Salmos 38
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI
1 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏အမျက်တော်၌ အကျွန်ုပ်ကို ဒဏ်ခတ်တော်မမူပါနှင့်။ အမျက်ဒေါသထွက်၍ အကျွန်ုပ်ကို ဆုံးမတော်မမူပါနှင့်။-
1 Senhor, não me repreendas no teu furor nem me disciplines na tua ira.
2 အကြောင်းမူကား ကိုယ်တော်၏မြားတို့သည် အကျွန်ုပ်၌ စူးဝင်၍ ကိုယ်တော်၏ လက်တော်သည် အကျွန်ုပ်အပေါ်သို့ သက်ရောက်လျက်ရှိပါ၏။
2 Pois as tuas flechas me atravessaram, e a tua mão me atingiu.
3 ကိုယ်တော်၏ အမျက်တော်ကြောင့် အကျွန်ုပ်၏ ကိုယ်ခန္ဓာ၌ ကျန်းမာခြင်း ကင်းမဲ့ပါ၏။ အကျွန်ုပ်၏ အပြစ်ဒုစရိုက် များကြောင့် အကျွန်ုပ်၏ အရိုးများသည် သန်စွမ်းခြင်းမရှိပါ။-
3 Por causa de tua ira todo o meu corpo está doente; não há saúde nos meus ossos por causa do meu pecado.
4 အကြောင်းမူကား အကျွန်ုပ်ပြုမိသော ဒုစရိုက်အပြစ်များသည် အကျွန်ုပ်အပေါ်၌ရှိကြ၍ ၎င်းတို့သည် အကျွန်ုပ် မထမ်းနိုင်လောက်အောင် လေးလံသောဝန်ထုပ်ကဲ့သို့ အကျွန်ုပ်ကို ဖိစီးလျက်ရှိပါ၏။
4 As minhas culpas me afogam; são como um fardo pesado e insuportável.
5 အကျွန်ုပ်၏မိုက်မဲမှုကြောင့် ရရှိသောဒဏ်ရာများသည် ပုပ်စပ်၍ စက်ဆုပ်ရွံရှာဖွယ်ဖြစ်လာပါ၏။-
5 Minhas feridas cheiram mal e supuram por causa da minha insensatez.
6 အကျွန်ုပ်သည် ပြင်းထန်စွာခံရပြီး အလွန်သိမ်ငယ်ရကာ တစ်နေ့လုံး ငိုကြွေးမြည်တမ်းလျက် သွားလာရပါ၏။-
6 Estou encurvado e muitíssimo abatido; o dia todo saio vagueando e pranteando.
7 အကြောင်းမူကား အကျွန်ုပ်၏ ခါးတစ်ပြင်လုံးသည် ပူလောင်လျက် ခန္ဓာကိုယ်သည်လည်း ကျန်းမာခြင်းမရှိပါ။-
7 Estou ardendo em febre; todo o meu corpo está doente.
8 အကျွန်ုပ်သည် ခွန်အားကုန်ခန်း၍ နွမ်းလျနေပါ၏။ အကျွန်ုပ်စိတ်နှလုံး၏ ပူဆွေးမှုကြောင့် ညည်းညူနေရပါ၏။
8 Sinto-me muito fraco e totalmente esmagado; meu coração geme de angústia.
9 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ အလိုဆန္ဒဟူသမျှကို ကိုယ်တော်သိတော်မူပါ၏။ အကျွန်ုပ်၏ ညည်းတွားခြင်းသည်လည်း ကိုယ်တော့်ထံမှ ဝှက်ကွယ်လျက်မရှိပါ။-
9 Senhor, diante de ti estão todos os meus anseios; o meu suspiro não te é oculto.
10 အကျွန်ုပ်၏နှလုံးသည် ပြင်းစွာရိုက်ခတ်၍ ခွန်အားလည်း ကုန်ခန်းနေပါပြီ။ အကျွန်ုပ်၏ မျက်စိအလင်းသည်လည်း အကျွန်ုပ်ထံမှ ကွယ်ပျောက်သွားပါပြီ။-
10 Meu coração palpita, as forças me faltam; até a luz dos meus olhos se foi.
11 အကျွန်ုပ်၏ မိတ်ဆွေများနှင့် အပေါင်းအသင်းများသည် အကျွန်ုပ်၏ အနာရောဂါကြောင့် အကျွန်ုပ်ကို တိမ်းရှောင် နေကြပါ၏။ အကျွန်ုပ်၏ အိမ်နီးနားချင်းတို့သည်လည်း အကျွန်ုပ်ထံမှ ဝေးဝေးနေကြပါ၏။
