Salmos 69
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI
1 အိုဘုရားသခင်၊ အကျွန်ုပ်ကို ကယ်တော်မူပါ။ အကြောင်းမူကား ရေများသည် အကျွန်ုပ်၏ လည်မျိုတိုင်အောင် တက်လာကြပါ၏။-
1 Salva-me, ó Deus!, pois as águas subiram até o meu pescoço.
2 အကျွန်ုပ်သည် အနက်ဆုံးသော ရွှံ့နွံထဲတွင်နစ်၍နေပါပြီ။ အောက်ခံမြေမာလည်း မရှိပါ။ အကျွန်ုပ်သည် ရေနက်ထဲသို့ ခြေလှမ်းခဲ့ပါပြီ။ ဒီရေတို့သည် အကျွန်ုပ်ကို နစ်မြုပ်စေပါပြီ။-
2 Nas profundezas lamacentas eu me afundo, não tenho onde firmar os pés. Entrei em águas profundas; as correntezas me arrastam.
3 ကယ်တော်မူပါရန် အော်ဟစ်ရသဖြင့် အကျွန်ုပ်သည် မောပန်းနွမ်းနယ်လျက်ရှိပါ၏။ အကျွန်ုပ်၏ လည်ချောင်းသည်လည်း ခြောက်သွေ့နေပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကို မျှော်ကြည့်ရခြင်းကြောင့် အကျွန်ုပ်၏မျက်စိများသည်လည်း အားအင်ကုန်ခန်း နေပါပြီ။
3 Cansei-me de pedir socorro; minha garganta se abrasa. Meus olhos fraquejam de tanto esperar pelo meu Deus.
4 အကျွန်ုပ်ကို အကြောင်းမဲ့မုန်းတီးကြသော သူတို့သည် အကျွန်ုပ်၏ဦးခေါင်းရှိ ဆံပင်အရေအတွက်ထက် ပို၍များပြားကြပါ၏။ အကျွန်ုပ်ကို ဖျက်ဆီးရန်ရှာကြံသူတို့သည်လည်း ခွန်အားကြီးကြပါ၏။ သူတို့သည် မုသားသုံး၍ အကျွန်ုပ်ကို တိုက်ခိုက်ကြသော သူများဖြစ်ပါ၏။ အကျွန်ုပ်မခိုးယူခဲ့သည့်အရာကို အကျွန်ုပ်ပြန်လည်ပေး ဆပ်ရပါမည်လော။-
4 Os que sem razão me odeiam são mais do que os fios de cabelo da minha cabeça; muitos são os que me prejudicam sem motivo, muitos, os que procuram destruir-me. Sou forçado a devolver o que não roubei.
5 အိုဘုရားသခင်၊ အကျွန်ုပ်၏မိုက်မဲမှုကို ကိုယ်တော်သိတော်မူပါ၏။ အကျွန်ုပ်၏အပြစ် ဒုစရိုက်တို့ကို ကိုယ်တော့်ထံမှ ဖုံးကွယ်ထား၍မရပါ။
5 Tu bem sabes como fui insensato, ó Deus; a minha culpa não te é encoberta.
6 ကောင်းကင်ဗိုလ်ခြေတို့၏အရှင် အိုထာ၀ရဘုရား သခင်၊ ကိုယ်တော့်ကို မျှော်လင့်ကိုးစားသောသူတို့သည် အကျွန်ုပ်အတွက်ကြောင့် ဂုဏ်သိက္ခာ မကျဆင်းကြရပါစေနှင့်။ အိုအစ္စရာအဲလ်လူမျိုးတို့၏ ဘုရားသခင်၊ ကိုယ်တော့်ကို ရှာဖွေကြသော သူတို့သည် အကျွန်ုပ်အတွက်ကြောင့် အရှက်မကွဲကြရပါစေနှင့်။-
6 Não se decepcionem por minha causa aqueles que esperam em ti, ó Senhor, Senhor dos Exércitos! Não se frustrem por minha causa os que te buscam, ó Deus de Israel!
