Salmos 30

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs BKJ

Sair da comparação
1 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော့်ကို အကျွန်ုပ်ချီးမြှောက်ပါမည်။ အကြောင်းမူကား ကိုယ်တော်သည် နက်ရှိုင်းရာအရပ်မှ အကျွန်ုပ်ကို ဆွဲတင်တော်မူပြီး ရန်သူများအား အကျွန်ုပ်အပေါ်၌ ဝမ်းမြောက်စေတော် မမူခဲ့ပေ။-
1 Salmo e Canção à dedicação da casa de Davi. Eu te exaltarei, ó SENHOR; porque tu me elevaste e não fizeste com que meus inimigos se regozijassem sobre mim.
2 အိုအကျွန်ုပ်၏အရှင် ထာ၀ရဘုရားသခင်၊ ကယ်တော်မူပါရန် ကိုယ်တော့်ထံသို့ အကျွန်ုပ်အော်ဟစ်ခဲ့ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို ပျောက်ကင်းချမ်းသာ စေတော်မူခဲ့လေပြီ။-
2 Ó SENHOR, meu Deus, eu clamei a ti e tu me curaste.
3 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို မရဏသခင်္ျိုင်းတွင်းမှ ဆွဲတင်တော်မူ၍ နက်ရှိုင်းသော အရပ်သို့ သက်ဆင်းရသူများအလယ်မှ ပြန်လည်ရှင်သန် စေတော်မူခဲ့လေပြီ။
3 Ó SENHOR, tu levantaste minha alma do túmulo; tu me mantiveste vivo, para que eu não descesse à cova.
4 ကိုယ်တော့်အပေါ် သစ္စာစောင့်သိသော သင်တို့၊ ထာ၀ရဘုရားသခင်အား သီဆိုချီးမွမ်းကြလော့။ သန့်ရှင်းမြင့်မြတ် တော်မူသော နာမတော်ကို ချီးမွမ်းကြလော့။-
4 Cantai ao SENHOR, ó vós seus santos, e dai graças à lembrança de sua santidade.
5 အကြောင်းမူကား ကိုယ်တော်၏ အမျက်ဒေါသသည် တစ်ခဏမျှသာဖြစ်၏။ ကျေးဇူးပြုတော်မူခြင်းသည်ကား တစ်သက်လုံး ဖြစ်လေ၏။ ငိုကြွေးခြင်းသည် ညအချိန်၌ ရောက်လာပြီး နံနက်အချိန်၌မူကား ဝမ်းမြောက်ခြင်းရှိ၏။
5 Porque a sua ira não dura mais que um momento; em seu favor está a vida; o choro pode durar uma noite, mas a alegria vem de manhã.
6 ငါသည် မည်သည့်အခါမျှ တုန်လှုပ်လိမ့်မည်မဟုတ်ဟူ၍ ကြွယ်၀ချမ်းသာမှုကို ခံစားရသည့်အချိန်တွင် ငါပြောဆိုခဲ့၏။-
6 E na minha prosperidade eu disse: Nunca serei abalado.
7 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ ကျေးဇူးတော်အားဖြင့် အကျွန်ုပ်သည် ခိုင်ခံ့သောတောင်ကဲ့သို့ တည်နေပါပြီ။ သို့သော် ကိုယ်တော်၏ မျက်နှာလွှဲတော်မူသောအခါ၌ အကျွန်ုပ်သည် အလွန်ကြောက်လန့် တုန်လှုပ်ခဲ့ရပါ၏။
7 SENHOR, pelo teu favor tu fizeste com que o monte permanecesse firme; tu escondeste a tua face, e eu fiquei perturbado.
8 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော့်ထံတော်သို့ အကျွန်ုပ်ဟစ်အော်ခဲ့ပါ၏။-
8 Eu clamei a ti, ó SENHOR; e ao SENHOR eu fiz súplicas.
9 ထာ၀ရဘုရားသခင်ထံတော်သို့ အကျွန်ုပ်အသနားခံ၍ ပြောဆိုသည်ကား အကျွန်ုပ်သည် သေဆုံးလျက် သခင်္ျိုင်းတွင်းသို့ ရောက်ခြင်းဖြင့် မည်သည့်အကျိုးကို ခံစားရပါမည်နည်း။ မြေမှုန့်သည် ကိုယ်တော့်ကို ချီးမွမ်းပါမည်လော။ ၎င်းသည် ကိုယ်တော်၏ သစ္စာတော်ကို ဖော်ပြပြောဆိုပါမည်လော။-
9 Que lucro há em meu sangue, quando eu desço à cova? Irá o pó te louvar? Declarará ele a tua verdade?
10 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကို နားညောင်း၍ ကျေးဇူးပြုတော်မူပါ။ အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ ကူညီမစသူ ဖြစ်တော်မူပါ။
10 Ouve, ó SENHOR, e tem misericórdia de mim; SENHOR, sê tu o meu ajudador.
11 ကိုယ်တော်သည် အကျွန်ုပ်၏ ဝမ်းနည်းပူဆွေးခြင်းကို ပျော်ရွှင်ကခုန်ခြင်းအဖြစ်သို့ ပြောင်းလဲစေတော်မူခဲ့ပြီ။ အကျွန်ုပ်၏ လျှော်တေအဝတ်ကို ချွတ်ခွာပေး၍ ဝမ်းမြောက်ရွှင်လန်းခြင်းဖြင့် ဖုံးလွှမ်းခဲ့လေပြီ။-
11 Tu transformaste meu pranto em dança; tu tiraste meu pano de saco, e me cingiste com alegria.
12 ဤသို့ဖြင့် အကျွန်ုပ်၏ဝိညာဉ်သည် တိတ်ဆိတ်စွာမနေဘဲ ကိုယ်တော့်ကို သီဆိုချီးမွမ်းနိုင်လိမ့်မည်။ အိုအကျွန်ုပ်၏အရှင် ထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ကို အစဉ်ထာ၀ရချီးမွမ်းပါမည်။
12 A fim de que a minha glória possa cantar louvores a ti, e não se silenciar. Ó SENHOR, meu Deus, eu darei graças a ti para sempre.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 30, comparar traduções ou montar um estudo — tudo direto pelo WhatsApp.