်းတို့သည် ကိုယ်တော်၏လူမျိုးတော်အတွက် ကြွယ်၀ချမ်းသာခြင်းကိုလည်းကောင်း၊ တောင်ငယ်တို့သည် ဖြောင့်မတ်မှန်ကန်မှုကိုလည်းကောင်း ဖြစ်ထွန်းကြပါစေ။-
3 Que os montes tragam paz ao povo, como também os outeiros, com justiça.
4 ထိုမင်းသည် ကိုယ်တော်၏ လူမျိုးတော်တွင် ဆင်းရဲသောသူတို့ဘက်၌ ကာကွယ်မှုပေးပြီး ချို့တဲ့နွမ်းပါးသောသူတို့ကို ကယ်တင်လျက် ဖိနှိပ်သူတို့ကို ချေမှုန်းတော်မူပါစေ။
4 Julgue ele os aflitos do povo, salve os filhos do necessitado, e esmague o opressor.
5 နေသည် ထွန်းလင်း၍ လသည် အလင်းရောင်ပေးသမျှ ကာလပတ်လုံး သူသည် အစဉ်အဆက် အသက်ရှင်ပါစေသော်။-
5 Viva ele enquanto existir o sol, e enquanto durar a lua, por todas as gerações.
6 သူသည် ရိတ်ထားသောမြက်ခင်းပေါ်သို့ ကျရောက်သော မိုးပေါက်များကဲ့သို့လည်းကောင်း၊ ကမ္ဘာမြေပေါ်တွင် ရွာသွန်းသော မိုးကဲ့သို့လည်းကောင်းဖြစ်ပါစေ။-
6 Desça como a chuva sobre o prado, como os chuveiros que regam a terra.
7 သူ၏လက်ထက်တော်၌ ဖြောင့်မတ်မှန်ကန်ခြင်းတရား ထွန်းကားပါစေ။ လ၏အလင်း ကုန်ဆုံးသွားသည့်တိုင်အောင် ငြိမ်းချမ်းသာယာခြင်းသည် ကျယ်ပြန့်စွာ စိုးမိုးပါစေ။
7 Nos seus dias floresça a justiça, e haja abundância de paz enquanto durar a lua.
8 သူသည် ပင်လယ်တစ်ခုမှ တစ်ခုသို့လည်းကောင်း၊ မြစ်တစ်စင်းမှ ကမ္ဘာမြေကြီးစွန်းတိုင်အောင်လည်းကောင်း စိုးမိုးအုပ်ချုပ်လိမ့်မည်။-
8 Domine de mar a mar, e desde o Rio até as extremidades da terra.
9 တောကန္တာရတွင်ရှိသော လူမျိုးအပေါင်းတို့သည် မင်းကြီး၏ရှေ့တော်၌ ဦးညွတ်ကြလိမ့်မည်။ သူ၏ရန်သူတို့သည်လည်း မြေမှုန့်ကို လျက်ကြရလိမ့်မည်။-
9 Inclinem-se diante dele os seus adversários, e os seus inimigos lambam o pó.
10 တာရှစ်မင်းတို့နှင့် ကျွန်းများမှဘုရင်တို့သည် သူ့အား အခွန်ဆက်သကြလိမ့်မည်။ ရှီဘမင်းနှင့် ဆေဘမင်းတို့သည်လည်း လက်ဆောင်ပဏ္ဏာများကို ယူဆောင်လာကြလိမ့်မည်။-
10 Paguem-lhe tributo os reis de Társis e das ilhas; os reis de Sabá e de Seba ofereçam-lhe dons.
11 ထိုမျှမက ရှင်ဘုရင်အပေါင်းတို့သည် သူ၏ရှေ့တော်တွင် ပျပ်ဝပ်ကြလိမ့်မည်။ ခပ်သိမ်းသော လူမျိုးတို့သည်လည်း သူ့ကို အစေခံကြလိမ့်မည်။
11 Todos os reis se prostrem perante ele; todas as nações o sirvam.
12 အကြောင်းမူကား မင်းကြီးသည် မိမိအား ဟစ်အော်တမ်းတသော ငတ်မွတ်သူတို့အားလည်းကောင်း၊ ခိုကိုးရာမဲ့ ဆင်းရဲသားတို့အားလည်းကောင်း ကယ်တင်တော်မူလေ၏။-
