Salmos 42

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 သမင်ဒရယ်သည် စီးဆင်းနေသော စမ်းချောင်းကို တမ်းတသကဲ့သို့ အကျွန်ုပ်၏ဝိညာဉ်သည်လည်း ကိုယ်တော့်ကို တမ်းတပါ၏။-
1 Como a corça anseia pelas correntes de água, assim minha alma anseia por ti, ó Deus.
2 ငါ၏ဝိညာဉ်သည် ဘုရားသခင်တည်းဟူသော အသက်ရှင်တော်မူသည့် ဘုရားကို တောင့်တပါ၏။ ငါသည် မည်သည့်အခါတွင် ကိုယ်တော်၏ ရွှေမျက်နှာတော်ကို လာရောက်ဖူးမြင်ရပါမည်နည်း။-
2 Tenho sede de Deus, do Deus vivo; quando poderei estar na presença dele?
3 လူတို့က သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု ငါ့ကိုအစဉ်မပြတ် ပြောဆိုကြသဖြင့် ငါ၏မျက်ရည်တို့သည် နေ့ညမပြတ် ငါ၏စားစရာဖြစ်ရပါ၏။
3 Dia e noite, as lágrimas têm sido meu alimento, enquanto zombam de mim o tempo todo, dizendo: “Onde está o seu Deus?”.
4 ဘုရားသခင်၏ ကျေးဇူးတော်ကို ရွှင်လန်းစွာသီဆိုကာ ချီးမွမ်းလျက် ပွဲတော်ကျင်းပကြသော လူအစုအဝေးကို ဦးဆောင်၍ ဘုရားသခင်၏ အိမ်တော်သို့ စီတန်းလှည့်လည် သွားခဲ့ရခြင်းကို ငါရင်ဖွင့်သောအခါ ၎င်းတို့ကို ငါသတိရပါ၏။-
4 Meu coração se enche de tristeza, pois me lembro de como eu andava com a multidão de adoradores, à frente do cortejo que subia até a casa de Deus, cantando de alegria e dando graças, em meio aos sons de uma grande festa.
5 အိုငါ့ဝိညာဉ်၊ သင်သည် အဘယ်ကြောင့် ညှိုးငယ်နေပါသနည်း။ ငါ၏ရင်တွင်း၌ အဘယ်ကြောင့် မငြိမ်မသက် ဖြစ်နေပါသနည်း။ ဘုရားသခင်ကို မျှော်လင့်ကိုးစားလော့။ အကြောင်းမူကား ငါ့ကိုကူညီမစတော်မူသော အရှင်ဖြစ်သည့် ငါ၏ ဘုရားသခင်ကို ငါသည် ထပ်မံ၍ ချီးမွမ်းထောမနာပြုမည်။
5 Por que você está tão abatida, ó minha alma? Por que está tão triste? Espere em Deus! Ainda voltarei a louvá-lo, meu Salvador e
6 အကျွန်ုပ်၏ဝိညာဉ်သည် အကျွန်ုပ်၏ရင်တွင်း၌ ညှိုးငယ်လျက်ရှိ၏။ ထို့ကြောင့် အကျွန်ုပ်သည် ဂျော်ဒန်ပြည်နှင့် ဟေမွန်ပြည်တို့မှလည်းကောင်း၊ မစ်ဇာတောင်မှလည်းကောင်း ကိုယ်တော့်ကို အောက်မေ့သတိရပါ၏။-
6 meu Deus! Agora estou profundamente abatido, mas me lembro de ti, desde o distante monte Hermom, onde nasce o Jordão, desde a terra do monte Mizar.
7 ကိုယ်တော့်ရေတံခွန်များ၏ မြည်ဟည်းသံများနှင့်အတူ ဝဲဩဃတို့သည် တစ်ခုကိုတစ်ခု ဟစ်အော်ခေါ်ကြပါ၏။ ကိုယ်တော်၏ လှိုင်းတံပိုးတော်အပေါင်းတို့သည် အကျွန်ုပ်အပေါ် လွှမ်းမိုးကြလေပြီ။-
7 Ouço o tumulto do mar revolto, enquanto suas ondas e correntezas passam sobre mim.
8 ထာ၀ရဘုရားသခင်သည် နေ့အချိန်၌ ကရုဏာမေတ္တာတော်ကို ပြတော်မူ၍ ညအချိန်၌ ငါသည်ဂုဏ်တော်ကို ကျူးအေးလျက် ငါ၏ အသက်သခင်ထံတော်သို့ ဆုတောင်းပတ္ထနာပြုပါ၏။
8 Durante o dia, porém, o S enhor me derrama seu amor, e à noite entoo seus cânticos e faço orações ao Deus que me dá vida.
9 ကိုယ်တော်သည် အကျွန်ုပ်ကို အဘယ်ကြောင့်မေ့လျော့၍ နေတော်မူပါသနည်း။ အကျွန်ုပ်သည် အဘယ်ကြောင့် ရန်သူတို့၏ ဖိနှိပ်မှုကိုခံရပြီး ဝမ်းနည်းကြေကွဲစွာ သွားလာရပါမည်နည်းဟူ၍ ငါ၏ကျောက်ဆောင်တော်ဖြစ်သော ဘုရားသခင်ထံသို့ ငါလျှောက်ထားပါ၏။-
9 Clamo: “Ó Deus, minha rocha, por que te esqueceste de mim? Por que tenho de andar entristecido, oprimido por meus inimigos?”.
10 ငါ၏ရန်သူတို့က သင်၏ဘုရားသခင် အဘယ်မှာရှိသနည်းဟု ငါ့အား နေ့စဉ်ပြောဆိုကြလျက် ငါ၏အရိုးများ ကွဲလုမတတ် ကဲ့ရဲ့စော်ကားကြ၏။
10 Os insultos deles me quebram os ossos; zombam de mim o tempo todo, dizendo: “Onde está o seu Deus?”.
11 အိုငါ့ဝိညာဉ်၊ သင်သည် အဘယ်ကြောင့် ညှိုးငယ်နေပါသနည်း။ ငါ့ရင်တွင်း၌ အဘယ်ကြောင့် မငြိမ်မသက်ဖြစ်နေ ပါသနည်း။ ဘုရားသခင်ကို မျှော်လင့်ကိုးစားလော့။ အကြောင်းမူကား ငါ့ကို ကူညီမစတော်မူသောအရှင် ငါ၏ဘုရားသခင်ကို ငါသည် ထပ်မံ၍ ချီးမွမ်းထောမနာပြုပါမည်။
11 Por que você está tão abatida, ó minha alma? Por que está tão triste? Espere em Deus! Ainda voltarei a louvá-lo, meu Salvador e meu Deus!

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 42, comparar traduções ou montar um estudo — tudo direto pelo WhatsApp.