7 အကြောင်းမူကား အကျွန်ုပ်သည် မထီမဲ့မြင်ပြုခြင်းကို ကိုယ်တော့်အတွက် ခံထမ်းပါ၏။ အကျွန်ုပ်၏မျက်နှာသည် အရှက်ဖြင့် ဖုံးလွှမ်းနေပါ၏။-
7 Pois por amor a ti suporto zombaria, e a vergonha cobre-me o rosto.
8 အကျွန်ုပ်သည် မိမိ၏ညီအစ်ကိုများနှင့် သူစိမ်းတစ်ရံတစ်ဦးကဲ့သို့ ဖြစ်နေပြီး အကျွန်ုပ်မိခင်၏ သားများနှင့်လည်း တစ်ကျွန်းတစ်နိုင်ငံသား တစ်ဦးကဲ့သို့ ဖြစ်နေပါ၏။
8 Sou um estrangeiro para os meus irmãos, um estranho até para os filhos da minha mãe;
9 အကြောင်းမူကား ကိုယ်တော်၏အိမ်တော်အတွက် စိတ်အားထက်သန်မှုသည် အကျွန်ုပ်ကိုဝါးမျိုလေပြီ။ ကိုယ်တော့်ကို ထိခိုက်စော်ကားသူတို့၏ စော်ကားမှုများသည် အကျွန်ုပ်အပေါ်သို့ ကျရောက်လေပြီ။-
9 pois o zelo pela tua casa me consome, e os insultos daqueles que te insultam caem sobre mim.
10 အကျွန်ုပ်သည် ငိုကြွေး၍ အစာရှောင်သောအခါ မထီမဲ့မြင်ပြုခြင်းကို ခံရပါ၏။-
10 Até quando choro e jejuo, tenho que suportar zombaria;
11 အကျွန်ုပ်သည် လျှော်တေအဝတ်ကို ဝတ်ဆင်သောအခါ လူတို့သည် အကျွန်ုပ်ကိုသရော်ကြပါ၏။-
11 quando ponho vestes de lamento, sou motivo de piada.
12 တံခါး၀တွင် ထိုင်နေကြသောသူတို့သည် အကျွန်ုပ်ကို လှောင်ပြောင်ကြပြီး အကျွန်ုပ်သည် အရက်မူးသူတို့၏ တေးဖွဲ့ဆိုစရာဖြစ်ပါ၏။
12 Os que se ajuntam na praça falam de mim, e sou a canção dos bêbados.
13 သို့သော် အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်ကျေးဇူးပြုတော်မူသောအချိန်၌ ကိုယ်တော့်ထံသို့ အကျွန်ုပ် တောင်းလျှောက် ပါ၏။ အိုဘုရားသခင်၊ ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်၌ အကျွန်ုပ်တို့ကို ကိုယ်တော်၏ စစ်မှန်သောကယ်တင် တော်မူခြင်းဖြင့် ပြန်လည်ဖြေကြားတော်မူပါ။-
13 Mas eu, Senhor, no tempo oportuno, elevo a ti minha oração; responde-me, por teu grande amor, ó Deus, com a tua salvação infalível!
14 ရွှံ့နွံထဲသို့မနစ်မြုပ်စေရန် အကျွန်ုပ်ကို ကယ်တော်မူပါ။ အကျွန်ုပ်ကိုမုန်းသော သူတို့ထံမှလည်းကောင်း၊ ရေနက်ရာမှ လည်းကောင်း အကျွန်ုပ်ကိုကယ်တော်မူပါ။-
14 Tira-me do atoleiro, não me deixes afundar; liberta-me dos que me odeiam e das águas profundas.
15 ဒီရေတို့ကို အကျွန်ုပ်အား လွှမ်းမိုးစေတော်မမူပါနှင့်။ ရေနက်ထဲတွင် အကျွန်ုပ်ကို မနှစ်မြုပ်ပါစေနှင့်။ တွင်းနက်၏ အဝသည်လည်း အကျွန်ုပ်အတွက် ပိတ်ဆို့ထားလျက် ရှိပါစေ။
15 Não permitas que as correntezas me arrastem, nem que as profundezas me engulam, nem que a cova feche sobre mim a sua boca!
16 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော့်မေတ္တာတော်၏ ကောင်းမြတ်ခြင်းဖြင့် အကျွန်ုပ်ကို နားညောင်းတော်မူပါ။ ကိုယ်တော်၏ ကြွယ်၀သော မေတ္တာတော်အတိုင်း အကျွန်ုပ်ဘက်သို့ လှည့်တော်မူပါ။-
16 Responde-me, Senhor, pela bondade do teu amor; por tua grande misericórdia, volta-te para mim.
17 ကိုယ်တော်၏အစေခံထံမှ မျက်နှာလွှဲတော်မမူပါနှင့်။ အကျွန်ုပ်ကို အလျင်အမြန် နားညောင်းတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် အတိဒုက္ခရောက်နေပါ၏။-
