Salmos 66
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NTLH
1 ကမ္ဘာမြေတစ်ပြင်လုံး၊ ဘုရားသခင်ထံသို့ ရွှင်လန်းဝမ်းမြောက်ခြင်းနှင့် ကြွေးကြော်လော့။-
1 Que todos os povos louvem a Deus com gritos de alegria!
2 နာမတော်၏ဘုန်းဂုဏ်တော်ကို သီဆိုကျူးအေးလော့။ ကိုယ်တော်ရှင်အား ဘုန်းဂုဏ်တော်နှင့် ချီးမွမ်းထောမနာပြုခြင်းကို ဆက်ကပ်ပူဇော်လော့။-
2 Cantem hinos de louvor a ele; ofereçam a ele louvores
3 ဘုရားသခင်အား လျှောက်ထားရမည်မှာ ကိုယ်တော်၏ အမှုတော်တို့သည် မည်မျှဆန်းကြယ်လှပါသနည်း။ ကိုယ်တော်၏ ဘုန်းတန်ခိုးတော်သည် အလွန်ကြီးမြတ်သည်ဖြစ်၍ ရန်သူတို့သည် ကိုယ်တော်၏ ရှေ့တော်မှောက်တွင် ကြောက်ရွံ့ဝပ်တွား ကြပါ၏။-
3 Digam isto a Deus: “Como são espantosas as coisas que fazes! O teu poder é tão grande, que os teus inimigos ficam com medo e se curvam diante de ti.
4 ကမ္ဘာတစ်ဝန်းလုံးသည် ကိုယ်တော့်ထံတော်တွင် ဦးညွတ်ဝပ်တွား၍ ကိုယ်တော်နှင့် ကိုယ်တော်၏ နာမတော်တို့ကို ချီးမွမ်းဧကျူးကြ၏ ဟူ၍ဖြစ်သတည်း။
4 O mundo inteiro te adora e canta louvores a ti; todos cantam hinos em tua honra.”
5 ဘုရားသခင်လုပ်ဆောင်တော်မူသော အမှုတော်ကို လာ၍ကြည့်ကြလော့။ လူတို့အတွက် ကိုယ်တော်၏ ဆောင်ရွက်ချက် များသည် ဆန်းကြယ်လှပေ၏။-
5 Venham e vejam o que Deus tem feito, vejam com espanto as coisas que ele tem feito em favor das pessoas.
6 ကိုယ်တော်သည် ပင်လယ်ကို ခြောက်သွေ့သော ကုန်းမြေအဖြစ်သို့ ပြောင်းလဲခဲ့ပြီး လူတို့သည် မြစ်ကို ခြေကျင်ဖြတ် ကူးခဲ့ကြ၏။ လာကြ၊ ကိုယ်တော်၌ ရွှင်လန်းဝမ်းမြောက်ကြကုန်စို့။-
6 Ele mudou o mar em terra seca, e os nossos antepassados atravessaram o rio a pé. Ali nos alegramos com o que ele fez.
7 ကိုယ်တော်သည် မိမိ၏ဘုန်းတန်ခိုးတော်နှင့် အစဉ်အမြဲအုပ် စိုးတော်မူ၏။ ကိုယ်တော်၏ မျက်စိတော်များသည် လူမျိုးတကာတို့ကို စောင့်ကြပ်ကြည့်ရှုတော်မူ၏။ ပုန်ကန်သောသူတို့အား ကိုယ်တော့်ကိုဆန့်ကျင်၍ ပုန်ကန်ထကြွခြင်း မပြုစေနှင့်။
7 Pelo seu poder, ele governa para sempre, e os seus olhos vigiam as nações. Que ninguém se revolte contra Deus!
8 အိုလူမျိုးအပေါင်းတို့၊ ငါတို့၏ဘုရားသခင်ကို ကောင်းချီးပေးကြလော့။ ကိုယ်တော်အား ချီးမွမ်းသံကို ကြားစေကြလော့။-
8 Que todas as nações louvem o nosso Deus! Que cantem hinos de louvor em voz alta!
9 ကိုယ်တော်သည် ငါတို့၏အသက်များကို မပျက်စီးစေရန် ထိန်းသိမ်းထား၍ ငါတို့၏ခြေတို့ကိုလည်း ချော်လဲမကျစေရန် ထိန်းထားတော်မူခဲ့၏။-
9 Ele nos tem mantido vivos e não nos tem deixado cair.
10 အကြောင်းမူကား အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စမ်းသပ်တော်မူခဲ့လေပြီ။ ငွေထည်ကို မီးဖြင့်သန့်စင် စေသကဲ့သို့ အကျွန်ုပ်တို့ကို သန့်စင်စေတော်မူခဲ့ပြီ။-
10 Ó Deus, tu nos puseste à prova. Como a prata é provada pelo fogo, assim nos provaste.
