Salmos 44

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 အိုဘုရားသခင်၊ ရှေးကာလဘိုးဘေးတို့လက်ထက်၌ ကိုယ်တော်ပြုတော်မူသော အမှုအရာများအကြောင်းကို သူတို့ပြောပြ၍ အကျွန်ုပ်တို့၏နားဖြင့် ကြားခဲ့ရပါပြီ။-
1 Ao mestre de canto. Hino dos filhos de Coré. Ó Deus, ouvimos com os nossos próprios ouvidos, nossos pais nos contaram a obra que fizestes em seus dias, nos tempos de antanho.
2 ကိုယ်တော်သည် ကိုယ်တော်၏လက်တော်ဖြင့် တစ်ပါးအမျိုးသားတို့ကို နှင်ထုတ်ပြီး ဘိုးဘေးတို့ကို အခြေစိုက်နေထိုင် စေတော်မူခဲ့၏။ ကိုယ်တော်သည် တစ်ပါးအမျိုးသားတို့ကို နှိမ်နင်း၍ ဘိုးဘေးတို့ကို တိုးပွားစေတော်မူခဲ့၏။-
2 Para implantá-los, expulsastes com as vossas mãos nações pagãs; para lhes dardes lugar, abatestes povos.
3 အကြောင်းမူကား ဘိုးဘေးတို့သည် ထိုပြည်ကို မိမိတို့၏ ဓားလက်နက်ဖြင့် သိမ်းပိုက်ခဲ့ခြင်းမဟုတ်ပေ။ သူတို့သည် မိမိတို့၏ စွမ်းအားကြောင့် အောင်နိုင်ခြင်းလည်းမဟုတ်ဘဲ ကိုယ်တော်၏ညာလက်တော်၊ ကိုယ်တော်၏လက်ရုံးတော်နှင့် ရွှေမျက်နှာတော် ၏အလင်းတော်တို့ဖြင့်သာလျှင် ကယ်တင်ခြင်းခံခဲ့ရခြင်းဖြစ်၏။ အကြောင်းမူကား ကိုယ်တော်သည် သူတို့ကို နှစ်သက်မြတ်နိုး တော်မူသောကြောင့်ဖြစ်၏။
3 Com efeito, não foi com sua espada que conquistaram essa terra, nem foi seu braço que os salvou, mas foi vossa mão, foi vosso braço, foi o resplendor de vossa face, porque os amastes.
4 ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရင်နှင့် အကျွန်ုပ်၏ ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည် ယာကုပ်အား အောင်ပွဲများကို ပေးသနားတော်မူ၏။-
4 Meu Deus, vós sois o meu rei, vós que destes as vitórias a Jacó.
5 အကျွန်ုပ်တို့သည် ကိုယ်တော်အားဖြင့် ရန်သူတို့ကို တွန်းလှန်ကြပါ၏။ ကိုယ်တော်၏ နာမတော်အားဖြင့် ရန်သူတို့ကို နင်းခြေ ကြပါ၏။-
5 Por vossa graça repelimos os nossos inimigos, em vosso nome esmagamos nossos adversários.
6 အကျွန်ုပ်၏လေးကို အကျွန်ုပ်အားမကိုးပါ။ အကျွန်ုပ်၏ဓားသည် အကျွန်ုပ်အား အောင်မြင်ခြင်းကို ယူဆောင်ပေးသည် မဟုတ်ပါ။-
6 Não foi em meu arco que pus minha confiança, nem foi minha espada que me salvou,
7 သို့သော် ကိုယ်တော်သည် အကျွန်ုပ်တို့အား ရန်သူတို့အပေါ် အောင်မြင်ခွင့်ကို ပေးသနားတော်မူ၍ အကျွန်ုပ်တို့အား မုန်းတီးသူများကို အရှက်ကွဲစေတော်မူပါ၏။-
7 mas fostes vós que nos livrastes de nossos inimigos e confundistes os que nos odiavam.
