Salmos 37

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 ဆိုးယုတ်သော သူတို့ကြောင့် စိတ်ပူပန်ခြင်းမရှိကြနှင့်။ မကောင်းမှုကိုပြုသော သူတို့ကို မငြူစူကြနှင့်။-
1 De Davi. Não te irrites por causa dos que agem mal, nem invejes os que praticam a iniqüidade,
2 အကြောင်းမူကား သူတို့သည် မြက်ပင်ကဲ့သို့ လျင်မြန်စွာ ခြောက်သွေ့၍ စိမ်းလန်းသော အပင်ငယ် ညှိုးနွမ်းသွားသကဲ့သို့ ညှိုးနွမ်းသွားကြလိမ့်မည်။
2 pois logo eles serão ceifados como a erva dos campos, e como a erva verde murcharão.
3 ထာ၀ရဘုရားသခင်ကို ယုံကြည်ကိုးစားလျက် ကောင်းသောအမှုကိုပြုကြလော့။ သင်သည် ပြည်တော်တွင် နေထိုင်ရ၍ လုံခြုံစိတ်ချစွာ အသက်ရှင်ရလိမ့်မည်။-
3 Espera no Senhor e faze o bem; habitarás a terra em plena segurança.
4 ထာ၀ရဘုရားသခင်၌ မွေ့လျော်ခြင်းရှိလော့။ ကိုယ်တော်သည် သင့်စိတ်နှလုံး၏အလိုဆန္ဒများကို ပေးသနားတော် မူလိမ့်မည်။
4 Põe tuas delícias no Senhor, e os desejos do teu coração ele atenderá.
5 သင်၏ဘ၀လမ်းစဉ်ကို ထာ၀ရဘုရားသခင်ထံသို့ အပ်နှံလော့။ ကိုယ်တော့်အပေါ် ယုံကြည်ကိုးစားလော့။ ထိုအခါ ကိုယ်တော်သည် တာဝန်ယူ ဆောင်ရွက်တော်မူလိမ့်မည်။-
5 Confia ao Senhor a tua sorte, espera nele, e ele agirá.
6 ကိုယ်တော်သည် သင်၏ဖြောင့်မတ်ခြင်းကို အလင်းကဲ့သို့လည်းကောင်း၊ သင်၏တရားမျှတစွာ ပြုမူခြင်းကို မွန်းတည့်နေရောင်ခြည် ကဲ့သို့လည်းကောင်း ထွန်းလင်းတောက်ပစေလိမ့်မည်။
6 Como a luz, fará brilhar a tua justiça; e como o sol do meio-dia, o teu direito.
7 ထာ၀ရဘုရားသခင်၏ ရှေ့တော်၌ ဆိတ်ငြိမ်စွာနေ၍ စိတ်ရှည်စွာ စောင့်ငံ့နေလော့။ မကောင်းသော နည်းလမ်း အကြံအစည်များကို အသုံးပြု၍ ဆောင်ရွက်လေသမျှတို့၌ ကြီးပွားအောင်မြင်သူတို့ကြောင့် ပူပန်သောကမရောက်စေနှင့်။
7 Em silêncio, abandona-te ao Senhor, põe tua esperança nele. Não invejes o que prospera em suas empresas, e leva a bom termo seus maus desígnios.
8 အမျက်ဒေါသမထွက်စေနှင့်။ ဒေါသစိတ်ကို စွန့်ပစ်လော့။ ပူပန်သောကမရှိနှင့်။ ပူပန်သောကသည် ဆိုးကျိုးကိုသာ ပေးတတ်၏။-
8 Guarda-te da ira, depõe o furor, não te exasperes, que será um mal,
9 ဒုစရိုက်ကို ပြုသောသူတို့သည် ပယ်ရှင်းဖြတ်တောက်ခြင်းကို ခံရလိမ့်မည်။ ထာ၀ရဘုရားသခင်ကို မျှော်လင့်ကိုးစားသော သူတို့မူကား ပြည်တော်ကို အမွေခံကြရလိမ့်မည်။
9 porque os maus serão exterminados, mas os que esperam no Senhor possuirão a terra.