11 Meus amigos e companheiros me evitam por causa da doença que me aflige; ficam longe de mim os meus vizinhos.
12 အကျွန်ုပ်၏ အသက်ကို ရန်ရှာကြသော သူတို့သည် ကျော့ကွင်းများကို ထောင်ထားကြပါ၏။ အကျွန်ုပ်ကို ဘေးဥပဒ် ပြုလိုသော သူတို့သည် အကျွန်ုပ်၏ ပျက်စီးရာပျက်စီးကြောင်းကို ပြောဆိုကြပါ၏။ သူတို့သည် ကောက်ကျစ်စဉ်းလဲခြင်းအမှုကို တစ်နေကုန် ကြံစည်နေကြပါ၏။
12 Os que desejam matar-me preparam armadilhas, os que me querem prejudicar anunciam a minha ruína; passam o dia planejando traição.
13 သို့သော် အကျွန်ုပ်သည် နားပင်းနေသူကဲ့သို့ မည်သည့်အရာကိုမျှ မကြားရပါ။ ဆွံ့အနေသူကဲ့သို့ စကားတစ်ခွန်းကိုမျှ မပြောနိုင်ပါ။-
13 Como um surdo, não ouço, como um mudo, não abro a boca.
14 အမှန်စင်စစ် အကျွန်ုပ်သည် နားမကြားသောသူကဲ့သို့ဖြစ်ပြီး အကျွန်ုပ်၏နှုတ်သည်လည်း ပြန်ပြောနိုင်စွမ်းမရှိပါ။
14 Fiz-me como quem não ouve, e em cuja boca não há resposta.
15 သို့ရာတွင် အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ကို စောင့်မျှော်နေပါ၏။ အကျွန်ုပ်၏သခင်၊ အကျွန်ုပ်၏ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ပြန်ထူးတော်မူမည်သာဖြစ်၏။-
15 Senhor, em ti espero; Tu me responderás, ó Senhor meu Deus!
16 အကြောင်းမူကား အကျွန်ုပ်က အကျွန်ုပ်၏ ရန်သူတို့သည် အကျွန်ုပ်အပေါ် ဝမ်းသာအားရမရှိပါစေနှင့်။ အကျွန်ုပ်၏ ခြေချော်ကျမှုကို အကြောင်းပြု၍ ရန်သူတို့ကို ကြွားဝါခွင့် ပြုတော်မမူပါနှင့်ဟု တောင်းလျှောက်သောကြောင့်ဖြစ်ပါ၏။
16 Pois eu disse: "Não permitas que eles se divirtam à minha custa, nem triunfem sobre mim quando eu tropeçar".
17 အကျွန်ုပ်သည် ပြိုလဲလုနီးပြီဖြစ်၍ ဝေဒနာကို အမြဲခံစားနေရပါ၏။-
17 Estou a ponto de cair, e a minha dor está sempre comigo.
18 အကျွန်ုပ်၏ ပြစ်မှားမှုများကို ဖော်ပြဝန်ခံပါ၏။ အကျွန်ုပ်၏ အပြစ်များအတွက် ဝမ်းနည်းခြင်းရှိပါ၏။-
18 Confesso a minha culpa; em angústia estou por causa do meu pecado.
19 အကျွန်ုပ်ကို အကြောင်းမဲ့ဆန့်ကျင်ကြသော သူတို့သည် ခွန်အားကြီးမားကြပါ၏။ အကျွန်ုပ်အား မတရားသဖြင့် မုန်းတီးကြသော သူတို့သည်လည်း များပြားလှပါ၏။-
19 Meus inimigos, porém, são muitos e poderosos; é grande o número dos que me odeiam sem motivo.
20 အကောင်းကို အဆိုးဖြင့် တုံ့ပြန်ကြသောသူတို့သည် အကျွန်ုပ်ကောင်းသော အမှုကိုပြုလုပ်ရန် ကြိုးစားသောအခါ အသရေဖျက်ကြပါ၏။
20 Os que me retribuem o bem com o mal caluniam-me porque é o bem que procuro.
21 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကို စွန့်ပစ်ထားတော်မမူပါနှင့်။ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်နှင့် ဝေးလံစွာ နေတော် မမူပါနှင့်။-
21 Senhor, não me abandones! Não fiques longe de mim, ó meu Deus!
22 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ ကယ်တင်ရှင်၊ အကျွန်ုပ်ကိုကူညီမစရန် အလျင်အမြန် ကြွလာတော်မူပါ။
22 Apressa-te a ajudar-me, Senhor, meu Salvador!
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 38, comparar traduções ou montar um estudo — tudo direto pelo WhatsApp.