11 ကိုယ်တော်သည် အကျွန်ုပ်တို့ကို ကျော့ကွင်း၌ ကျစေခဲ့ပြီး အကျွန်ုပ်တို့၏ ကျောကုန်းများပေါ်တွင် ဝန်ထုပ်များကို တင်တော်မူခဲ့လေပြီ။-
11 Tu nos deixaste cair numa armadilha e colocaste cargas pesadas nas nossas costas.
12 ကိုယ်တော်သည် လူတို့ကို အကျွန်ုပ်တို့၏ ဦးခေါင်းများအပေါ်တွင် ကျော်နင်းစေတော်မူခဲ့ပါ၏။ အကျွန်ုပ်တို့သည် မီးဘေးနှင့် ရေဘေးတို့ကို ဖြတ်သန်းခဲ့ရပါပြီ။ သို့ပင်သော်လည်း ကိုယ်တော်သည် အကျွန်ုပ်တို့ကို ပေါများကြွယ်၀သော အရပ်သို့ ခေါ် ဆောင်ခဲ့လေပြီ။
12 Deixaste que os nossos inimigos nos pisassem. Passamos pelo fogo e pela água, mas agora nos trouxeste para um lugar seguro.
13 အကျွန်ုပ်သည် ကိုယ်တော်၏ဗိမာန်တော်သို့ မီးရှို့ရာယဇ်များဖြင့် လာပါမည်။ ကိုယ်တော့်ထံ၌ ပြုထားသော အကျွန်ုပ်၏ ကတိသစ္စာများကို အကျွန်ုပ်ဖြည့်ဆည်းပါမည်။-
13 Levarei à tua casa os sacrifícios que devem ser completamente queimados; eu te darei o que te prometi.
14 အကျွန်ုပ်ဒုက္ခရောက်သော အချိန်က ထိုကတိသစ္စာများကို အကျွန်ုပ်၏ နှုတ်ခမ်းများဖြင့် ကတိပြုခဲ့ပြီး အကျွန်ုပ်၏နှုတ်ဖြင့် မြွက်ဆိုခဲ့ပါ၏။-
14 Aquilo que prometi, quando estava em aflição, isso mesmo te darei.
15 အကျွန်ုပ်သည် သိုးထီးနှင့် ဆူဖြိုးသော တိရစ္ဆာန်များကိုသတ်၍ ကိုယ်တော့်ထံသို့ မီးရှို့ပူဇော်ပါမည်။ နွားထီးများနှင့် ဆိတ်ထီးများကို လည်း အကျွန်ုပ်မီးရှို့ ပူဇော်ပါမည်။
15 Levarei ovelhas para serem queimadas no altar; oferecerei sacrifícios de touros e cabritos, e a fumaça subirá até o céu.
16 ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသူအပေါင်းတို့၊ လာကြ၍ နားထောင်ကြလော့။ ကိုယ်တော်သည် ငါ့အတွက် မည်သို့ပြုတော်မူခဲ့ကြောင်းကို သင်တို့အား ငါပြောပြမည်။-
16 Todos vocês que temem a Deus , venham e escutem, e eu contarei o que ele tem feito por mim.
17 ငါသည် ကိုယ်တော်အား ကျယ်လောင်စွာ ဟစ်ခေါ်၍ ကိုယ်တော်အား ချီးမွမ်းခြင်းသည်လည်း ငါ၏လျှာပေါ်တွင် ရှိခဲ့၏။-
17 Eu gritei, pedindo a sua ajuda; então o louvei com hinos.
18 ငါ၏စိတ်နှလုံးအတွင်း၌ အမှားကို စွဲလန်းငြိတွယ်ခဲ့ပါလျှင် ထာ၀ရဘုရားသခင်သည် ငါ့ကို နားထောင်တော်မူခဲ့လိမ့်မည် မဟုတ်။-
18 Mas, se eu tivesse guardado maus pensamentos no coração, o Senhor não teria me ouvido.
19 သို့သော် ဘုရားသခင်သည် အမှန်တကယ် နားထောင်တော်မူခဲ့လေပြီ။ ကိုယ်တော်သည် ငါ၏ဆုတောင်းသံကို ကြားနာတော်မူခဲ့လေပြီ။
19 Porém Deus, de fato, me ouviu e respondeu à minha oração.
20 ကိုယ်တော်သည် ငါ၏ဆုတောင်းပတ္ထနာကို ငြင်းပယ်တော်မမူပေ။ ထို့အတူ ကိုယ်တော်သည် မိမိ၏ခိုင်မြဲသော မေတ္တာတော်ကို ငါ့ထံမှ ရုပ်သိမ်းတော်မမူခဲ့ပေ။ ဘုရားသခင်အား ကောင်းချီးမင်္ဂလာရှိပါစေသော်။
20 Eu louvo a Deus porque ele não deixou de ouvir a minha oração e nunca me negou o seu amor.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 66, comparar traduções ou montar um estudo — tudo direto pelo WhatsApp.