Salmos 39

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ငါသည်နှုတ်၊ လျှာဖြင့် မပြစ်မှားမိစေရန် ငါ၏အပြုအမူများကို စောင့်ထိန်းပါမည်။ ငါ၏အနီး၌ ဆိုးယုတ်သော သူတို့ရှိနေစဉ် ငါ၏နှုတ်ကို ချုပ်တည်းပါမည်။-
1 Eu disse: Vigiarei a minha conduta e não pecarei em palavras; porei mordaça em minha boca enquanto os ímpios estiverem na minha presença.
2 ငါသည် နှုတ်ဆိတ်၍ ငြိမ်သက်နေလျက် အကောင်းကိုပင် မပြောဆိုခဲ့ရပေ။ ငါ၏ဝမ်းနည်းပူဆွေးမှုသည် ပိုမိုကြီး ထွားလာခဲ့၏။-
2 Enquanto me calei resignado, e me contive inutilmente, minha angústia aumentou.
3 ငါ၏နှလုံးသားသည် ငါ့ရင်ထဲ၌ ပို၍ပူလောင်လာ၏။ ငါသည် ပြန်ပြောင်းစဉ်းစားသောအခါ သောကမီးတောက်လောင်လာ၏။ ထိုအခါ ငါ၏နှုတ်လျှာဖြင့် ပြောဆိုခဲ့သည်မှာ၊
3 Meu coração ardia-me no peito e, enquanto eu meditava, o fogo aumentava; então comecei a dizer:
4 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ ဘ၀လမ်းဆုံးကို သိမြင်ခွင့်ပေးတော်မူပါ။ အကျွန်ုပ်နေထိုင်ရမည့် နေ့ရက်များ၏ အရေအတွက်ကိုလည်းကောင်း၊ အကျွန်ုပ်၏ ဘ၀အသက်တာသည် မတည်မြဲကြောင်းကိုလည်းကောင်း သိမြင်ခွင့် ပေးတော်မူပါ။-
4 Mostra-me, Senhor, o fim da minha vida e o número dos meus dias, para que eu saiba quão frágil sou.
5 ကိုယ်တော်သည် အကျွန်ုပ်၏ နေ့ရက်များကို တစ်မိုက်မျှသာ ရှည်လျားစေတော်မူလေပြီ။ အကျွန်ုပ်၏ အသက်တာသည် ကိုယ်တော်၏ ရှေ့မှောက်တော်တွင် အချည်းနှီးသက်သက်သာ ဖြစ်ပါ၏။ အမှန်စင်စစ် လူသားတိုင်းသည် အသက်တစ်ချက် ရှူရှိုက်ရုံမျှသာ တည်ရှိကြရပါ၏။-
5 Deste aos meus dias o comprimento de um palmo; a duração da minha vida é nada diante de ti. De fato, o homem não passa de um sopro. Pausa
6 အမှန်စင်စစ် လူသားတိုင်းသည် အရိပ်သဖွယ်သွားလာရပါ၏။ သူတို့သည် အကျိုးမဲ့ရှုပ်ထွေးနေကြပါ၏။ လူသည် ဥစ္စာပစ္စည်းကို စုဆောင်းသော်လည်း မည်သူစံစားရမည်ကို မသိရပေ။
6 Sim, cada um vai e volta como a sombra. Em vão se agita, amontoando riqueza sem saber quem ficará com ela.
7 သို့ဖြစ်၍ အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် မည်သည့်အရာကို မျှော်ကိုးရပါမည်နည်း။ အကျွန်ုပ်၏ မျှော်လင့်ချက်သည် ကိုယ်တော်၌ရှိပါ၏။-
7 Mas agora, Senhor, que hei de esperar? Minha esperança está em ti.
8 အကျွန်ုပ်ကို အပြစ်ကျူးလွန်ခြင်းတို့မှ ကယ်တော်မူပါ။ အကျွန်ုပ်ကို ရူးမိုက်သူ၏ လှောင်ပြောင်စရာ ဖြစ်စေတော်မမူပါနှင့်။-
8 Livra-me de todas as minhas transgressões; não faças de mim um motivo de zombaria dos tolos.
9 အကျွန်ုပ်သည် တိတ်ဆိတ်စွာနေခဲ့၍ နှုတ်ကိုမဖွင့်ခဲ့ပါ။ အကြောင်းမူကား ဤအရာကို ပြုလုပ်ခဲ့သောသူမှာ ကိုယ်တော်တိုင်ပင် ဖြစ်သောကြောင့်တည်း။-
9 Estou calado! Não posso abrir a boca, pois tu mesmo fizeste isso.
10 ကိုယ်တော်၏ ပြစ်ဒဏ်ခတ်ခြင်းကို အကျွန်ုပ်ထံမှ ဖယ်ရှားတော်မူပါ။ ကိုယ်တော့်လက်တော်၏ ရိုက်ခတ်မှုများသည် အကျွန်ုပ်ကို အားကုန်နွမ်းလျစေပါ၏။-
10 Afasta de mim o teu açoite; fui vencido pelo golpe da tua mão.
11 ကိုယ်တော်သည် လူတို့၏အပြစ်များအတွက် အပြစ်ဒဏ်ခတ်ခြင်းဖြင့် သူတို့ကို ဆုံးမတော်မူ၏။ ကိုယ်တော်သည် လူတို့နှစ်သက်သည့် အရာများကို ပိုးဖလံကဲ့သို့ ဖျက်ဆီးတော်မူ၏။ အကယ်စင်စစ် လူသည် ထွက်သက်ဝင်သက်မျှသာဖြစ်ပါ၏။
11 Tu repreendes e disciplinas o homem por causa do seu pecado; como traça destróis o que ele mais valoriza; de fato, o homem não passa de um sopro. Pausa
12 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏ အော်ဟစ်တောင်းလျှောက် သံကို နားညောင်းတော်မူပါ။ အကျွန်ုပ် ငိုကြွေးအသနားခံသောအခါ လျစ်လျူရှုတော်မမူပါနှင့်။ အကြောင်းမူကား အကျွန်ုပ်သည် ဘိုးဘေးတို့ကဲ့သို့ သူစိမ်းဧည့်သည်အာဂန္တုမျှသာဖြစ်ပါ၏။-
12 Ouve a minha oração, Senhor; escuta o meu grito de socorro; não sejas indiferente ao meu lamento. Pois sou para ti um estrangeiro, como foram todos os meus antepassados.
13 အကျွန်ုပ်သေဆုံး၍ ပျောက်ကွယ်မသွားမီ ဝမ်းမြောက်ရွှင်လန်းခြင်းရှိရန် အကျွန်ုပ်၏ အပြစ်များကို မျက်နှာလွှဲတော်မူပါ။
13 Desvia de mim os teus olhos, para que eu volte a ter alegria, antes que eu me vá e deixe de existir.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 39, comparar traduções ou montar um estudo — tudo direto pelo WhatsApp.