17 Não escondas do teu servo a tua face; responde-me depressa, pois estou em perigo.
18 အကျွန်ုပ်၏အနီးသို့ ကြွလာတော်မူပြီး အကျွန်ုပ်ကိုကယ်တော်မူပါ။ အကျွန်ုပ်၏ ရန်ဘက်များရှိသောကြောင့် အကျွန်ုပ်ကို ရွေးနုတ်တော်မူပါ။
18 Aproxima-te e resgata-me; livra-me por causa dos meus inimigos.
19 အကျွန်ုပ်သည် မည်မျှစော်ကားခံရသည်၊ သိက္ခာကျခဲ့ရသည်၊ အရှက်ကွဲခဲ့ရသည်တို့ကို ကိုယ်တော်သိတော်မူပါ၏။ အကျွန်ုပ်၏ ရန်သူအားလုံးကို ကိုယ်တော်သိတော်မူပါ၏။-
19 Tu bem sabes como sofro zombaria, humilhação e vergonha; conheces todos os meus adversários.
20 စော်ကားခြင်းသည် အကျွန်ုပ်၏နှလုံးသားကို ထိခိုက်ကြေကွဲစေသည်ဖြစ်၍ အကျွန်ုပ်သည် ခိုကိုးရာမဲ့ဖြစ်လေပြီ။ အကျွန်ုပ်သည် ကြင်နာသနားခြင်းကို ရှာခဲ့သော်လည်း အချည်းနှီးသာဖြစ်ခဲ့ပါ၏။ နှစ်သိမ့်မည့်သူများကို အကျွန်ုပ်ရှာဖွေ ခဲ့သော်လည်း တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ခဲ့ပါ။-
20 A zombaria partiu-me o coração; estou em desespero! Supliquei por socorro, nada recebi, por consoladores, e a ninguém encontrei.
21 သူတို့သည် အကျွန်ုပ်၏အစာအတွက် အဆိပ်ကိုပေးခဲ့ပါ၏။ အကျွန်ုပ်ရေငတ်သောအခါ၌လည်း ပုန်းရည်ကို ပေးခဲ့ကြပါ၏။
21 Puseram fel na minha comida e para matar-me a sede deram-me vinagre.
22 သူတို့၏ရှေ့တွင် တည်ခင်းသောစားပွဲသည် သူတို့အဖို့ ထောင်ချောက်တစ်ခု ဖြစ်လာပါစေ။ သူတို့၏ ယဇ်ပူဇော်ရာများသည် ကျော့ကွင်းဖြစ်ပါစေ။-
22 Que a mesa deles se lhes transforme em laço; torne-se retribuição e armadilha.
23 သူတို့၏မျက်စိများသည် မမြင်နိုင်သည်အထိ မှုန်ဝါးသွားကြပါစေ။ သူတို့၏ခါးများသည်လည်း ထာ၀စဉ်တုန်ရီချိနဲ့ နေကြပါစေ။-
23 Escureçam-se os seus olhos para que não consigam ver; faze-lhes tremer o corpo sem parar.
24 ကိုယ်တော်၏အမျက်တော်ကို သူတို့အပေါ်သို့ သွန်းလောင်းတော်မူပါ။ ကိုယ်တော်၏ ကြောက်မက်ဖွယ်သော အမျက်ဒေါသသည်လည်း သူတို့အပေါ်၌ လွှမ်းမိုးနေပါစေ။-
24 Despeja sobre eles a tua ira; que o teu furor ardente os alcance.
25 သူတို့၏နေထိုင်ရာအရပ်ကို လူသူကင်းမဲ့စေတော်မူပါ။ သူတို့၏တဲများတွင်လည်း နေထိုင်သူတစ်ဦးမျှ ရှိစေတော်မမူပါနှင့်။-
25 Fique deserto o lugar deles; não haja ninguém que habite nas suas tendas.
26 အကြောင်းမူကား သူတို့သည် ကိုယ်တော်ဒဏ်ခတ်တော်မူသောသူကို ညှဉ်းပန်းနှိပ်စက်ကြပြီး ကိုယ်တော် ဒဏ်ရာရစေ တော်မူသောသူကို ထပ်မံနာကျင်စေကြ၏။-
