Salmos 31
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC
1 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၌ အကျွန်ုပ်ခိုလှုံပါ၏။ အကျွန်ုပ်ကို မည်သည့်အခါမျှ အရှက်တကွဲ ဖြစ်စေတော်မမူပါနှင့်။ ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်းဖြင့် အကျွန်ုပ်ကို ရွေးနုတ်ကယ်တင်တော်မူပါ။-
1 Ao mestre de canto. Salmo de Davi. Junto de vós, Senhor, me refugio. Não seja eu confundido para sempre; por vossa justiça, livrai-me!
2 ကိုယ်တော်၏ ရွှေနားတော်ကို အကျွန်ုပ်ဘက်သို့ လှည့်တော်မူ၍ အကျွန်ုပ်ကို အလျင်အမြန်ကယ်တော်မူပါ။ အကျွန်ုပ်၏ ခိုလှုံရာ ကျောက်ဆောင်နှင့် အကျွန်ုပ်ကို ကယ်တင်မည့် ခိုင်ခံ့သောရဲတိုက် ဖြစ်တော်မူပါ။
2 Inclinai para mim vossos ouvidos, apressai-vos em me libertar. Sede para mim uma rocha de refúgio, uma fortaleza bem armada para me salvar.
3 ကိုယ်တော်သည် အကျွန်ုပ်၏ ကျောက်ဆောင်နှင့် အကျွန်ုပ်၏ရဲတိုက် အမှန်စင်စစ်ဖြစ်တော်မူ၏။ ကိုယ်တော်၏ နာမတော်ကို ထောက်၍ အကျွန်ုပ်ကို ဦးဆောင်လမ်းညွန်တော်မူပါ။-
3 Pois só vós sois minha rocha e fortaleza: haveis de me guiar e dirigir, por amor de vosso nome.
4 အကျွန်ုပ်အတွက် ထောင်ထားသော ကျော့ကွင်းမှ အကျွန်ုပ်ကို လွတ်မြောက်စေတော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ခိုလှုံရာရဲတိုက် ဖြစ်တော်မူပါ၏။-
4 Vós me livrareis das ciladas que me armaram, porque sois minha defesa.
5 ကိုယ်တော်၏ လက်တော်သို့ အကျွန်ုပ်၏ဝိညာဉ်ကို အပ်နှံပါ၏။ သစ္စာရှိသောဘုရား ဖြစ်တော်မူသည့် အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်တော်မူခဲ့လေပြီ။
5 Em vossas mãos entrego meu espírito; livrai-me, ó Senhor, Deus fiel.
6 အကျွန်ုပ်သည် တန်ဖိုးမဲ့သောရုပ်တုများအား ဆည်းကပ်သောသူတို့ကို မုန်းတီးပါ၏။ ထာ၀ရဘုရားသခင်၌ အကျွန်ုပ် ယုံကြည်အားကိုးပါ၏။-
6 Detestais os que adoram ídolos vãos. Eu, porém, confio no Senhor.
7 အကျွန်ုပ်သည် ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်၌ ဝမ်းမြောက်ရွှင်လန်းခြင်း ရှိပါလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ဒုက္ခဝေဒနာကို တွေ့မြင်၍ အကျွန်ုပ်ဝိညာဉ်၏ ဝမ်းနည်းပူဆွေးခြင်းကို သိရှိတော်မူပါ၏။-
7 Exultarei e me alegrarei pela vossa compaixão, porque olhastes para minha miséria e ajudastes minha alma angustiada.
8 အကျွန်ုပ်ကို ရန်သူ၏လက်တွင်းသို့အပ်နှံတော်မမူဘဲ ကျယ်ဝန်းသောနေရာအရပ်၌ အခြေကျစေတော်မူပါ၏။
8 Não me entregastes às mãos do inimigo, mas alargastes o caminho sob meus pés.
9 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် စိတ်ဒုက္ခရောက်လျက်ရှိသောကြောင့် အကျွန်ုပ်ကို သနားတော်မူပါ။ အကျွန်ုပ်၏ မျက်စိများသည် ဝမ်းနည်းခြင်းဖြင့်လည်းကောင်း၊ အကျွန်ုပ်၏ဝိညာဉ်နှင့် ကိုယ်ခန္ဓာသည်လည်း ပူဆွေးခြင်းဖြင့်လည်းကောင်း အင်အားကုန်ခန်းလျက်ရှိပပြီ။-