10 တစ်ခဏတာအချိန်အတွင်း၌ ဆိုးယုတ်သောသူတို့သည် ပျောက်ကွယ်သွားကြလိမ့်မည်။ သင်သည် သူတို့ကို စေ့စေ့ရှာသော်လည်း တွေ့လိမ့်မည်မဟုတ်။-
10 Mais um pouco e não existirá o ímpio; se olhares o seu lugar, não o acharás.
11 စိတ်နှိမ့်ချသော သူတို့မူကား ပြည်တော်ကို အမွေခံရ၍ ကြွယ်၀ချမ်းသာခြင်း၌ မွေ့လျော်ကြလိမ့်မည်။
11 Quanto aos mansos, possuirão a terra, e nela gozarão de imensa paz.
12 ဆိုးယုတ်သောသူသည် ဖြောင့်မတ်သောသူအား မကောင်းကြံစည်လျက် အံကြိတ်၍ ကြည့်တတ်၏။-
12 O ímpio conspira contra o justo, e para ele range os seus dentes.
13 သို့သော် ထာ၀ရဘုရားသခင်သည် သူ့ကိုကြည့်၍ ပြုံးရယ်တော်မူ၏။ အကြောင်းမူကား သူတို့၏နေ့ရက်သည် ကျရောက်တော့မည် ဖြစ်ကြောင်းကို ကိုယ်တော် သိမြင်တော်မူသောကြောင့်တည်း။
13 Mas o Senhor se ri dele, porque vê o destino que o espera.
14 ဆိုးယုတ်သောသူသည် ဆင်းရဲနွမ်းပါးသောသူတို့အား ပြိုလဲပျက်စီးစေရန်လည်းကောင်း၊ ဖြောင့်မတ်စွာ လျှောက်လှမ်းသော သူတို့အား သတ်ဖြတ်ရန်လည်းကောင်း ဓားများကိုထုတ်၍ လေးများကိုတင်ကြ၏။-
14 Os maus empunham a espada e retesam o arco, para abater o pobre e miserável e liquidar os que vão no caminho reto.
15 သူတို့၏ဓားများသည် သူတို့၏နှလုံးကိုသာလျှင် ထိုးဖောက်၍ သူတို့၏ လေးမြားတို့သည်လည်း ကျိုးပဲ့ကြလိမ့်မည်။
15 Sua espada, porém, lhes traspassará o coração, e seus arcos serão partidos.
16 ဖြောင့်မတ်သော သူ၏ဥစ္စာပစ္စည်းအနည်းငယ်သည် ဆိုးယုတ်သောသူတို့၏ ကြွယ်၀သော ပစ္စည်းဥစ္စာထက် ပို၍ တန်ဖိုးရှိ၏။-
16 O pouco que o justo possui vale mais que a opulência dos ímpios;
17 အဘယ်ကြောင့်ဆိုသော် ထာ၀ရဘုရားသခင်သည် ဆိုးယုတ်သောသူတို့၏ ခွန်အားကို ချိုးဖျက်၍ ဖြောင့်မတ်သော သူတို့အား ကူညီမစတော်မူသောကြောင့်တည်း။
17 porque os braços dos ímpios serão quebrados, mas os justos o Senhor sustenta.
18 ထာ၀ရဘုရားသခင်သည် အပြစ်တင်ခွင့်ကင်းသူ တို့၏နေ့ရက်များကို သိတော်မူ၍ ထိုသူတို့၏ အမွေအနှစ်သည်လည်း ကာလအစဉ်အဆက် တည်လေ၏။-
18 O Senhor vela pela vida dos íntegros, e a herança deles será eterna.
19 သူတို့သည် ဘေးအန္တရာယ်နှင့် ကြုံရသည့်အခါ၌ အရှက်တကွဲ ဖြစ်ကြလိမ့်မည်မဟုတ်။ အစာငတ်မွတ်ခေါင်းပါးသော အချိန်ကာလ၌ သူတို့တွင် အစာရေစာ ပေါများကြလိမ့်မည်။
19 Não serão confundidos no tempo da desgraça e nos dias de fome serão saciados.
20 သို့ရာတွင် ဆိုးယုတ်သောသူတို့မူကား ပျက်စီးခြင်းသို့ ရောက်ကြရမည်။ ထာ၀ရဘုရားသခင်၏ ရန်သူတို့မှာမူ ကွင်းပြင်၌ရှိသော မြက်စိမ်းပင်များကဲ့သို့ ခြောက်သွေ့ကာ မီးခိုးအဖြစ် ပျောက်ကွယ်သွားကြလိမ့်မည်။
