Salmos 45

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 အရှင်မင်းကြီးအတွက် လင်္ကာပုဒ်များကို ငါရွတ်ဆိုနေစဉ် ငါ၏နှလုံးသားသည် မွန်မြတ်သော အကြောင်းအရာတို့နှင့် ပြည့်လျှံလျက်ရှိပြီး ငါ၏လျှာသည်လည်း ကျွမ်းကျင်သည့် ကျမ်းတတ်ဆရာတစ်ဦး၏ ကလောင်တံနှင့်တူ၏။
1 Lindas palavras comovem meu coração; recitarei um belo poema a respeito do rei, pois minha língua é como a pena de um habilidoso escritor.
2 သင်သည် လူတကာတို့ထက် သာလွန်ကောင်းမွန်ပါ၏။သင်၏နှုတ်ခမ်းများသည်လည်း ကျေးဇူးတော်ဖြင့် သွန်းလောင်းခြင်း ခံထားရပါ၏။ အကြောင်းမူကား ဘုရားသခင်သည် မင်းကြီးကို အစဉ်ထာ၀ရ ကောင်းချီးပေးတော်မူလေပြီ။-
2 Tu és o mais belo de todos; palavras graciosas fluem de teus lábios. Sim, Deus te abençoou para sempre.
3 တန်ခိုးကြီးတော်မူသော အရှင်မင်းကြီး၊ အရှင်၏ဘုန်းကျက်သရေနှင့် တောက်ပမှုတို့ဖြင့် အရှင်၏ဓားလွယ်ကို ခါးတွင် စည်းတော်မူပါ။-
3 Põe tua espada à cintura, ó poderoso guerreiro; tu és glorioso e majestoso!
4 အမှန်တရား၊ ကောင်းမြတ်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ကာကွယ်ရန်အတွက် အရှင်၏ ဘုန်းကျက်သရေ၌ အောင်မြင်ခြင်းဖြင့် စီးနင်းကြွလာတော်မူပါ။ အရှင်၏ညာလက်ရုံးသည် အံ့ဖွယ်ရာအမှုတို့ကို အရှင့်အား ပြသပါစေ။-
4 Em tua majestade, cavalga para a vitória e defende a verdade, a humildade e a justiça; avança e realiza feitos notáveis.
5 အရှင်၏ချွန်ထက်သော မြားတို့သည် အရှင်မင်းကြီး၏ ရန်သူတို့၏ နှလုံးသားများကို ထိုးဖောက်ပါစေ။ လူမျိုးတကာတို့သည် လည်း အရှင်၏ ခြေတော်အောက်တွင် ကျရှုံးကြပါစေ။
5 Tuas flechas são agudas e atravessam o coração de teus inimigos; as nações caem a teus pés.
6 အိုဘုရားသခင်၊ ကိုယ်တော့်ရာဇပလ္လင်တော်သည် အစဉ်ထာ၀ရတည်ပါ၏။ ကိုယ်တော့်နိုင်ငံတော်၏ အာဏာစက်သည် တရားမျှတသော အာဏာစက်ဖြစ်ပါ၏။-
6 Teu trono, ó Deus, permanece para todo o sempre; tu governas com cetro de justiça.
7 အရှင်သည် ဖြောင့်မတ်မှန်ကန်မှုကို နှစ်သက်မြတ်နိုး၍ ဆိုးယုတ်မှုကို မုန်းတီးပါ၏။ ထို့ကြောင့် အရှင်၏ဘုရားဖြစ်သော ထာ၀ရဘုရားသခင်သည် အရှင်မင်းကြီးကို ရွှင်လန်းခြင်း၏ဆီနှင့် ဘိသိက်သွန်းလောင်းခြင်းဖြင့် အရှင်၏အပေါင်းအဖော်တို့ အထက်တွင် တည်ရှိစေတော်မူလေပြီ။-
7 Amas a justiça e odeias o mal; por isso, Deus, o teu Deus, te ungiu. Derramou sobre ti o óleo da alegria mais que sobre qualquer outro.