9 Tende piedade de mim, Senhor, porque vivo atribulado, de tristeza definham meus olhos, minha alma e minhas entranhas.
10 အကြောင်းမူကား အကျွန်ုပ်၏ ဘ၀အသက်တာသည် ဝမ်းနည်းခြင်းဖြင့်လည်းကောင်း၊ အကျွန်ုပ်၏ သက်တမ်းကာလ သည်လည်း သက်ပြင်းချရခြင်းဖြင့်လည်းကောင်း အချိန်ကုန်လွန်ခဲ့လေပြီ။ အကျွန်ုပ်၏ ဒုက္ခဆင်းရဲကြောင့် အကျွန်ုပ်၏ ခွန်အားများ ချည့်နဲ့လာပြီး အရိုးများသည်လည်း ဆွေးမြည့်လာကြပါပြီ။
10 Realmente, minha vida se consome em amargura, e meus anos em gemidos. Minhas forças se esgotaram na aflição, mirraram-se os meus ossos.
11 အကျွန်ုပ်သည် ရန်သူများအတွက် ကဲ့ရဲ့စရာ၊ အိမ်နီးချင်းများအတွက် ရွံရှာစရာနှင့် မိတ်ဆွေများအတွက် ကြောက်ရွံ့စရာ ဖြစ်လေပြီ။ လမ်း၌ အကျွန်ုပ်ကို မြင်တွေ့ကြသောသူတို့သည် အကျွန်ုပ်ထံမှထွက်ပြေးကြပါ၏။-
11 Tornei-me objeto de opróbrio para todos os inimigos, ludíbrio dos vizinhos e pavor dos conhecidos. Fogem de mim os que me vêem na rua.
12 သူတို့သည် အကျွန်ုပ်ကို သေလွန်ပြီးသောသူကဲ့သို့ မေ့လျော့ကြပါပြီ။ အကျွန်ုပ်သည် စွန့်ပစ်ခြင်းခံရသည့် အိုးခြမ်းပဲ့ကဲ့သို့ ဖြစ်ပါ၏။-
12 Fui esquecido dos corações como um morto, fiquei rejeitado como um vaso partido.
13 အကြောင်းမူကား အကျွန်ုပ်သည် လူတို့၏အသရေဖျက်သော စကားများကို ကြားရပါ၏။ ကြောက်မက်ဖွယ်ရာများလည်း ပတ်လည်ဝိုင်း၍နေပါ၏။ သူတို့သည် အကျွန်ုပ်ကိုသတ်ရန် လျှို့ဝှက်ပူးပေါင်း ကြံစည်ကြပါ၏။
13 Sim, eu ouvi o vozerio da multidão; em toda parte, o terror! Conspirando contra mim, tramam como me tirar a vida.
14 သို့သော် အကျွန်ုပ်သည် ကိုယ်တော်၌ ယုံကြည်အားကိုးပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်ပါသည်ဟု အကျွန်ုပ်ဆိုပါ၏။-
14 Mas eu, Senhor, em vós confio. Digo: Sois vós o meu Deus.
15 အကျွန်ုပ်၏ နေ့ရက်ကာလများသည် ကိုယ်တော်၏ ရွှေလက်တော်ထဲ၌ရှိပါ၏။ ရန်သူများနှင့် ညှဉ်းပန်းနှိပ်စက်သော သူတို့၏လက်မှ အကျွန်ုပ်ကိုကယ်တော်မူပါ။-
15 Meu destino está nas vossas mãos. Livrai-me do poder de meus inimigos e perseguidores.
16 ကိုယ်တော်၏ ရွှေမျက်နှာတော်အလင်းကို ကိုယ်တော်၏အစေခံ အကျွန်ုပ်အပေါ်သို့ ထွန်းလင်းစေတော်မူပါ။ ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်၌ အကျွန်ုပ်ကိုကယ်တော်မူပါ။-
16 Mostrai semblante sereno ao vosso servo, salvai-me pela vossa misericórdia.
17 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ထံ တောင်းလျှောက်သည်ဖြစ်၍ အကျွန်ုပ်ကို အရှက်ကွဲစေတော်မမူ ပါနှင့်။ ဆိုးယုတ်သောသူတို့သည် အရှက်ကွဲကြရပါစေ။ သူတို့သည် နှုတ်ဆိတ်လျက် မရဏနိုင်ငံသို့သွားကြရပါစေ။-
17 Senhor, não fique eu envergonhado, porque vos invoquei: Confundidos sejam os ímpios e, mudos, lançados na região dos mortos.