20 Porém, os ímpios perecerão e os inimigos do Senhor fenecerão como o verde dos prados; desaparecerão como a fumaça.
21 ဆိုးယုတ်သောသူတို့သည် ချေးငှားပြီး နောက်ပြန်၍ မပေးဆပ်တတ်။ ဖြောင့်မတ်သော သူတို့မူကား ရက်ရောသောစိတ်ရှိ၍ အစဉ်အမြဲပေးကမ်းတတ်လေ၏။-
21 O ímpio pede emprestado e não paga, enquanto o justo se compadece e dá,
22 ထာ၀ရဘုရားသခင်၏ ကောင်းချီးတော်ကို ခံရသောသူတို့သည် ပြည်တော်ကို အမွေခံရလိမ့်မည်။ ကိုယ်တော်၏ ကျိန်ဆိုတော်မူခြင်းကို ခံရသော သူတို့မူကား ဖယ်ရှားဖြတ်တောက်ခြင်း ခံကြရလိမ့်မည်။
22 porque aqueles que o Senhor abençoa possuirão a terra, mas os que ele amaldiçoa serão destruídos.
23 ထာ၀ရဘုရားသခင်သည် ဖြောင့်မတ်သောသူ၏ ခြေလှမ်းများကို ခိုင်မြဲစေတော်မူ၏။ ကိုယ်တော်သည် ထိုသူတို့ကို မိမိမြတ်နိုးတော်မူသော လမ်းစဉ်၌ ခိုင်မြဲစေတော်မူ၏။-
23 O Senhor torna firmes os passos do homem e aprova os seus caminhos.
24 ထာ၀ရဘုရားသခင်သည် သူ့အား လက်တော်ဖြင့် ကူညီမစတော်မူသောကြောင့် သူသည် ခြေချော်သော်လည်း လဲကျ လိမ့်မည်မဟုတ်။
24 Ainda que caia, não ficará prostrado, porque o Senhor o sustenta pela mão.
25 ငါသည် ငယ်ရွယ်သောသူဖြစ်ခဲ့ပြီး ယခုအခါ၌မူ အသက်ကြီးရင့်လေပြီ။ သို့သော် ဖြောင့်မတ်သောသူသည် ထာ၀ရ ဘုရားသခင်၏ စွန့်ပစ်ခြင်းခံရသည်ကို လည်းကောင်း၊ သူ၏သားမြေးတို့သည် တောင်းရမ်းစားသောက်ကြရသည်ကို လည်းကောင်း မတွေ့မမြင်ဖူးခဲ့ပေ။-
25 Fui jovem e já sou velho, mas jamais vi o justo abandonado, nem seus filhos a mendigar o pão.
26 သူသည် အစဉ်ရက်ရောစွာ ပေးကမ်းချေးငှား၏။ သူ၏သားမြေးတို့သည်လည်း ကောင်းချီးမင်္ဂလာဖြစ်ကြ၏။
26 Todos os dias empresta misericordiosamente, e abençoada é a sua posteridade.
27 မကောင်းမှုကို ရှောင်ကြဉ်၍ ကောင်းမှုများကို ပြုကျင့်လော့။ ဤသို့ပြုကျင့်လျှင် သင်သည် အစဉ်အမြဲ တည်နေလိမ့်မည်။-
27 Aparta-te do mal e faze o bem, para que permaneças para sempre,
28 အကြောင်းမူကား ထာ၀ရဘုရားသခင်သည် တရားမျှတမှုကို နှစ်သက်မြတ်နိုးတော်မူ၏။ ကိုယ်တော်သည် မိမိအပေါ် သစ္စာရှိသူတို့အား စွန့်ပစ်ထားတော်မမူ။ ဖြောင့်မတ်သော သူတို့သည် ဘေးရန်ကင်းစွာ စောင့်ရှောက်ခြင်း ခံကြရလိမ့်မည်။ ဆိုးယုတ်သောသူ၏ သားမြေးတို့သည်ကား ပယ်ရှင်းပစ်ခြင်း ခံကြရလိမ့်မည်။-
28 porque o Senhor ama a justiça e não abandona os seus fiéis. Os ímpios serão destruídos, e a raça dos ímpios exterminada.
29 ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကို အမွေခံကြရ၍ ပြည်တော်၌ အစဉ်အမြဲနေထိုင်ကြရလိမ့်မည်။
29 Os justos possuirão a terra, e a habitarão eternamente.
30 ဖြောင့်မတ်သော သူ၏နှုတ်သည် ပညာအမြော်အမြင်ရှိသော စကားကို ရေရွတ်တတ်၏။ သူ၏လျှာသည်လည်း တရားမျှတသော စကားကိုသာ ပြောဆိုလေ၏။-
