Salmos 28

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 အကျွန်ုပ်၏ ကျောက်ဆောင်ဖြစ်တော်မူသော အိုထာ၀ရဘုရားသခင်၊ ကိုယ်တော့်အထံတော်သို့ အကျွန်ုပ်အော်ဟစ်ပါ၏။ အကျွန်ုပ်၏အသံကို နားညောင်းတော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် ဆိတ်ဆိတ်နေပါလျှင် အကျွန်ုပ်သည် သခင်္ျိုင်းဂူတွင်းထဲသို့ ဆင်းသူတို့ကဲ့သို့ ဖြစ်ရပါလိမ့်မည်။-
1 A ti eu clamo, ó S enhor , minha rocha; não feches teus ouvidos para mim. Pois, se permaneceres calado, será melhor que eu desista e morra.
2 ကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်သော ဗိမာန်တော်ကိုဦးတည်၍ လက်များကိုမြှောက်လျက် ကူညီမစတော်မူရန် အော်ဟစ် တောင်းလျှောက်သော အကျွန်ုပ်၏အသံကို နားညောင်းတော်မူပါ။
2 Ouve minha súplica por misericórdia, quando eu clamar por socorro, quando levantar as mãos para o teu santuário.
3 မကောင်းမှုကိုပြုသော သူယုတ်မာတို့နှင့်အတူ အကျွန်ုပ်ကို ဆွဲခေါ်တော်မမူပါနှင့်။ ထိုသူတို့သည် နီးစပ်သောသူတို့အား ငြိမ်းချမ်းသောစကားကို ပြောကြသော်လည်း စိတ်နှလုံး၌မူကား မကောင်းမှုများရှိနေကြပါ၏။-
3 Não me arrastes com os perversos, com os que praticam o mal, que dirigem palavras amigáveis ao próximo, enquanto tramam maldades no coração.
4 ထိုသူတို့ပြုကျင့်ခဲ့သော အပြုအမူများအတိုင်း သူတို့ကို ဒဏ်ခတ်တော်မူပါ။ ထိုသူတို့ပြုကျင့်ခဲ့သော မကောင်းမှုများအတိုင်း သူတို့ကို တုံ့ပြန်တော်မူပါ။ သူတို့လက်များ၏ ဆောင်ရွက်ချက်များနှင့်အညီ သူတို့ကို တုံ့ပြန်တော်မူပါ။ သူတို့နှင့် ထိုက်တန်သော အရာကို ပေးအပ်တော်မူပါ။-
4 Dá o castigo pelo que fizeram, segundo a medida de sua perversidade. Retribui-lhes por seus atos e faz que recebam o que merecem.
5 အကြောင်းမူကား သူတို့သည် ထာ၀ရဘုရားသခင် ပြုလုပ်တော်မူသော အမှုတော်တို့ကိုလည်းကောင်း၊ ကိုယ်တော်၏ လက်ရာတော်များကိုလည်းကောင်း ဂရုမစိုက်ကြသောကြောင့် ကိုယ်တော်သည် သူတို့ကို ဖြိုဖျက်၍ မည်သည့်အခါမျှ ပြန်လည်တည်ဆောက်တော် မူလိမ့်မည် မဟုတ်ပေ။
5 Eles não se importam com as obras do S enhor , nem com o que suas mãos criaram. Por isso ele os derrubará, e nunca mais voltarão a se erguer.
6 ထာ၀ရဘုရားသခင်အား ကောင်းချီးမင်္ဂလာရှိစေသတည်း။ အကြောင်းမူကား ကိုယ်တော်သည် ငါ၏ တောင်းလျှောက်သံကို နားညောင်းတော်မူလေပြီ။-
6 Louvado seja o S enhor , pois ouviu meu clamor por misericórdia!
7 ထာ၀ရဘုရားသခင်သည် ငါ၏ခွန်အား၊ ငါ၏ဒိုင်းလွှား ဖြစ်တော်မူ၏။ ငါ၏စိတ်နှလုံးသည် ထာ၀ရဘုရားသခင်ကို ကိုးစား၍ ကိုယ်တော်သည် ငါ့ကိုစောင်မတော်မူခဲ့သောကြောင့် ငါ၏စိတ်နှလုံးသည် ဝမ်းမြောက်ရွှင်လန်းလျက်ရှိပါ၏။ ငါသည် သီချင်း ဆိုလျက် ကိုယ်တော်အား ကျေးဇူးဆပ်တင်ပါမည်။
7 O S enhor é minha força e meu escudo; confio nele de todo o coração. Ele me ajuda, e meu coração se enche de alegria; por isso lhe dou graças com meus cânticos.
8 ထာ၀ရဘုရားသခင်သည် မိမိလူမျိုးတော်၏ ခွန်အားဖြစ်တော်မူ၏။ ကိုယ်တော်သည် မိမိဘိသိက်ပေးသောသူအတွက် ကယ်တင်ခြင်း၏ ရဲတိုက်ဖြစ်တော်မူ၏။-
8 O S enhor é a força de seu povo, fortaleza segura para seu ungido.
9 ကိုယ်တော်၏လူမျိုးတော်ကို ကယ်တော်မူပါ။ ကိုယ်တော်၏အမွေအနှစ်ကို ကောင်းချီးပေးတော်မူပါ။ ကိုယ်တော်သည် သူတို့၏သိုးထိန်း ဖြစ်တော်မူလျက် သူတို့ကို ထာ၀စဉ်ကြည့်ရှုစောင့်ရှောက်တော်မူပါ။
9 Salva o teu povo! Abençoa os que pertencem a ti! Conduze-os como pastor e leva-os em teus braços para sempre.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 28, comparar traduções ou montar um estudo — tudo direto pelo WhatsApp.