Salmos 50

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 တန်ခိုးကြီးသောအရှင် ထာ၀ရဘုရားသခင်သည် အမိန့်တော်ရှိ၍ နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် ကမ္ဘာတစ်ဝန်းလုံးကို ဆင့်ခေါ်တော်မူ၏။-
1 Fala o Poderoso, o Senhor Deus, e chama a terra desde o Levante até ao Poente.
2 ဘုရားသခင်၏ ရောင်ခြည်တော်သည် တင့်တယ်သော အသရေနှင့်ပြည့်စုံသည့် ဇီအွန်တောင်ပေါ်မှ ထွန်းတောက်လေ၏။
2 Desde Sião, excelência de formosura, resplandece Deus.
3 ငါတို့၏ ဘုရားသခင်သည် ကြွလာပြီး တိတ်ဆိတ်စွာ နေတော်မူလိမ့်မည်မဟုတ်။ ကိုယ်တော်၏ ရှေ့တော်တွင် မီးပြင်းထန်စွာ လောင်ကျွမ်းလျက်ရှိပြီး ကိုယ်တော့်ထံတော်ပါး၌လည်း မုန်တိုင်းထန်လျက်ရှိ၏။-
3 Vem o nosso Deus e não guarda silêncio; perante ele arde um fogo devorador, ao seu redor esbraveja grande tormenta.
4 ကိုယ်တော်သည် မိမိ၏လူမျိုးတော်ကို တရားစီရင်ရန် အထက်ကောင်းကင်ယံတို့နှင့် ကမ္ဘာမြေကြီးကို ဆင့်ခေါ်တော်မူ သည်မှာ၊-
4 Intima os céus lá em cima e a terra, para julgar o seu povo.
5 ယဇ်ပူဇော်ခြင်းအားဖြင့် ငါနှင့်ပဋိညာဉ်ပြုပြီး ဆက်ကပ်ထားသော သူတို့ကို ငါ့ထံသို့ စုရုံးစေကြလော့ ဟူ၍ဖြစ်၏။-
5 Congregai os meus santos, os que comigo fizeram aliança por meio de sacrifícios.
6 ကောင်းကင်တို့သည်လည်း ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်းကို ကြွေးကြော်ကြ၏။ အကြောင်းမူကား ဘုရားသခင် ကိုယ်တော်တိုင် တရားသူကြီး ဖြစ်တော်မူသောကြောင့်တည်း။
6 Os céus anunciam a sua justiça, porque é o próprio Deus que julga.
7 ကိုယ်တော်က ငါ၏လူမျိုးတော်တို့၊ နားထောင်ကြလော့။ ငါသည် မိန့်မြွက်တော်မူမည်။ အိုအစ္စရာအဲလ် အမျိုးသားတို့၊ ငါသည် သင်တို့ကို စွဲချက်တင်မည်။ ငါသည် ဘုရားသခင်ဖြစ်တော်မူ၏။ သင်တို့၏ ဘုရားသခင်လည်း ဖြစ်တော်မူ၏။-
7 Escuta, povo meu, e eu falarei; ó Israel, e eu testemunharei contra ti. Eu sou Deus, o teu Deus.
8 သင်တို့၏ ပူဇော်သကာများအတွက် ငါသည် သင်တို့ကို အပြစ်မတင်ပေ။ သင်တို့၏ မီးရှို့ပူဇော်ရာများသည်လည်း ငါ၏မျက်မှောက်တွင် အစဉ်မပြတ်ရှိကြ၏။-
8 Não te repreendo pelos teus sacrifícios, nem pelos teus holocaustos continuamente perante mim.
9 ငါသည် သင်တို့၏ခြံထဲမှ နွားကိုလည်းကောင်း၊ သင်တို့၏ဆိတ်အုပ်ထဲမှ ဆိတ်တို့ကိုလည်းကောင်း အလိုမရှိပေ။-
9 De tua casa não aceitarei novilhos, nem bodes, dos teus apriscos.
10 တောတိရစ္ဆာန်တိုင်းနှင့် ထောင်ပေါင်းများစွာသော တောင်ကုန်းများပေါ်ရှိ နွားအုပ်များသည် ငါပိုင်ဆိုင်သော အရာများဖြစ်၏။-
10 Pois são meus todos os animais do bosque e as alimárias aos milhares sobre as montanhas.
11 တောင်တန်းများရှိ ကျေးငှက်အပေါင်းကို ငါသိ၏။ လယ်ကွင်းပြင်ရှိ ဖန်ဆင်းခံသတ္တဝါများသည်လည်း ငါပိုင်ဆိုင်သော အရာများဖြစ်ကြ၏။
11 Conheço todas as aves dos montes, e são meus todos os animais que pululam no campo.
12 အကယ်၍ ငါသည် ဆာမွတ်ခဲ့ပါလျှင် သင်တို့ကို ပြောလိမ့်မည်မဟုတ်။ အကြောင်းမူကား ကမ္ဘာမြေကြီးနှင့် ၎င်းအပေါ်တွင် ရှိသမျှတို့သည် ငါ၏ပိုင်ဆိုင်ရာများသာ ဖြစ်သောကြောင့်တည်း။-