18 လိမ်ညာပြောဆိုတတ်သော နှုတ်ခမ်းများသည် ဆွံ့အကြပါစေသော်။ အကြောင်းမူကား သူတို့သည် ဖြောင့်မတ်သော သူအား မခန့်လေးစားပြု၍ မာနနှင့် မောက်မာစွာ ပြောဆိုကြပါ၏။
18 Fazei calar os lábios mentirosos que falam contra o justo com insolência, desprezo e arrogância.
19 ကိုယ်တော့်ကို ကြောက်ရွံ့သောသူတို့အဖို့ သိုမှီးထားတော်မူသော ကောင်းမြတ်ခြင်းနှင့် ကိုယ်တော့်ကို ခိုလှုံသောသူတို့အဖို့ လူအပေါင်းတို့၏ ရှေ့မှောက်၌ ကိုယ်တော်ဆောင်ရွက်ပေးတော်မူသော ကောင်းမြတ်ခြင်းတို့ကား များပြားလှပေ၏။-
19 Quão grande é, Senhor, vossa bondade, que reservastes para os que vos temem e com que tratais aos que se refugiam em vós, aos olhos de todos.
20 ကိုယ်တော်သည် သူတို့အား လူတို့၏ လျှို့ဝှက်ကြံစည်ခြင်းမှ ကင်းလွတ်စေရန် မိမိ၏ တည်ရှိတော်မူခြင်းတည်းဟူသော အရိပ်အောက်၌ ဝှက်ထားတော်မူ၏။ စော်ကားပြောဆိုသော လျှာများ၏ဘေးရန်မှ ကင်းဝေးစေရန် ကိုယ်တော်၏တဲတော်တွင် သူတို့ကို ထိန်းသိမ်းထားတော်မူ၏။
20 Sob a proteção de vossa face os defendeis contra as conspirações dos homens. Vós os ocultais em vossa tenda contra as línguas maldizentes.
21 ထာ၀ရဘုရားသခင်အား ချီးမွမ်းထောမနာရှိပါစေ။ အကြောင်းမူကား ငါသည် ရန်သူ၏လက်သို့ ကျရောက်သော မြို့တွင်း၌ ရှိခဲ့စဉ် ကိုယ်တော်သည် ငါ့အား မိမိ၏ခိုင်မြဲသော မေတ္တာတော်ကို အံ့ဖွယ်ကောင်းစွာ ပြသတော်မူခဲ့သောကြောင့်တည်း။-
21 Bendito seja o Senhor, que usou de maravilhosa bondade, abrigando-me em cidade fortificada.
22 ငါသည် ထိတ်လန့်၍ ပြောဆိုခဲ့သည်မှာ အကျွန်ုပ်သည် ကိုယ်တော်၏ မျက်မှောက်တော်မှ ဝေးကွာခဲ့ရပါပြီ။ သို့သော် ကယ်တင်တော်မူပါမည့်အကြောင်း ကိုယ်တော့်ထံတော်သို့ အကျွန်ုပ်ဟစ်အော်သောအခါ ကိုယ်တော်သည် အကျွန်ုပ် တောင်းလျှောက်သောအသံကို နားညောင်းတော်မူခဲ့ပါသည် ဟူ၍ဖြစ်၏။
22 Eu, porém, tinha dito no meu temor: Fui rejeitado de vossa presença. Mas ouvistes antes o brado de minhas súplicas, quando clamava a vós.
23 ထာ၀ရဘုရားသခင်ကို ချစ်မြတ်နိုးကြလော့။ ကိုယ်တော်၏ သန့်ရှင်းသူအပေါင်းတို့၊ ထာ၀ရဘုရားသခင်သည် သစ္စာစောင့်သောသူတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၍ မာနထောင်လွှားသော သူတို့ကိုမူကား အပြည့်အဝ ဒဏ်ခတ် တော်မူ၏။-
23 Amai o Senhor todos os seus servos! Ele protege os que lhe são fiéis. Sabe, porém, retribuir, castigando com rigor aos que procedem com soberba.
24 ထာ၀ရဘုရားသခင်ကို ကိုးစားသူအပေါင်းတို့၊ သတ္တိရှိကြလော့။ ရဲရင့်သောစိတ် ရှိကြလော့။
24 Animai-vos e sede fortes de coração todos vós, que esperais no Senhor.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 31, comparar traduções ou montar um estudo — tudo direto pelo WhatsApp.