Salmos 55

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 အိုဘုရားသခင်၊ အကျွန်ုပ်၏ ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏ အသနားခံချက်ကို လျစ်လျူရှုတော်မမူပါနှင့်။-
1 Ouve minha oração, ó Deus! Não ignores meu clamor por socorro!
2 အကျွန်ုပ်ကို နားညောင်း၍ ပြန်ကြားတော်မူပါ။ အကျွန်ုပ်၏ တွေးဆချက်များသည် အကျွန်ုပ်ကို စိုးရိမ်ပူပန်စေပြီး အကျွန်ုပ်သည်လည်း စိတ်ရှုပ်ထွေးနေပါ၏။-
2 Ouve-me e responde-me, pois estou sobrecarregado e confuso.
3 ရန်သူတို့၏ ဆူညံသံနှင့် ဆိုးယုတ်သောသူတို့၏ အော်ဟစ်သံကြောင့် အကျွန်ုပ်သည် စိတ်ရှုပ်ထွေးလျက်ရှိပါ၏။ သူတို့သည် အကျွန်ုပ်အပေါ်သို့ ဆင်းရဲဒုက္ခသက်ရောက်စေကြပြီး အမျက်ဒေါ သနှင့် အကျွန်ုပ်ကို မုန်းတီးရန်ရှာကြပါ၏။
3 Meus inimigos gritam contra mim e fazem ameaças perversas. Sobre mim trazem desgraças e me perseguem furiosamente.
4 အကျွန်ုပ်၏စိတ်နှလုံးသည် အတွင်း၌ကြိတ်၍ ပူဆွေးနေရပါ၏။ သေခြင်း၏ ကြောက်မက်ဖွယ်ရာများသည် အကျွန်ုပ်ကို စိတ်ချောက်ချားစေပါ၏။-
4 Dentro do peito, meu coração acelera; o terror da morte se apodera de mim.
5 ကြောက်ရွံ့ခြင်းနှင့် ထိတ်လန့်တုန်လှုပ်ခြင်းတို့သည် အကျွန်ုပ်အပေါ်သို့ သက်ရောက်နေကြပါ၏။ စက်ဆုပ်ဖွယ်ရာတို့သည် လည်း အကျွန်ုပ်ကို ဖိစီးလျက်နေပါ၏။-
5 Sou tomado de medo e pânico, e não consigo parar de tremer.
6 သို့ဖြစ်၍ ငါဆိုသည်ကား ငါ၌ ငှက်တစ်ကောင်၏ အတောင်များရှိခဲ့ပါလျှင် ငါသည် အဝေးသို့ပျံသန်း၍ နားနေမည်။-
6 Quem dera eu tivesse asas como a pomba; voaria para longe e encontraria descanso.
7 ငါသည် အလွန်ဝေးသော အရပ်သို့ ပျံသန်းပြီး တောကန္တာရတွင် နားနေမည်။-
7 Sim, fugiria para bem longe, para o sossego do deserto. Interlúdio
8 ငါသည် လေပြင်းနှင့် မုန်တိုင်းတို့ထံမှဝေးသည့် ငါ၏ခိုလှုံရာဌာနသို့ လျင်မြန်စွာ သွားပေလိမ့်မည် ဟူ၍ဖြစ်၏။
8 Sim, eu me apressaria em escapar para um lugar distante do vendaval e da tempestade.
9 အိုထာ၀ရဘုရားသခင်၊ ဆိုးယုတ်သောသူတို့၏ အကြံအစည်များကို ဖျက်ဆီးတော်မူပါ။ သူတို့၏စကားများကို ရှုပ်ထွေးစေတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် မြို့တွင်း၌ အကြမ်းဖက်မှုနှင့် ဘက်ပြိုင်မှုများကို မြင်တွေ့ရပါ၏။-
9 Confunde-os, Senhor, e frustra seus planos, pois vejo violência e conflito na cidade.
10 သူတို့သည် နေ့ညမပြတ် မြို့ရိုးများပေါ်တွင် ချောင်းမြောင်းလှည့်လည် နေကြပါ၏။ ရန်ငြိုးထားခြင်း၊ ဆဲရေးတိုင်းထွာခြင်း များသည်လည်း မြို့တွင်း၌ရှိနေကြပါ၏။-
10 Dia e noite os muros são guardados de invasores, mas a perversidade e a maldade estão do lado de dentro.
11 မြို့တွင်း၌ ပျက်စီးလျက်ရှိပါ၏။ ခြိမ်းခြောက်မှုများနှင့် လိမ်လည်လှည့်ဖြားခြင်း များသည်လည်း မြို့၏ဈေးလယ်ခေါင်မှ မည်သည့်အခါမျှ ပျောက်ကွယ်သွားသည် ဟူ၍မရှိပါ။
11 Tudo está desmoronando; ameaça e engano correm soltos pelas ruas.
12 အကယ်၍ ရန်သူတစ်ဦးက ငါ့ကိုပြက်ရယ်ပြုခဲ့လျှင် ငါသည်ခံနိုင်၏။ ထိုသူသည် ငါ့ကို ဆန့်ကျင်သောသူဖြစ်လျှင် ငါသည်သူ့ကို မျက်နှာလွှဲဖယ်ထားနိုင်၏။-
12 Não é meu inimigo que me insulta; se fosse, eu poderia suportar. Não são meus adversários que se levantam contra mim; deles eu poderia me esconder.