30 A boca do justo fala sabedoria e a sua língua exprime a justiça.
31 ထာ၀ရဘုရားသခင်၏ ပညတ်တရားတော်သည် သူ၏စိတ်နှလုံးထဲ၌ရှိ၍ သူ၏ခြေလှမ်းများသည် မည်သည့်အခါမျှ ချော်၍သွားလိမ့်မည်မဟုတ်။
31 Em seu coração está gravada a lei de Deus; não vacilam os seus passos.
32 ဆိုးယုတ်သူတို့သည် ဖြောင့်မတ်သူတို့ကို ချောင်းမြောင်း၍သတ်ရန် ကြံစည်ကြ၏။-
32 O ímpio espreita o justo, e procura como fazê-lo perecer.
33 သို့ရာတွင် ထာ၀ရဘုရားသခင်သည် ဖြောင့်မတ်သူအား ရန်သူ၏ အာဏာအောက်၌ ထားတော်မူမည်မဟုတ်။ သူသည် တရားရုံး၌ စစ်ဆေးခံရသောအခါ အပြစ်ဒဏ်ခံရလိမ့်မည်မဟုတ်။
33 Mas o Senhor não o abandonará em suas mãos e, quando for julgado, não o condenará.
34 ထာ၀ရဘုရားသခင်ကို မျှော်လင့်ကိုးစား၍ ကိုယ်တော်၏ တရားလမ်းကို ထိန်းသိမ်းစောင့်ရှောက်လော့။ ကိုယ်တော်သည် သင့်အား ပြည်တော်ကို ပိုင်ဆိုင်သောအခွင့်သို့ ချီးမြှင့်တော်မူလိမ့်မည်။ ဆိုးယုတ်သောသူတို့၏ ပျက်စီးခြင်းကို သင်မြင်ရ လိမ့်မည်။
34 Põe tu confiança no Senhor, e segue os seus caminhos. Ele te exaltará e possuirás a terra; a queda dos ímpios verás com alegria.
35 ဆိုးယုတ်သောသူသည် လေဘနွန်၌ပေါက်သော ထင်းရှူးမွှေးပင်ကဲ့သို့ ကြီးထွားလျက်ရှိသည်ကို ငါမြင်ရ၏။-
35 Vi o ímpio cheio de arrogância, a expandir-se com um cedro frondoso.
36 သို့သော် နောက်တစ်ကြိမ် ငါဖြတ်သွားသောအခါ ထိုအရပ်တွင် သူမရှိတော့ပေ။ သူ့ကိုရှာသော်လည်း မတွေ့နိုင်တော့ပေ။
36 Apenas passei e já não existia; procurei-o por toda a parte e nem traço dele encontrei.
37 အပြစ်တင်ခွင့်ကင်းသောသူကို ထောက်ရှုလော့။ ဖြောင့်မတ်သောသူကို ကြည့်ရှုဆင်ခြင်လော့။ အဘယ်ကြောင့်ဆိုသော် ငြိမ်းချမ်းသာယာခြင်းကို လိုလားသူတို့တွင် အမျိုးအနွယ်ထွန်းကား၏။-
37 Observa o homem de bem, considera o justo, pois há prosperidade para o pacífico.
38 အပြစ်ကျူးလွန်သော သူတို့မူကား တစ်ယောက်မကျန် ဖျက်ဆီးခြင်းခံရလိမ့်မည်။ သူတို့၏ အမျိုးအနွယ်တို့သည်လည်း ပယ်ရှင်းခြင်း ခံရလိမ့်မည်။
38 Os pecadores serão exterminados, a geração dos ímpios será extirpada.
39 ဖြောင့်မတ်သောသူ၏ ကယ်တင်ခြင်းသည် ထာ၀ရဘုရားသခင်ထံတော်မှလာ၍ ဘေးဒုက္ခရောက်ချိန်တွင် ကိုယ်တော်သည် သူတို့၏ခိုလှုံရာ ဖြစ်တော်မူ၏။-
39 Vem do Senhor a salvação dos justos, que é seu refúgio no tempo da provocação.
40 ထာ၀ရဘုရားသခင်သည် သူတို့ကိုကူညီ၍ ကယ်တင်တော်မူ၏။ သူတို့သည် ကိုယ်တော်၏ အထံတော်တွင် ခိုလှုံကိုးစား ကြသောကြောင့် ကိုယ်တော်သည် သူတို့ကို ဆိုးယုတ်သောသူတို့၏လက်မှ ကယ်နုတ်တော်မူ၏။
40 O Senhor os ajuda e liberta; arranca-os dos ímpios e os salva, porque se refugiam nele.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 37, comparar traduções ou montar um estudo — tudo direto pelo WhatsApp.