8 ငါတို့သည် ဘုရားသခင်၌ အဆက်မပြတ် ဂုဏ်ယူဝါကြွားကြပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏ နာမတော်ကို အစဉ်ချီးမွမ်းကြပါမည်။
8 Era em Deus que em todo o tempo nos gloriávamos, e seu nome sempre celebrávamos.
9 ယခုတွင်မူ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စွန့်ပစ်တော်မူ၍ ရှုံးနိမ့်စေခဲ့ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ စစ်တပ်များနှင့်အတူ ချီတက်ခြင်းမပြုတော့ပါ။-
9 Agora, porém, nos rejeitais e confundis; e já não ides à frente de nossos exércitos.
10 ကိုယ်တော်သည် အကျွန်ုပ်တို့အား ရန်သူတို့၏ရှေ့တွင် တပ်လန်စေခဲ့ပြီး ရန်သူများအား အကျွန်ုပ်တို့ကို လုယက် တိုက်ခိုက်စေခဲ့ပါ၏။-
10 Vós nos fizestes recuar diante do inimigo, e os que nos odiavam pilharam nossos bens.
11 ကိုယ်တော်သည် အကျွန်ုပ်တို့အား သတ်ဖြတ်ခံရမည့် သိုးများကဲ့သို့ ဖြစ်စေကာ လူမျိုးတကာတို့အလယ်တွင် ကွဲလွင့် စေခဲ့ပါ၏။-
11 Entregastes-nos como ovelhas para o corte, e nos dispersastes entre os pagãos.
12 ကိုယ်တော်သည် မိမိ၏လူမျိုးတော်အား အဖိုးအနည်းငယ်နှင့် ရောင်းချခဲ့ပြီး မည်သည့်အမြတ်အစွန်းမျှလည်း ရရှိတော်မမူခဲ့ပါ။
12 Vendestes vosso povo por um preço vil, e pouco lucrastes com esta venda.
13 ကိုယ်တော်သည် အကျွန်ုပ်တို့အား အိမ်နီးချင်းများ၏ ကဲ့ရဲ့ဖွယ်ရာ၊ ပတ်ဝန်းကျင်၌ နေထိုင်သူတို့၏ ရှုတ်ချပြက်ရယ် ပြုဖွယ်ရာ ဖြစ်စေတော်မူခဲ့ပါ၏။-
13 Fizeste-nos o opróbrio de nossos vizinhos, irrisão e ludíbrio daqueles que nos cercam.
14 ကိုယ်တော်သည် အကျွန်ုပ်တို့အား တိုင်းနိုင်ငံတို့အလယ်တွင် ရှုတ်ချပြစ်တင်စရာဖြစ်စေခဲ့ပြီး လူများအလယ်တွင် ရယ်မော လှောင်ပြောင်စရာလည်း ဖြစ်စေခဲ့ပါ၏။-
14 Fizestes de nós a sátira das nações pagãs, e os povos nos escarnecem à nossa vista.
15 အကျွန်ုပ်သည် အကျွန်ုပ်၏ အသရေပျက်မှုကို တစ်နေ့လုံးမျက်မှောက် ပြုနေရပြီး-
15 Continuamente estou envergonhado, a confusão cobre-me a face,
16 အကျွန်ုပ်၏ မျက်နှာသည်လည်း ကဲ့ရဲ့ပြစ်တင်သူများနှင့် ဆဲရေးတိုင်းထွာသူများ၏ စကားများကြောင့်လည်းကောင်း၊ ရန်သူနှင့် လက်စားချေသူတို့၏ မျက်နှာကို မြင်ရသောကြောင့်လည်းကောင်း အရှက်နှင့်ဖုံးလျက်ရှိပါ၏။
16 por causa dos insultos e ultrajes de um inimigo cheio de rancor.