13 သို့သော် ထိုသူသည် ငါကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်ပြီး ငါ၏အပေါင်းအဖော်၊ ငါ၏ရင်းနှီးသော မိတ်ဆွေဖြစ်သည့် အသင်ဖြစ်နေပါသည်တကား။-
13 Antes, é você, meu igual, meu companheiro e amigo chegado.
14 တစ်ချိန်က ငါတို့သည် ရင်းနှီးစွာပြောဆိုခဲ့ကြပြီး ဘုရားသခင်၏အိမ်တော်သို့ အပေါင်းအဖော်ပြုလျက် သွားခဲ့ကြ၏။-
14 Como era agradável a comunhão que desfrutávamos quando acompanhávamos a multidão à casa de Deus!
15 သေခြင်းသည် ငါ၏ရန်သူများအပေါ်သို့ ကျရောက်ပါစေ။ သူတို့သည် သခင်္ျိုင်းဂူအတွင်းသို့ အရှင်လတ်လတ် ဆင်းကြ ရပါစေ။ အကြောင်းမူကား မကောင်းမှုသည် ထိုသူတို့အလယ်တွင် ခိုဝင်နေသောကြောင့်ဖြစ်ပါ၏။
15 Que a morte apanhe meus inimigos de surpresa; que desçam vivos à sepultura, pois a maldade mora dentro deles.
16 သို့သော် ငါသည် သခင်ဘုရားကို တမ်းတပါ၏။ ထာ၀ရဘုရားသခင်သည်လည်း ငါ့ကို ကယ်တင်တော်မူ၏။-
16 Eu, porém, invocarei a Deus, e o S
17 ညနေ၊ နံနက်နှင့် နေ့လယ်အချိန်တို့တွင် ငါသည် ပူပင်သောကရောက်၍ အော်ဟစ်ရာ၌ ကိုယ်တော်သည် ငါ၏အသံကို ကြားတော်မူလိမ့်မည်။-
17 Pela manhã, ao meio-dia e à noite, clamo angustiado, e ele ouve minha voz.
18 ငါသည် ရန်သူများစွာနှင့် တိုက်ခိုက်ရသော်လည်း ကိုယ်တော်သည် စစ်ပွဲများမှ ငါ့ကိုဘေးကင်းလုံခြုံစွာ ရွေးနုတ်တော်မူ၏။-
18 Ele me resgata e me mantém a salvo na batalha, embora muitos ainda estejam contra mim.
19 ရာဇပလ္လင်တော်ပေါ်၌ ထာ၀ရကပင် စံပယ်တော်မူသော ဘုရားသခင်သည် နားညောင်း၍ သူတို့ကို နှိမ့်ချတော်မူလိမ့်မည်။ အကြောင်းမူကား ရန်သူတို့သည် မိမိတို့၏လမ်းစဉ်များကို မည်သည့်အခါမျှ မပြောင်းလဲကြသည်သာမက ဘုရားသခင်အား ကြောက်ရွံ့ ခြင်းလည်း မရှိကြချေ။
19 Deus, que governa desde a eternidade, me ouvirá e lhes dará o que merecem. Interlúdio Pois meus inimigos não querem mudar sua conduta; eles não temem a Deus.
20 ငါ၏အပေါင်းအဖော်သည် သူ၏မိတ်ဆွေများကို တိုက်ခိုက်၍ သူ၏ပဋိညာဉ်ကို ချိုးဖောက်လေပြီ။-
20 Quanto a meu companheiro, ele traiu seus amigos e não cumpriu suas promessas.
21 သူ၏စကားတို့သည် ထောပတ်ကဲ့သို့ ချောမွတ်သော်လည်း သူ၏နှလုံးအတွင်း၌မူကား စစ်မက်လိုလားလေ၏။ သူ၏ စကားတို့သည် ဆီကဲ့သို့ ညက်ညောသော်လည်း ချိန် ရွယ်ထားသော ဓားများသာဖြစ်၏။
21 Sua fala é macia como manteiga, mas em seu coração há guerra. Suas palavras são suaves como azeite, mas na verdade são punhais.
22 ထာ၀ရဘုရားသခင်ထံတွင် သင်၏ပူပန်သောကများကို ပုံအပ်ပါလော့။ ကိုယ်တော်သည် သင့်ကို အားပေးထောက်မ တော်မူလိမ့်မည်။ ကိုယ်တော်သည် ဖြောင့်မတ်သောသူတို့ကို မည်သည့်အခါမျှ ရှုံးနိမ့်စေတော်မူ လိမ့်မည်မဟုတ်။
22 Entregue suas aflições ao S enhor , e ele cuidará de você; jamais permitirá que o justo tropece e caia.
23 အိုဘုရားသခင်၊ ကိုယ်တော်သည်ကား ဆိုးယုတ်သောသူတို့ကို ပျက်စီးရာတွင်းထဲသို့ ချတော်မူလိမ့်မည်။ သွေးဆာသောသူ၊ လှည့်စားတတ်သောသူတို့သည် မိမိတို့ဘ၀သက်တမ်း၏ ထက်ဝက်မျှပင် အသက်ရှင်ကြရလိမ့်မည်မဟုတ်။ အကျွန်ုပ်မူကား ကိုယ်တော့်ကို ယုံကြည်အားကိုးပါ၏။
23 Tu, porém, ó Deus, lançarás os perversos no abismo de destruição. Assassinos e mentirosos morrerão ainda jovens, mas eu sempre confiarei em ti.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 55, comparar traduções ou montar um estudo — tudo direto pelo WhatsApp.