Salmos 40
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF
1 ငါသည် ထာ၀ရဘုရားသခင်ကို စိတ်ရှည်သည်းခံခြင်းနှင့် စောင့်ငံ့လျက်နေ၏။ ကိုယ်တော်သည် ရွှေနားတော်စွင့်၍ ငါ၏အော်ဟစ်သံကို ကြားနာတော်မူ၏။-
1 Esperei com paciência no SENHOR, e ele se inclinou para mim, e ouviu o meu clamor.
2 ကိုယ်တော်သည် ငါ့ကို ကြောက်မက်ဖွယ်ကောင်းသော တွင်းနက်နှင့် ရွှံ့နွံထဲမှ ဆယ်ထုတ်တော်မူပြီးလျှင် ငါ၏ခြေတို့ကို ကျောက်ဆောင်ပေါ်တင်၍ ငါ၏ခြေလှမ်းများကို ခိုင်မြဲစေတော်မူခဲ့၏။-
2 Tirou-me dum lago horrível, dum charco de lodo, pôs os meus pés sobre uma rocha, firmou os meus passos.
3 ငါတို့၏ဘုရားသခင်အား ချီးမွမ်းရာသီချင်းသစ်ကို ကိုယ်တော်သည် ငါ၏နှုတ်တွင် သွင်းပေးတော်မူ၏။ လူအများတို့သည် မြင်ကြရသဖြင့် ကြောက်ရွံ့ကြလျက် ထာ၀ရဘုရားသခင်အား ကိုးစားကြလိမ့်မည်။
3 E pôs um novo cântico na minha boca, um hino ao nosso Deus; muitos o verão, e temerão, e confiarão no Senhor.
4 ထာ၀ရဘုရားသခင်ကို ကိုးစားသောသူသည် မင်္ဂလာရှိ၏။ သူသည် မာနထောင်လွှားသော သူတို့ဘက်သို့ မလိုက်သကဲ့သို့ မဟုတ်မမှန်သော ဘုရားများနောက်သို့လည်း လမ်းမှားသွေဖည်မသွားပေ။-
4 Bem-aventurado o homem que põe no Senhor a sua confiança, e que não respeita os soberbos nem os que se desviam para a mentira.
5 အိုအကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့အဖို့ လုပ်ဆောင်တော်မူသော ကိုယ်တော်၏ အံ့ဖွယ်အမှုတို့နှင့် အကြံအစည်တော်တို့ကို တိုးပွားစေတော်မူခဲ့ပါ၏။ ကိုယ်တော်နှင့် မည်သူမျှ မယှဉ်ပြိုင်နိုင်ပါ။ ထိုအမှုအရာတို့ကို အကျွန်ုပ်ထုတ်ဖော်ပြောရမည်ဆိုလျှင် ရေတွက်၍ မကုန်နိုင်အောင် များလှပါ၏။
5 Muitas são, Senhor meu Deus, as maravilhas que tens operado para conosco, e os teus pensamentos não se podem contar diante de ti; se eu os quisera anunciar, e deles falar, são mais do que se podem contar.
6 ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သကာများကို အလိုရှိတော်မမူ။ သို့သော် ကိုယ်တော်သည် နာယူရန် ဖွင့်ထားသော နားကို အကျွန်ုပ်အား ပေးတော်မူခဲ့၏။ ကိုယ်တော်သည် မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်တို့ကို တောင်းတော်မမူ။-
6 Sacrifício e oferta não quiseste; os meus ouvidos abriste; holocausto e expiação pelo pecado não reclamaste.
7 ထိုအခါ အကျွန်ုပ်က ကျမ်းစာတော်မြတ်တွင် အကျွန်ုပ်ကို ရည်ညွန်း၍ ရေးသားထားသည့်အတိုင်း အကျွန်ုပ်အသင့်ရှိပါပြီ၊ အကျွန်ုပ်ရောက်လာပါပြီ။-
7 Então disse: Eis aqui venho; no rolo do livro de mim está escrito.
8 အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ အလိုတော်ကိုဆောင်ရွက်ရန် နှစ်သက်ပါ၏။ ကိုယ်တော်၏ ပညတ်တရားတော်ကို အကျွန်ုပ်၏စိတ်နှလုံးတွင် သိမ်းပိုက်ထားပါသည်ဟု လျှောက်ထားခဲ့၏။
8 Deleito-me em fazer a tua vontade, ó Deus meu; sim, a tua lei está dentro do meu coração.
9 ဖြောင့်မတ်ခြင်းတရားတော်ကို လူအစုအဝေးကြီးအလယ်တွင် အကျွန်ုပ်ဟောပြောပါပြီ။ အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် မိမိ၏နှုတ်ကိုပိတ်၍ မနေကြောင်း ကိုယ်တော်သိပါ၏။-
