Salmos 29

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 အိုကောင်းကင်သားတို့၊ ထာ၀ရဘုရားသခင်ကို အသိအမှတ်ပြုကြလော့။ ဘုန်းဂုဏ်တော်နှင့် ခွန်အားတို့သည် ထာ၀ရ ဘုရားသခင်နှင့်သာ သက်ဆိုင်ကြောင်း အသိအမှတ်ပြုကြလော့။-
1 Anjos, louvem a Deus, o Senhor ; louvem a sua
2 နာမတော်၏ ဘုန်းဂုဏ်တော်သည် ထာ၀ရဘုရားသခင်နှင့်သာ သက်ဆိုင်ကြောင်း အသိအမှတ်ပြုကြလော့။ သန့်ရှင်းမြင့်မြတ်သော ဂုဏ်သရေတော်နှင့် တင့်တယ်တော်မူသော ထာ၀ရဘုရားသခင်ကို ရှိခိုးကိုးကွယ်ကြလော့။
2 Deem ao Senhor a honra que ele merece; curvem-se diante do quando ele aparecer.
3 ထာ၀ရဘုရားသခင်၏ အသံတော်သည် ရေပြင်ပေါ်တွင် တည်ရှိတော်မူ၏။ ဘုန်းကြီးတော်မူသော ဘုရားသခင်သည် မိုးထစ်ချုန်းသကဲ့သို့ မြည်ဟည်းတော်မူ၏။ ထာ၀ရဘုရားသခင်သည် ရေများပေါ်တွင် တည်ရှိတော်မူ၏။-
3 A voz do Senhor é ouvida sobre as águas; o e sobre os mares se ouve a sua voz.
4 ထာ၀ရဘုရားသခင်၏ အသံတော်သည် ဘုန်းတန်ခိုးတော်နှင့် ပြည့်စုံတော်မူ၏။ ထာ၀ရဘုရားသခင်၏ အသံတော်သည် ဂုဏ်ကျက်သရေနှင့် ပြည့်၀လျက်ရှိ၏။
4 A voz do Senhor é cheia de poder e majestade;
5 ထာ၀ရဘုရားသခင်၏ အသံတော်သည် ထင်းရှူးမွှေးပင်တို့ကို ကျိုးစေတော်မူ၏။ ထာ၀ရဘုရားသခင်သည် လေဘနွန်မှ ထင်းရှူးမွှေးပင်တို့ကို ချိုးဖဲ့တော်မူ၏။-
5 a sua voz quebra as árvores de cedro, quebra até os cedros dos montes Líbanos.
6 ကိုယ်တော်သည် လေဘနွန်ကို နွားသူငယ်ကဲ့သို့လည်းကောင်း၊ ဆီရီအုံကိုလည်း ပျိုရွယ်သော နွားသိုးကဲ့သို့လည်းကောင်း ခုန်ပေါက်စေတော်မူ၏။
6 Os montes Líbanos ele faz saltar como bezerros; o monte Hermom ele faz pular como um boi novo.
7 ထာ၀ရဘုရားသခင်၏ အသံတော်သည် မီးတောက်မီးလျှံများကို ထွက်ပေါ်လာစေတော်မူ၏။-
7 A voz do Senhor faz brilhar o relâmpago.
8 ထာ၀ရဘုရားသခင်၏ အသံတော်သည် တောကန္တာရများကို တုန်လှုပ်စေတော်မူ၏။ ထာ၀ရဘုရားသခင်သည် ကာဒက်တော ကန္တာရကို တုန်လှုပ်စေတော်မူ၏။
8 A sua voz faz tremer o deserto; o o deserto de Cades.
9 ထာ၀ရဘုရားသခင်၏ အသံတော်သည် ဝက်သစ်ချပင်တို့ကို ချာချာလည်စေ၍ သစ်တောများကိုလည်း ပြုန်းတီး စေတော်မူ၏။ ကိုယ်တော်၏ဗိမာန်တော်တွင် လူအပေါင်းတို့က ဘုန်းတော်ဂုဏ်တော်ရှိစေသတည်းဟု ကြွေးကြော်ကြ၏။
9 A voz do Senhor sacode os carvalhos e arranca as folhas das árvores. Enquanto isso, no seu Templo, todos gritam: “Glória a Deus!”
10 ထာ၀ရဘုရားသခင်သည် ရေလှိုင်းလုံးများအထက်တွင် စံပယ်တော်မူ၏။ ကိုယ်တော်သည် ဘုရင်မင်းမြတ်အဖြစ် ပလ္လင်တော်ပေါ်တွင် အစဉ်ထာ၀ရထိုင်တော်မူ၏။-
10 O Senhor Deus reina sobre as águas profundas; como Rei ele governa para sempre.
11 ထာ၀ရဘုရားသခင်သည် မိမိ၏လူမျိုးတော်အား ခွန်အားကို ပေးတော်မူပါစေ။ ထာ၀ရဘုရားသခင်သည် မိမိ၏ လူမျိုးတော်အား ငြိမ်းချမ်းသာယာစေခြင်းဖြင့် ကောင်းချီးမင်္ဂလာ ပေးတော်မူပါစေ။
11 O Senhor dá força ao seu povo e o abençoa, dando-lhe tudo o que é bom.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 29, comparar traduções ou montar um estudo — tudo direto pelo WhatsApp.