26 Pois perseguem aqueles que tu feres e comentam a dor daqueles a quem castigas.
27 ထိုသူတို့အပေါ်သို့ အပြစ်ဒဏ်တစ်ခုပြီး တစ်ခုချမှတ်တော်မူပါ။ ကိုယ်တော်၏ ကယ်တင်တော်မူခြင်း၌ သူတို့ကို ပါဝင်ခံစားခွင့်ပြုတော်မမူပါနှင့်။-
27 Acrescenta-lhes pecado sobre pecado; não os deixes alcançar a tua justiça.
28 အသက်ရှင်သူတို့၏ စာရင်းစာအုပ်မှ သူတို့ကိုပယ်ဖျက်တော်မူပါ။ သူတို့ကို ဖြောင့်မတ်သောသူတို့နှင့်အတူ စာရင်းသွင်း တော်မမူပါနှင့်။
28 Sejam eles tirados do livro da vida e não sejam incluídos no rol dos justos.
29 အကျွန်ုပ်မူကား နာကျင်မှုဖြင့် စိတ်ပျက်အားငယ်လျက်ရှိပါ၏။ အိုဘုရားသခင်၊ ကိုယ်တော်၏ ကယ်တင်တော်မူခြင်းသည် အကျွန်ုပ်ကို ကာကွယ်စောင့်ရှောက်တော်မူပါစေ။
29 Grande é a minha aflição e a minha dor! Proteja-me, ó Deus, a tua salvação!
30 ငါသည် ဘုရားသခင်၏နာမတော်ကို သီချင်းတစ်ပုဒ်ဖြင့် သီဆိုချီးမွမ်းမည်။ ငါသည် ကျေးဇူးတော်ကို ချီးမွမ်းခြင်းဖြင့် ကိုယ်တော့်ကို ချီးမြှောက်ပါမည်။-
30 Louvarei o nome de Deus com cânticos e proclamarei sua grandeza com ações de graças;
31 ဘုရားသခင်သည် ဤအမှုအရာကို နွားထီးတစ်ကောင်ထက်လည်းကောင်း၊ ချိုများနှင့် ခွာများဖြင့် ပြည့်စုံသည့်နွားလား တစ်ကောင်ထက်လည်းကောင်း ပို၍နှစ်သက်တော်မူလိမ့်မည်။-
31 isso agradará o Senhor mais do que bois, mais do que touros com seus chifres e cascos.
32 ဖိနှိပ်ခံရသောသူတို့သည် မြင်ကြ၍ ဝမ်းမြောက်ကြလိမ့်မည်။ ဘုရားသခင်ကို ရှာသောသူတို့၊ သင်တို့၏နှလုံးသားများသည် ပြန်လည်အားပြည့်လာကြပါစေသော်။-
32 Os necessitados o verão e se alegrarão; a vocês que buscam a Deus, vida ao seu coração!
33 ထာ၀ရဘုရားသခင်သည် ချို့တဲ့သောသူတို့ကို နားညောင်းတော်မူ၍ အကျဉ်းခံနေရသော မိမိ၏လူတို့ကို စွန့်ပယ်တော် မမူပေ။
33 O Senhor ouve o pobre e não despreza o seu povo aprisionado.
34 ကောင်းကင်၊ မြေကြီး၊ ပင်လယ်များနှင့် ၎င်းတို့တွင် လှုပ်ရှားနေကြသော သူအပေါင်းတို့သည် ကိုယ်တော့်ကို ချီးမွမ်းကြ ပါစေ။-
34 Louvem-no os céus e a terra, os mares e tudo o que neles se move,
35 အကြောင်းမူကား ဘုရားသခင်သည် ဇီအွန်တောင်ကို ကယ်တော်မူ၍ ဂျုဒ၏မြို့တော်များကိုလည်း ပြန်လည် တည်ဆောက်တော်မူလိမ့်မည်။ ထိုအခါ ကိုယ်တော်၏ အစေခံတို့သည် ထိုအရပ်တွင် အခြေစိုက်ကြပြီး ယင်းကို ပိုင်ဆိုင်ကြ လိမ့်မည်။-
35 pois Deus salvará Sião e reconstruirá as cidades de Judá. Então o povo ali viverá e tomará posse da terra;
36 ကိုယ်တော့်အစေခံများ၏ သားမြေးတို့သည်လည်း ထိုနယ်မြေကို အမွေခံကြလိမ့်မည်။ ကိုယ်တော်၏ နာမတော်ကို ချစ်မြတ်နိုးသော သူတို့သည် ထိုအရပ်တွင် နေထိုင်ကြလိမ့်မည်။
36 a descendência dos seus servos a herdará, e nela habitarão os que amam o seu nome.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 69, comparar traduções ou montar um estudo — tudo direto pelo WhatsApp.