Salmos 65

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 အိုဘုရားသခင်၊ ကိုယ်တော့်ကို ဇီအွန်တောင်ပေါ်၌ ချီးမွမ်းထောမနာပြုရန် အချိန်ကျရောက်လေပြီ။ ကိုယ်တော့်ထံ၌ ပြုထားသော ကတိသစ္စာများကိုလည်း ဖြည့်ဆည်းကြလိမ့်မည်။-
1 A ti, ó Deus, é devido o louvor em Sião; e a ti se pagará o voto.
2 ဆုတောင်းခြင်းကို နားညောင်းတော်မူသောအရှင်၊ လူအားလုံးတို့သည် အပြစ်များအတွက်ကြောင့် ကိုယ်တော့်အထံတော်သို့ လာကြလိမ့်မည်။-
2 Ó tu que ouves a oração! a ti virá toda a carne.
3 အကျွန်ုပ်တို့သည် အပြစ်တို့၏ လွှမ်းမိုးမှုကို ခံရသောအခါ ကိုယ်တော်သည် အကျွန်ုပ်တို့၏ ကျူးလွန်မှုများကို အခွင့်လွှတ် တော်မူခဲ့၏။-
3 Prevalecem as iniqüidades contra mim; mas as nossas transgressões, tu as perdoarás.
4 ကိုယ်တော်၏ နန်းတော်များတွင် နေထိုင်ရန် ကိုယ်တော်ရွေးချယ်ဆောင်ကြဉ်းလာတော်မူသောသူသည် မင်္ဂလာရှိ၏။ အကျွန်ုပ်တို့သည်လည်း ကိုယ်တော်၏ သန့်ရှင်းသောဗိမာန်တော်တည်းဟူသော ကိုယ်တော်၏ အိမ်တော်မှ ကောင်းမြတ်သော အရာများဖြင့် ပြည့်၀ကြပါ၏။
4 Bem-aventurado aquele a quem tu escolhes, e fazes chegar a ti, para habitar em teus átrios! Nós seremos satisfeitos com a bondade da tua casa, do teu santo templo.
5 ကိုယ်တော်သည် ကယ်တင်ခြင်းနှင့်အတူ ဖြောင့်မတ်ခြင်း၏ အံ့ဖွယ်ရာအမှုများဖြင့် အကျွန်ုပ်တို့ကို တုံ့ပြန်တော်မူလေ၏။ အကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖြစ်သော အိုဘုရားသခင်၊ ကိုယ်တော်သည် မြေကြီးစွန်းများနှင့် ပင်လယ်ရပ်ဝေး၌ရှိသူ အပေါင်းတို့၏ မျှော်လင့်ရာဖြစ်တော်မူပါ၏။-
5 Com prodígios nos respondes em justiça, ó Deus da nossa salvação, a esperança de todas as extremidades da terra, e do mais remoto mar;
6 ကိုယ်တော်သည် မိမိကိုယ်ကို ခွန်အားဖြင့် ပြည့်စေပြီး ကိုယ်တော်၏ တန်ခိုးတော်ဖြင့် တောင်တန်းများကို ပုံသွင်းတော်မူ ခဲ့လေပြီ။-
6 tu que pela tua força consolidas os montes, cingido de poder;
7 ကိုယ်တော်သည် ပင်လယ်ပြင်နှင့် ၎င်း၏လှိုင်းတံပိုးများ၏ မြည်ဟည်းသံတို့ကိုလည်းကောင်း၊ လူမျိုးအပေါင်းတို့၏ ဆူပူအုံကြွမှုများကိုလည်းကောင်း ငြိမ်သက်စေတော်မူခဲ့၏။-
7 que aplacas o ruído dos mares, o ruído das suas ondas, e o tumulto dos povos.
8 ဤသို့ဖြင့် ကမ္ဘာပေါ်ရှိ အဝေးဆုံးသော အရပ်တို့၌ နေထိုင်ကြသော သူတို့သည် ကိုယ်တော်၏ နိမိတ်လက္ခဏာများကို ထိတ်လန့် ကြောက်ရွံ့ကြကုန်၏။ ကိုယ်တော်သည် နေထွက်ရာအရပ်နှင့် နေဝင်ရာအရပ်တို့၌ ရွှင်လန်းဝမ်းမြောက်ဖွယ် သီချင်းများကို ပေါ်ထွက်စေတော်မူ၏။
8 Os que habitam os confins da terra são tomados de medo à vista dos teus sinais; tu fazes exultar de júbilo as saídas da manhã e da tarde.
9 ကိုယ်တော်သည် ကမ္ဘာမြေကြီးကို အကြည့်အရှုပြုတော်မူ၍ ၎င်းကို မိုးရေဖြင့် သွန်းလောင်းပေးပြီး အတိုင်းထက်အလွန် ကြွယ်၀စေတော်မူ၏။ ဘုရားသခင်၏ မြစ်ချောင်းများသည်လည်း ရေဖြင့်ပြည့်လျက်ရှိ၏။ ကိုယ်တော်သည် လူတို့အား ကောက်ပဲသီးနှံများကို ပေးသနားတော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် ထိုကဲ့သို့ပင် ပြင်ဆင်ထားတော်မူ သောကြောင့်ဖြစ်၏။-
9 Tu visitas a terra, e a regas; grandemente e enriqueces; o rio de Deus está cheio d'água; tu lhe dás o trigo quando assim a tens preparado;
10 ကိုယ်တော်သည် ထွန်ကြောင်းများကို များစွာစိုစွတ်စေပြီး မြေကမူများကို ညီညာစေတော်မူ၏။ မိုးကိုလည်း အကြိမ်ကြိမ် ရွာသွန်းစေခြင်းဖြင့် မြေကြီးကိုပျော့စေပြီး ကောက်ပဲသီးနှံတို့ကို ကောင်းချီးပေးတော်မူပါ၏။-
10 enches d'água os seus sulcos, aplanando-lhes as leivas, amolecendo-a com a chuva, e abençoando as suas novidades.
11 ကိုယ်တော်သည် တစ်နှစ်တာကာလကို မိမိ၏ဆုကျေးဇူးဖြင့် ပြည့်စုံစေတော်မူ၏။ ကိုယ်တော်၏ ခရီးလမ်းတစ်လျှောက် ၌လည်း ပေါများကြွယ်၀ခြင်းများ ပြည့်လျှံနေ၏။-
11 Coroas o ano com a tua bondade, e as tuas veredas destilam gordura;
12 တောကန္တာရရှိ မြက်ခင်းတို့သည်လည်း စိမ်းစိုနေကြ၏။ တောင်ကုန်းတို့သည်လည်း ရွှင်လန်းဝမ်းမြောက်ခြင်းဖြင့် လွှမ်းခြုံ လျက်ရှိကြ၏။-
12 destilam sobre as pastagens do deserto, e os outeiros se cingem de alegria.
13 မြက်ခင်းတို့သည်လည်း သိုးအုပ်တို့ဖြင့် ဖုံးအုပ်လျက်ရှိပြီး ချိုင့်ဝှမ်းတို့သည်လည်း အသီးအနှံတို့ဖြင့် လွှမ်းခြုံလျက်ရှိ၏။ ၎င်းတို့သည် ရွှင်လန်းဝမ်းမြောက်ခြင်းဖြင့် ကြွေးကြော်သီဆိုကြလေပြီ။
13 As pastagens revestem-se de rebanhos, e os vales se cobrem de trigo; por isso eles se regozijam, por isso eles cantam.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 65, comparar traduções ou montar um estudo — tudo direto pelo WhatsApp.