12 Se eu tivesse fome, não to diria, pois o mundo é meu e quanto nele se contém.
13 ငါသည် နွားတို့၏အသားကို စားသလော။ သို့တည်းမဟုတ် ဆိတ်တို့၏အသွေးကို သောက်သုံးသလော။-
13 Acaso, como eu carne de touros? Ou bebo sangue de cabritos?
14 ကျေးဇူးတင်ချီးမွမ်းခြင်းယဇ်ကို ဘုရားသခင်အား ပူဇော်လော့။ အမြင့်ဆုံးသော အရှင်ထံ သင်တို့ပြုထားသည့် ကတိသစ္စာ တို့ကို ဖြည့်ဆည်းကြလော့။-
14 Oferece a Deus sacrifício de ações de graças e cumpre os teus votos para com o Altíssimo;
15 ဒုက္ခရောက်ချိန်၌ ငါ့အားတမ်းတကြလော့။ ငါသည် သင်တို့ကို ကယ်တင်မည်။ သင်တို့သည်လည်း ငါ၏ဘုန်းဂုဏ်တော်ကို ချီးမွမ်းကြလိမ့်မည်။
15 invoca-me no dia da angústia; eu te livrarei, e tu me glorificarás.
16 သို့ရာတွင် သူယုတ်မာတို့အား ထာ၀ရဘုရားသခင် မိန့်တော်မူသည်မှာ ငါ၏ပညတ်များကို ရွတ်ဆိုရန်၊ သို့မဟုတ် ငါ၏ပဋိညာဉ်တော်ကို သင်တို့၏ နှုတ်ဖျားတွင်ရှိစေရန် သင်တို့၌ မည်သို့အခွင့်ရှိသနည်း။-
16 Mas ao ímpio diz Deus: De que te serve repetires os meus preceitos e teres nos lábios a minha aliança,
17 အကြောင်းမူကား သင်တို့သည် ငါ၏သွန်သင်ဆုံးမမှုကို မုန်းတီးကြပြီး ငါ၏စကားများကို ကျောခိုင်းကြ၏။-
17 uma vez que aborreces a disciplina e rejeitas as minhas palavras?
18 သင်တို့သည် တွေ့သမျှသော သူခိုးတိုင်းနှင့် မိတ်ဖွဲ့ကြပြီး အိမ်ထောင်ရေး ဖောက်ပြန်သူများနှင့် အပေါင်းအသင်းပြုကြသော ကြောင့်ဖြစ်၏။
18 Se vês um ladrão, tu te comprazes nele e aos adúlteros te associas.
19 သင်သည် သင်၏နှုတ်ကို မကောင်းပြောရန် အသုံးပြုပြီး သင်၏လျှာကိုလည်း လိမ်လည်လှည့်စားရန် အသင့်ပြင်ဆင် ထား၏။-
19 Soltas a boca para o mal, e a tua língua trama enganos.
20 သင်သည် ထိုင်လျက် မိမိ၏ညီအစ်ကိုကို ဆန့်ကျင်ပြောဆိုတတ်၏။ သင်သည် သင့်မိခင်၏သားကို အသရေဖျက်၏။-
20 Sentas-te para falar contra teu irmão e difamas o filho de tua mãe.
21 သင်သည် ဤအမှုတို့ကို ပြုမူပြီးနောက် ငါသည် တိတ်ဆိတ်စွာနေရမည်လော။ ငါ့အား သင်ကဲ့သို့သော လူတစ်ဦးဟူ၍ သင်ထင်မှတ်သလော။ သို့ရာတွင် ယခုငါသည် သင့်အား ပြစ်တင်ဆုံးမ၍ သင်၏ အပြစ်ကို စွဲချက်တင်မည်။
21 Tens feito estas coisas, e eu me calei; pensavas que eu era teu igual; mas eu te arguirei e porei tudo à tua vista.
22 ဘုရားသခင်ကို မေ့လျော့သော အသင်တို့၊ ဤအချက်ကို ဆင်ခြင်ကြလော့။ ထိုသို့မဟုတ်လျှင် ငါသည် သင်တို့ကို အစိတ်စိတ်အမြွှာမြွှာ ပျက်စီးစေမည်။ သင်တို့ကို ကယ်တင်မည့်သူ တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည်မဟုတ်။-
22 Considerai, pois, nisto, vós que vos esqueceis de Deus, para que não vos despedace, sem haver quem vos livre.
23 ကျေးဇူးတင်ချီးမွမ်းခြင်းယဇ်ကို ပူဇော်သောသူတို့သည် ငါ့ကိုရိုသေဂုဏ်ပြုကြ၏။ ထာ၀ရဘုရားသခင်၏ ကယ်တင် တော်မူခြင်း ကျေးဇူးကို သူတို့အား ငါပြသမည်။
23 O que me oferece sacrifício de ações de graças, esse me glorificará; e ao que prepara o seu caminho, dar-lhe-ei que veja a salvação de Deus.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 50, comparar traduções ou montar um estudo — tudo direto pelo WhatsApp.