17 အကျွန်ုပ်တို့သည် ကိုယ်တော်ကို မမေ့လျော့ခဲ့ကြပါ။ ကိုယ်တော်၏ ပဋိညာဉ်တော်ကိုလည်း အကျွန်ုပ်တို့ မချိုးဖောက်ခဲ့ကြပါဘဲလျက် ဤအရာတို့သည် အကျွန်ုပ် တို့အပေါ်သို့ ကျရောက်ခဲ့လေပြီ။-
17 E, apesar de todos esses males que nos sobrevieram, não vos esquecemos, não violamos a vossa aliança.
18 အကျွန်ုပ်တို့၏စိတ်နှလုံးသည် ကိုယ်တော့်ကို ကျောမခိုင်းခဲ့ပါ။ အကျွန်ုပ်တို့၏ ခြေလှမ်းများသည်လည်း ကိုယ်တော်၏ တရားလမ်းမှ သွေဖည်၍မသွားခဲ့ကြပါ။-
18 Nosso coração não se desviou de vós, nem nossos passos se apartaram de vossos caminhos,
19 သို့သော် ကိုယ်တော်သည် မြေခွေးတို့ ကျက်စားရာအရပ်တွင် အကျွန်ုပ်တို့ကို ချိုးဖဲ့နှိပ်စက်ခဲ့ပြီး သေခြင်း၏ အမှောင်ထုဖြင့် အကျွန်ုပ်တို့ကို ဖုံးလွှမ်းတော်မူခဲ့လေပြီ။
19 para que nos esmagueis no lugar da aflição e nos envolvais de trevas...
20 အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ကို မေ့လျော့ခဲ့လျှင်သော်လည်းကောင်း၊ အခြားဘုရားထံသို့ အကျွန်ုပ်တို့၏ လက်များကို ဆန့်တန်းခဲ့လျှင်သော်လည်းကောင်း၊-
20 Se houvéramos olvidado o nome de nosso Deus e estendido as mãos a um deus estranho,
21 ဤအမှုကို ဘုရားသခင်သည် မတွေ့ရှိဘဲနေပါမည်လော။ အကြောင်းမူကား ကိုယ်တော်သည် နှလုံးသား၏ လျှို့ဝှက်ချက် များကို သိရှိတော်မူ၏။-
21 porventura Deus não o teria percebido, ele que conhece os segredos do coração?
22 ကိုယ်တော့်အတွက်ကြောင့်ပင်လျှင် အကျွန်ုပ်တို့သည် တစ်နေ့လုံး အသေသတ်ခြင်းကို ခံနေကြရပြီး အသတ်ခံရမည့် သိုးများကဲ့သို့ သတ်မှတ်ခံကြရပါ၏။
22 Mas por vossa causa somos entregues à morte todos os dias e tratados como ovelhas de matadouro.
23 အိုထာ၀ရဘုရားသခင်၊ နိုးထတော်မူပါ။ အဘယ်ကြောင့် ကျိန်းစက်တော်မူပါသနည်း။ နိုးထတော်မူပါ။ အကျွန်ုပ်တို့ကို ထာ၀စဉ် စွန့်ပစ်တော်မမူပါနှင့်။-
23 Acordai, Senhor! Por que dormis? Despertai! Não nos rejeiteis continuamente!
24 အဘယ်ကြောင့် ကိုယ်တော်သည် ရွှေမျက်နှာတော်ကို လွှဲတော်မူပါသနည်း။ အဘယ်ကြောင့် အကျွန်ုပ်တို့၏ ဝေဒနာ ခံစားရမှုနှင့် ဖိနှိပ်ခံရမှုတို့ကို မေ့လျော့ထားတော်မူပါသနည်း။-
24 Por que ocultais a vossa face e esqueceis nossas misérias e opressões?
25 အကြောင်းမူကား အကျွန်ုပ်တို့သည် နှိမ့်ချခြင်းခံရပြီး အကျွန်ုပ်တို့၏ ကိုယ်ခန္ဓာသည်လည်း မြေကြီးပေါ်တွင် တွယ်ကပ်နေရပါ၏။-
25 Nossa alma está prostrada até o pó, e colado no solo o nosso corpo.
26 ထတော်မူ၍ အကျွန်ုပ်တို့ကို ကယ်တင်ရန် ကြွလာတော်မူပါ။ ကိုယ်တော်၏ ကရုဏာမေတ္တာတော်ကို ထောက်၍ အကျွန်ုပ်တို့ကို ရွေးနုတ်တော်မူပါ။
26 Levantai-vos em nosso socorro e livrai-nos, pela vossa misericórdia.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 44, comparar traduções ou montar um estudo — tudo direto pelo WhatsApp.