Salmos 52
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARA
1 အိုခွန်အားကြီးသောလူသား၊ ဘုရားတရားရှိသူအပေါ် ကျူးလွန်သော ဒုစရိုက်အတွက် အဘယ်ကြောင့် ကြွားဝါနေ ပါသနည်း။-
1 Por que te glorias na maldade, ó homem poderoso? Pois a bondade de Deus dura para sempre.
2 သင်သည် ဖျက်ဆီးရန်အတွက်သာ တစ်နေ့လုံး လျှို့ဝှက်ကြံစည်တတ်၍ သင်၏လျှာသည် ထက်မြက်သော သင်တုန်းဓားနှင့်တူ၏။ သင်သည် လိမ်လည်လှည့်စားလျက်ရှိ၏။-
2 A tua língua urde planos de destruição; é qual navalha afiada, ó praticadora de enganos!
3 သင်သည် အဆိုးကို အကောင်းထက်လည်းကောင်း၊ မုသားစကားကို သစ္စာစကားထက်လည်းကောင်း နှစ်သက်မြတ်နိုး၏။-
3 Amas o mal antes que o bem; preferes mentir a falar retamente.
4 အိုလှည့်စားတတ်သောလျှာ၊ သင်သည် ထိခိုက်စေသော စကားမှန်သမျှကို နှစ်သက်တတ်၏။
4 Amas todas as palavras devoradoras, ó língua fraudulenta!
5 အကယ်စင်စစ် ဘုရားသခင်သည် သင့်ကိုထာ၀ရပျက်စီးခြင်းသို့ ရောက်စေလိမ့်မည်။ ကိုယ်တော်သည် သင့်ကိုဖမ်းကိုင်၍ သင်နေထိုင်ရာတဲမှ ဆွဲထုတ်တော်မူလိမ့်မည်။ အသက်ရှင်သောသူတို့ နေထိုင်ရာအရပ်မှ သင့်ကိုနုတ်ပစ်တော်မူလိမ့်မည်။-
5 Também Deus te destruirá para sempre; há de arrebatar-te e arrancar-te da tua tenda e te extirpará da terra dos viventes.
6 ဖြောင့်မတ်သောသူတို့သည် မြင်၍ ကြောက်ရွံ့ကြလိမ့်မည်။ သူတို့သည် သူ့ကိုပြက်ရယ်ပြု၍ ပြောဆိုကြသည်မှာ၊-
6 Os justos hão de ver tudo isso, temerão e se rirão dele, dizendo:
7 ဘုရားသခင်ကို မိမိ၏ခိုလှုံရာအဖြစ် လက်မခံဘဲလျက် မိမိ၏စည်းစိမ်ချမ်းသာအပေါ် အားထားသူကိုကြည့်ကြလော့။ သူသည် ဆိုးယုတ်ခြင်းအားဖြင့် ခွန်အားကြီးလာခဲ့သည်ဟူ၍ဖြစ်၏။
7 Eis o homem que não fazia de Deus a sua fortaleza; antes, confiava na abundância dos seus próprios bens e na sua perversidade se fortalecia.
8 အကျွန်ုပ်မူကား ထာ၀ရဘုရားသခင်၏ အိမ်တော်တွင် ရှင်သန်ကြီးထွားနေသော သံလွင်ပင်တစ်ပင်ကဲ့သို့ဖြစ်၏။ အကျွန်ုပ်သည် ထာ၀ရဘုရားသခင်၏ ခိုင်မြဲသောမေတ္တာတော်ကို ကာလအဆက်ဆက် ယုံကြည်အားကိုးပါ၏။-
8 Quanto a mim, porém, sou como a oliveira verdejante, na Casa de Deus; confio na misericórdia de Deus para todo o sempre.
9 အကျွန်ုပ်သည် ကိုယ်တော်လုပ်ဆောင်တော်မူသော အမှုအတွက် ကိုယ်တော့်ကို ကာလအစဉ်အဆက် ချီးမွမ်းထောမနာ ပြုပါမည်။ ကိုယ်တော်၏ နာမတော်သည် ကောင်းမြတ်တော်မူသောကြောင့် ကိုယ်တော်၏ သူတော်သူမြတ်တို့ ရှေ့မှောက်တွင် အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကို မျှော်လင့်ကိုးစားပါမည်။
9 Dar-te-ei graças para sempre, porque assim o fizeste; na presença dos teus fiéis, esperarei no teu nome, porque é bom.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 52, comparar traduções ou montar um estudo — tudo direto pelo WhatsApp.