9 Preguei a justiça na grande congregação; eis que não retive os meus lábios, Senhor, tu o sabes.
10 ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်းကို အကျွန်ုပ်၏စိတ်နှလုံးထဲ၌ ဝှက်မထားပါ။ ကိုယ်တော်၏ သစ္စာစောင့်သိ တော်မူခြင်းနှင့် ကယ်တင်တော်မူခြင်းအကြောင်းတို့ကို အကျွန်ုပ်ဟောကြားပါပြီ။ ကိုယ်တော်၏ မေတ္တာတော်နှင့် သစ္စာတော်ကို လူအစုအဝေးကြီးအလယ်တွင် အကျွန်ုပ်မထိမ်ဝှက်ပါ။
10 Não escondi a tua justiça dentro do meu coração; apregoei a tua fidelidade e a tua salvação. Não escondi da grande congregação a tua benignidade e a tua verdade.
11 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်အပေါ်ထားရှိသော သနားကရုဏာတော်ကို ချုပ်တည်းထားတော်မမူပါနှင့်။ ကိုယ်တော်၏ မေတ္တာတော်နှင့် သစ္စာတော်သည် အကျွန်ုပ်ကို အစဉ်စောင့်ရှောက်ပါစေသော်။-
11 Não retires de mim, Senhor, as tuas misericórdias; guardem-me continuamente a tua benignidade e a tua verdade.
12 အကြောင်းမူကား ဘေးဒုက္ခအပေါင်းတို့သည် ရေတွက်၍ပင်မရနိုင်လောက်အောင် အကျွန်ုပ်ကို ဝန်းရံလျက်ရှိပါ၏။ အကျွန်ုပ်၏အပြစ်များသည် အကျွန်ုပ်ကို လွှမ်းမိုးနေသည်ဖြစ်၍ အကျွန်ုပ်သည် မမြင်နိုင်တော့ပါ။ ယင်းအပြစ်တို့သည် အကျွန်ုပ်၏ ဦးခေါင်းမှ ဆံပင်ထက် များပြား၍ အကျွန်ုပ်သည် စိတ်ဓာတ်ကျလျက်ရှိပါ၏။
12 Porque males sem número me têm rodeado; as minhas iniqüidades me prenderam de modo que não posso olhar para cima. São mais numerosas do que os cabelos da minha cabeça; assim desfalece o meu coração.
13 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကိုကယ်တင်ရန် လိုလားတော်မူပါ။ အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကို ကူညီမစရန် အလျင်အမြန်ကြွလာတော်မူပါ။-
13 Digna-te, Senhor, livrar-me: Senhor, apressa-te em meu auxílio.
14 အကျွန်ုပ်၏ အသက်ကို ရန်ရှာကြသော သူတို့သည် အရှက်ကွဲ၍ ကစဉ့်ကလျားဖြစ်ကြပါစေ။ အကျွန်ုပ်၏ပျက်စီးခြင်းကို ရှာကြံကြသောသူတို့သည် ဂုဏ်သရေပျက်၍ ဆုတ်ခွာသွားကြပါစေ။-
14 Sejam à uma confundidos e envergonhados os que buscam a minha vida para destruí-la; tornem atrás e confundam-se os que me querem mal.
15 အကျွန်ုပ်ကို ဟားတိုက်ရယ်မောသူတို့သည် အရှက်ကွဲခြင်းကြောင့် ကြောက်လန့်တုန်လှုပ်ကြပါစေ။
15 Desolados sejam em pago da sua afronta os que me dizem: Ah! Ah!
16 သို့သော် ကိုယ်တော့်ကို ရှာဖွေသူအပေါင်းတို့သည် ကိုယ်တော်၌ ဝမ်းမြောက်ရွှင်လန်းကြပါစေ။ ကိုယ်တော်၏ ကယ်တင်တော်မူခြင်း ကျေးဇူးတော်ကို နှစ်သက်မြတ်နိုးသူအပေါင်းတို့က ထာ၀ရဘုရားသခင်သည် ကြီးမြတ်တော်မူပေ၏ဟု အဆက်မပြတ် ကြွေးကြော်ကြပါစေ။-
16 Folguem e alegrem-se em ti os que te buscam; digam constantemente os que amam a tua salvação: Magnificado seja o Senhor.
17 အကျွန်ုပ်သည် ဆင်းရဲချို့တဲ့သူဖြစ်ပါ၏။ သို့သော် ကိုယ်တော်သည် အကျွန်ုပ်ကို အောက်မေ့သတိရတော်မူ၏။ အိုအကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ် ကိုကူညီမစသောအရှင်နှင့် အကျွန်ုပ်၏ ကယ်တင်ရှင်ဖြစ်သောကြောင့် နှောင့်နှေးခြင်း ရှိတော်မမူပါနှင့်။
17 Mas eu sou pobre e necessitado; contudo o Senhor cuida de mim. Tu és o meu auxílio e o meu libertador; não te detenhas, ó meu Deus.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 40, comparar traduções ou montar um estudo — tudo direto pelo WhatsApp.