Salmos 6

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 အိုထာ၀ရဘုရားသခင်၊ အမျက်တော်ထွက်၍ အကျွန်ုပ်ကို အပြစ်တင်တော်မမူပါနှင့်။ ကိုယ်တော်၏ အမျက်တော်၌ အကျွန်ုပ်ကို အပြစ်ဒဏ်ပေးတော် မမူပါနှင့်။-
1 Senhor , não me repreendas na tua ira, nem me castigues no teu furor.
2 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ပင်ပန်းနွမ်းနယ်လျက်ရှိသည်ဖြစ်၍ အကျွန်ုပ်ကို သနားတော်မူပါ။ အကျွန်ုပ်ကို ရောဂါပျောက်ကင်းစေတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်၏ အရိုးတို့သည် တုန်လှုပ်လျက်ရှိပါ၏။ အိုထာ၀ရဘုရားသခင်၊-
2 Tem compaixão de mim, Senhor , porque eu me sinto debilitado; sara-me, os meus ossos estão abalados.
3 အကျွန်ုပ်၏ စိတ်ဝိညာဉ်သည် ပြင်းထန်စွာပူပင်သောက ရောက်လျက်ရှိပါ၏။ အိုထာ၀ရဘုရားသခင်၊ မည်မျှကြာအောင် စောင့်ဆိုင်းနေတော်မူပါမည်နည်း။
3 Também a minha alma está profundamente perturbada; mas tu,
4 အိုထာ၀ရဘုရားသခင်၊ ရွှေမျက်နှာတော်ကိုလှည့်၍ အကျွန်ုပ်၏အသက်ကို ကယ်တော်မူပါ။ ကိုယ်တော်၏ ခိုင်မြဲသော မေတ္တာတော်ကို ထောက်၍ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။-
4 Volta-te, Senhor , e socorre-me; salva-me por tua graça.
5 အကြောင်းမူကား သေလွန်သူတို့အလယ်၌ ကိုယ်တော့်ကို အောက်မေ့သတိရသောသူ မရှိပါ။ မရဏနိုင်ငံတွင် ကိုယ်တော့်အား မည်သူချီးမွမ်းထောမနာပြုနိုင်မည်နည်း။
5 Pois, na morte, não há recordação de ti; no sepulcro, quem te dará louvor?
6 အကျွန်ုပ်သည် ဝမ်းနည်းကြေကွဲခြင်းဖြင့် မောပန်းနွမ်းနယ်လျက်ရှိပါ၏။ ညစဉ်ညတိုင်း ငိုကြွေးရသဖြင့် အကျွန်ုပ်၏ အိပ်ရာသည် မျက်ရည်များဖြင့် အိုင်ထွန်းလျက်ရှိပါ၏။ အကျွန်ုပ်၏ခုတင်သည်လည်း မျက်ရည်တို့ဖြင့် စိုစွတ်လျက်ရှိပါ၏။-
6 Estou cansado de tanto gemer; todas as noites faço nadar o meu leito, de minhas lágrimas o alago.
7 ဝမ်းနည်းပူဆွေးခြင်းကြောင့် အကျွန်ုပ်၏မျက်စိများသည် မှုန်ဝါးလျက်ရှိပါ၏။ အကျွန်ုပ်၏ ရန်သူများကြောင့် ငိုကြွေးရသဖြင့် အကျွန်ုပ်၏ မျက်စိများသည် အားနည်းလျက်ရှိပါ၏။
7 De tristeza os meus olhos se consomem, envelhecem por causa de todos os meus adversários.
8 မကောင်းမှုကိုပြုကျင့်သူတို့၊ ငါ့ထံမှ ထွက်သွားကြလော့။ အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ငါ၏ငိုကြွေးသံကို ကြားတော်မူပြီ။-
8 Afastem-se de mim, todos vocês que praticam a iniquidade, porque o a voz do meu lamento;
9 ထာ၀ရဘုရားသခင်သည် ငါ၏တောင်းလျှောက်သံကို နားညောင်းတော်မူပြီ။ ထာ၀ရဘုရားသခင်သည် ငါ၏ဆုတောင်း ပတ္ထနာကို လက်ခံတော်မူပြီ။-
9 o Senhor ouviu a minha súplica; o
10 ငါ၏ရန်သူ ရှိသမျှတို့သည် အရှက်တကွဲ အရေးနိမ့်ကြလိမ့်မည်။ သူတို့သည် တစ်ခဏချင်းတွင် ကစဉ့်ကလျားဖြစ်လျက် နောက်သို့ လှည့်ပြေးကြရလိမ့်မည်။
10 Sejam envergonhados e fiquem extremamente perturbados todos os meus inimigos; retirem-se, num instante, cobertos de vergonha.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.