8 အရှင်မင်းကြီး၏ ဝတ်ရုံတော်တို့သည် မုရန်၊ အကျော်၊ သစ်ကြပိုးရနံ့တို့ဖြင့် မွှေးကြိုင်လျက်ရှိပါ၏။ ဆင်စွယ်ဖြင့် တန်ဆာဆင်ထားသော နန်းတော်များမှ ကြိုးတပ်တူရိယာတို့၏ တေးဂီတသံသည် အရှင်မင်းကြီးအား ရွှင်လန်းဝမ်းမြောက် စေပါ၏။-
8 Mirra, aloés e cássia perfumam tuas roupas; em palácios de marfim, instrumentos de cordas te alegram.
9 အရှင်မင်းကြီး၏ မောင်းမတော်တို့တွင် ရှင်ဘုရင်တို့၏ သမီးတော်များ ပါဝင်ကြ၏။ အရှင်၏လက်ယာဘက်တွင် ဩဖိပြည်မ ှရွှေဖြင့်တန်ဆာ ဆင်ထားသော မိဖုရားကြီးရှိပါ၏။
9 Entre as mulheres de tua corte há filhas de reis; à tua direita, está a rainha, usando joias de ouro puro de Ofir.
10 အိုသမီးတော်၊ ကြားနာပါလော့။ ဆင်ခြင်သုံးသပ်၍ နားထောင်ပါလော့။ သင်၏လူမျိုးတို့နှင့် သင့်ဖခင်၏အိမ်ကို မေ့ပစ်ပါလော့။-
10 Ouça, ó filha de rei; leve a sério o que digo. Esqueça seu povo e sua família,
11 အရှင်မင်းကြီးသည် သင်၏လှပတင့်တယ်မှုကို စွဲလမ်းငြိတွယ်လေပြီ။ သူ့ကို ရိုသေလေးစားပါလော့။ အကြောင်းမူကား သူသည် သင်၏ အရှင်သခင်ဖြစ်၏။-
11 pois o rei, seu marido, se encanta com sua beleza; honre-o, pois ele é seu senhor.
12 တီရာမြို့သူမြို့သားတို့သည် လက်ဆောင်ပဏ္ဏာများ ယူဆောင်၍ လာကြလိမ့်မည်။ ချမ်းသာကြွယ်၀သော သူတို့သည် သင့်ထံ၌ မျက်နှာရရန် ကြိုးစားကြလိမ့်မည်။
12 A cidade de Tiro a cobrirá de presentes, os ricos suplicarão por seu favor.
13 မင်းသမီးသည် သူမ၏အိပ်ခန်းတွင် ကျက်သရေဖြင့် ပြည့်လျက်ရှိ၏။ သူမ၏ဝတ်ရုံသည်လည်း ရွှေချည်ဖြင့် ရောစပ် ရက်လုပ်ထား၏။-
13 A princesa é uma linda noiva, belíssima em seu vestido dourado.
14 သူမကို ရောင်စုံခြယ်သထားသော ဝတ်ရုံများဝတ်ဆင်စေ၍ မင်းကြီးထံသို့ ခေါ်ဆောင်ခဲ့ကြ၏။ သူမ၏အပေါင်းအဖော်များ ဖြစ်ကြသော အပျိုကညာတို့သည်လည်း သူမ၏နောက်မှ လိုက်ပါလာကြ၏။-
14 Em suas roupas bordadas, é levada até o rei, acompanhada de suas damas de honra.
15 သူတို့သည် ရွှင်လန်းဝမ်းမြောက်စွာ လိုက်ပါလာကြပြီး ဘုရင်မင်းမြတ်၏ နန်းတော်အတွင်းသို့ ဝင်ရောက် ကြလေ၏။
15 Formam um grupo alegre e festivo que entra no palácio real.
16 အရှင်မင်းကြီး၏ သားရတနာတို့သည် ဘိုးဘေးတို့၏ အရိုက်အရာကို ဆက်ခံကြပါလိမ့်မည်။ အရှင်မင်းကြီးသည်လည်း သူတို့ကို ကမ္ဘာတစ်ဝန်းလုံးတွင် အုပ်ချုပ်သူ မင်းညီမင်းသားများ ဖြစ်စေတော်မူလိမ့်မည်။-
16 Teus filhos serão reis, como o pai deles; tu os farás governantes de muitas terras.
17 အကျွန်ုပ်သည် အရှင်မင်းကြီး၏ နာမတော်ကို လူမျိုးအစဉ်အဆက် အောက်မေ့ကျော်စောစေမည်။ ထို့ကြောင့် လူမျိုးတကာ တို့သည်လည်း အရှင်မင်းကြီးအား ကာလအဆက်ဆက် ချီးမွမ်းထောမနာပြုကြပါလိမ့်မည်။
17 Eu darei honra ao teu nome por todas as gerações; por isso, as nações te louvarão para todo o sempre.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 45, comparar traduções ou montar um estudo — tudo direto pelo WhatsApp.