Salmos 47
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC
1 လူမျိုးအပေါင်းတို့၊ လက်ခုပ်တီးကြလော့။ ဘုရားသခင်အား ကျယ်လောင်သောသီချင်းသံနှင့် ရွှင်လန်းစွာ ဩဘာပေး ကြလော့။-
1 Aplaudi com as mãos, todos os povos; cantai a Deus com voz de triunfo.
2 အကြောင်းမူကား အမြင့်မြတ်ဆုံးသော ထာ၀ရဘုရားသခင်သည် ကြောက်မက်ဖွယ်ကောင်းလှပေ၏။ ကိုယ်တော်သည် ကမ္ဘာတစ်ဝန်းလုံးကို အုပ်စိုးသော ဘုရင်မင်းမြတ်ဖြစ်တော်မူ၏။-
2 Porque o Senhor Altíssimo é tremendo e Rei grande sobre toda a terra.
3 ကိုယ်တော်သည် လူအပေါင်းတို့ကို ငါတို့၏လက်အောက်ခံအ ဖြစ်လည်းကောင်း၊ လူမျိုးတို့ကို ငါတို့၏ခြေဖဝါးအောက်၌ လည်းကောင်း ကျိုးနွံစေ၏။-
3 Ele nos submeterá os povos e porá as nações debaixo dos nossos pés.
4 ကိုယ်တော်သည် မိမိချစ်တော်မူသော ယာကုပ်၏ဂုဏ်ယူဝင့်ကြွားစရာကို ငါတို့၏ အမွေအနှစ်အဖြစ် ရွေးချယ်တော်မူ၏။
4 Escolherá para nós a nossa herança, a glória de Jacó, a quem amou. (Selá)
5 ဘုရားသခင်သည် ကြွေးကြော်သံများဖြင့် အထက်သို့တက်ကြွတော်မူ၏။ ထာ၀ရဘုရားသခင်သည် တံပိုးခရာမှုတ်သံများဖြင့် တက်ကြွတော်မူ၏။-
5 Deus subiu com júbilo, o Senhor subiu ao som da trombeta.
6 ဘုရားသခင်အား ချီးမွမ်းဧကျူးကြလော့။ ငါတို့၏ ဘုရင်မင်းမြတ်အား ချီးမွမ်းဧကျူးကြလော့။ ချီးမွမ်းဧကျူးကြလော့။-
6 Cantai louvores a Deus, cantai louvores; cantai louvores ao nosso Rei, cantai louvores.
7 အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ကမ္ဘာတစ်ဝန်းလုံး၏ ဘုရင်ဖြစ်တော်မူ၏။ ဆာလံသီချင်းဖြင့် ချီးမွမ်းဧကျူး ကြလော့။
7 Pois Deus é o Rei de toda a terra; cantai louvores com inteligência.
8 ဘုရားသခင်သည် လူမျိုးတကာတို့ကို အုပ်စိုးတော်မူ၏။ ဘုရားသခင်သည် မိမိ၏သန့်ရှင်းမွန်မြတ်သော ရာဇပလ္လင်တော် ပေါ်တွင် ထိုင်တော်မူ၏။-
8 Deus reina sobre as nações; Deus se assenta sobre o trono da sua santidade.
9 လူမျိုးတကာတို့၏ မင်းညီမင်းသားတို့သည် အာဘရာဟံကိုးကွယ်သော ဘုရားသခင်၏ လူမျိုးတော်အဖြစ် စုရုံးလာကြ၏။ အကြောင်းမူကား ကမ္ဘာမြေကြီး၏ ဒိုင်းလွှားများကို ဘုရားသခင် ပိုင်ဆိုင်တော်မူ၏။ ကိုယ်တော်သည် ကြီးမြတ်တော်မူ၍ အမြင့်ဆုံးဖြစ်တော်မူ၏။
9 Os príncipes dos povos se congregam para serem o povo do Deus de Abraão; porque os escudos da terra são de Deus; ele está muito elevado!
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 47, comparar traduções ou montar um estudo — tudo direto pelo WhatsApp.