12 Porque ele livra ao necessitado quando clama, como também ao aflito e ao que não tem quem o ajude.
13 သူသည် အားနည်းနုံချာသည့် ဆင်းရဲသောသူတို့နှင့် နွမ်းပါးသောသူတို့ကို သနား၍ငတ်မွတ်သော သူတို့၏အသက်ကိုလည်း ကယ်တင်တော်မူ၏။-
13 Compadece-se do pobre e do necessitado, e a vida dos necessitados ele salva.
14 သူသည် ဖိနှိပ်ချုပ်ချယ်မှုနှင့် အကြမ်းဖက်မှုထဲမှ ထိုသူတို့ကို ရွေးနုတ်ကယ်တင်တော်မူလိမ့်မည်။ အကြောင်းမူကား သူတို့၏သွေးသည် သူ၏ရှေ့မျက်မှောက်တွင် အဖိုးထိုက်တန်လှပေ၏။
14 Ele os liberta da opressão e da violência, e precioso aos seus olhos é o sangue deles.
15 သူသည် သက်တော်ရှည်ပါစေသော်။ သူသည် ရှီဘပြည်မှရွှေများကို လက်ဆောင်ပဏ္ဏာအဖြစ် ရရှိပါစေသော်။ လူတို့သည် သူ့အတွက် ဆုတောင်းပတ္ထနာများကို နေ့စဉ်မပြတ်ပြုကြပြီး ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို နေ့စဉ်နေ့တိုင်း ခံစားရစေရန် တောင်းလျှောက်ကြပါစေ။-
15 Viva, pois, ele; e se lhe dê do ouro de Sabá; e continuamente se faça por ele oração, e o bendigam em todo o tempo.
16 မြေပေါ်၌ ကောက်ပဲသီးနှံကြွယ်၀ပါစေ။ တောင်ထိပ်များပေါ်မှာ သီးနှံများယိမ်းနွဲ့လျက်ရှိပါစေ။ အသီးအပွင့်တို့သည်လည်း လေဘနွန်တောကဲ့သို့ဖြစ်ပါစေ။ လယ်ကွင်းပြင်ရှိ မြက်များကဲ့သို့ လူတို့သည် မြို့ကြီးများတွင် ဝေဆာတိုးပွားကြပါစေ။-
16 Haja abundância de trigo na terra sobre os cumes dos montes; ondule o seu fruto como o Líbano, e das cidades floresçam homens como a erva da terra.
17 သူ၏နာမသည် အစဉ်အမြဲတည်ပါစေသော်။ သူ၏ဂုဏ်သတင်းသည်လည်း နေမင်းကြီးတည်သရွေ့ ဆက်လက်တည်တံ့ ပါစေ။ လူအပေါင်းတို့သည် သူ့အားဖြင့် ကောင်းချီးမင်္ဂလာခံကြရပါစေ။ လူမျိုးအပေါင်းတို့သည် သူ့ကို မင်္ဂလာရှိသူဟုခေါ်ဝေါ် ကြပါစေ။
17 Permaneça o seu nome eternamente; continue a sua fama enquanto o sol durar, e os homens sejam abençoados nele; todas as nações o chamem bem-aventurado.
18 အစ္စရာအဲလ်လူမျိုး၏ ဘုရားဖြစ်တော်မူသော ထာ၀ရဘုရားသခင်သည် မင်္ဂလာရှိတော်မူ၏။ ကိုယ်တော်တစ်ပါးတည်း သာလျှင် အံ့ဖွယ်အမှုတို့ကို ပြုလုပ်တော်မူ၏။-
18 Bendito seja o Senhor Deus, o Deus de Israel, o único que faz maravilhas.
19 ကိုယ်တော်၏ ဘုန်းတန်ခိုးကြီးတော်မူသောနာမတော်သည် ကာလအဆက်ဆက်မင်္ဂလာရှိတော်မူ၏။ ကိုယ်တော်၏ ဘုန်းဂုဏ်တော်သည် မြေတစ်ပြင်လုံး၌ ပြည့်နှက်လျက်ရှိ၏။ အာမင်၊ အာမင်။
19 Bendito seja para sempre o seu nome glorioso, e encha-se da sua glória toda a terra. Amém e amém.
20 ဂျက်ဆေ၏သား ဒါဝိဒ်မင်းကြီး၏ ဆုတောင်းပတ္ထနာများ ပြီးဆုံးလေပြီ။
20 Findam aqui as orações de Davi, filho de Jessé.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 72, comparar traduções ou montar um estudo — tudo direto pelo WhatsApp.