Salmos 25

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI

Sair da comparação
NVI Nova Versão Internacional
1 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ ဝိညာဉ်ကို ကိုယ်တော်၏ အထံတော်သို့ ဆက်ကပ်ပါ၏။-
1 A ti, Senhor, elevo a minha alma.
2 အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော့်ကို အကျွန်ုပ်ယုံ ကြည်ကိုးစားပါ၏။ အကျွန်ုပ်ကို အရှက်တကွဲ ဖြစ်စေတော်မမူပါနှင့်။ အကျွန်ုပ်၏ရန်သူများသည် အကျွန်ုပ်အပေါ် အောင်ပွဲမခံပါစေနှင့်။-
2 Em ti confio, ó meu Deus. Não deixes que eu seja humilhado, nem que os meus inimigos triunfem sobre mim!
3 ကိုယ်တော်အား စောင့်ငံ့မျှော်လင့်သူ တစ်ဦးတစ်ယောက်ကိုမျှ အရှက်တကွဲမဖြစ်ပါစေနှင့်။ သစ္စာမဲ့သော သူတို့သာလျှင် ရှက်ကြောက်ခြင်းသို့ ရောက်ကြရပါစေ။
3 Nenhum dos que esperam em ti ficará decepcionado; decepcionados ficarão aqueles que, sem motivo, agem traiçoeiramente.
4 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ လမ်းတော်များကိုသိရှိရန် အကျွန်ုပ်အား ညွန်ပြပေးတော်မူပါ။ ကိုယ်တော်၏ လမ်းစဉ်ကို အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။-
4 Mostra-me, Senhor, os teus caminhos, ensina-me as tuas veredas;
5 ကိုယ်တော်၏သစ္စာ၊ သမ္မာတရားတော်၌ အကျွန်ုပ်ကို ဦးဆောင်၍ သွန်သင်တော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရားသခင်ဖြစ်တော်မူပါ၏။ အကျွန်ုပ်သည် ကိုယ်တော့်ကို တစ်နေ့လုံးစောင့်မျှော်နေပါ၏။
5 guia-me com a tua verdade e ensina-me, pois tu és Deus, meu Salvador, e a minha esperança está em ti o tempo todo.
6 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်နှင့် ကရုဏာတော်ကို သတိရတော်မူပါ။ အကြောင်းမူကား ယင်းတို့သည် ရှေးကာလကပင် တည်ရှိခဲ့ပါ၏။-
6 Lembra-te, Senhor, da tua compaixão e da tua misericórdia, que tens mostrado desde a antigüidade.
7 အကျွန်ုပ်ငယ်ရွယ်စဉ်က ပြုခဲ့သောအပြစ်များနှင့် ကျူးလွန်ခဲ့ခြင်းများကို အောက်မေ့တော်မမူပါနှင့်။ အို ထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ ကောင်းမြတ်တော်မူခြင်းကိုထောက်၍ ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်နှင့်အညီ အကျွန်ုပ်ကို သတိရ တော်မူပါ။
7 Não te lembres dos pecados e transgressões da minha juventude; conforme a tua misericórdia, lembra-te de mim, pois tu, Senhor, és bom.
8 ထာ၀ရဘုရားသခင်သည် ကောင်းမြတ်၍ ဖြောင့်မတ်တော်မူ၏။ ထို့ကြောင့် ကိုယ်တော်သည် အပြစ်သားများကို မိမိ၏လမ်းတော်၌ သွန်သင်တော်မူ၏။-
8 Bom e justo é o Senhor; por isso mostra o caminho aos pecadores.
9 ကိုယ်တော်သည် နှိမ့်ချသောသူတို့အား တရားလမ်းမှန်သို့ပို့ ဆောင်၍ မိမိ၏လမ်းတော်တို့ကို သွန်သင်တော်မူ၏။-
9 Conduz os humildes na justiça e lhes ensina o seu caminho.
10 ထာ၀ရဘုရားသခင်၏ ပဋိညာဉ်တော်နှင့် ပညတ်တော်တို့ကို စောင့်ထိန်းသော သူအပေါင်းတို့အတွက် ကိုယ်တော်၏ လမ်းခရီးရှိသမျှတို့သည် ခိုင်မြဲသောမေတ္တာနှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ပြည့်စုံတော်မူပါ၏။
10 Todos os caminhos do Senhor são amor e fidelidade para com os que cumprem os preceitos da sua aliança.
11 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏အပြစ်သည် ကြီးမားလှပါသောကြောင့် ကိုယ်တော်၏ နာမတော်ကိုထောက်၍ ထိုအပြစ်ကို အခွင့်လွှတ်တော်မူပါ။-
11 Por amor do teu nome, Senhor, perdoa o meu pecado, que é tão grande!
12 ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့သောသူကား မည်သူနည်း။ ကိုယ်တော်သည် ထိုသူရွေးချယ်ရမည့် လမ်းစဉ်အတိုင်း သူ့ကို သွန်သင်တော်မူလိမ့်မည်။-
12 Quem é o homem que teme o Senhor? Ele o instruirá no caminho que deve seguir.
13 ထိုသူသည် ကြွယ်၀ချမ်းသာစွာ အသက်ရှင်နေထိုင်၍ သူ၏သားသမီးများသည် ပြည်တော်ကို အမွေခံရလိမ့်မည်။-
13 Viverá em prosperidade, e os seus descendentes herdarão a terra.
14 ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့သော သူတို့သည် ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ်တရားတော် ကိုသိရသောအခွင့်ကို ရရှိကြ၏။-
14 O Senhor confia os seus segredos aos que o temem, e os leva a conhecer a sua aliança.
15 အကျွန်ုပ်၏ မျက်စိတို့သည် ထာ၀ရဘုရားသခင်ထံသို့ အစဉ်မျှော်ကြည့်ကြပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ခြေကို ကျော့ကွင်းထဲမှ နုတ်ယူတော်မူမည် ဖြစ်သောကြောင့်တည်း။
15 Os meus olhos estão sempre voltados para o Senhor, pois só ele tira os meus pés da armadilha.
16 အကျွန်ုပ်ဘက်သို့လှည့်၍ သနားကရုဏာတော်ကို ပြတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် တစ်ယောက်တည်း အထီးကျန်ဖြစ်၍ ဆင်းရဲဒုက္ခခံနေရပါ၏။-
16 Volta-te para mim e tem misericórdia de mim, pois estou só e aflito.
17 အကျွန်ုပ်၏ စိတ်နှလုံးပူပန်ခြင်းများကို သက်သာစေတော်မူပါ။ အကျွန်ုပ်၏ စိတ်ဒုက္ခခံစားရခြင်းမှလည်း အကျွန်ုပ်ကို လွတ်မြောက်စေတော်မူပါ။-
17 As angústias do meu coração se multiplicaram; liberta-me da minha aflição.
18 အကျွန်ုပ်ခံစားရသောဒုက္ခ ဆင်းရဲများနှင့် ဝေဒနာအပေါင်းတို့ကို အောက်မေ့တော်မူ၍ အကျွန်ုပ်၏ အပြစ်များအားလုံးကို ခွင့်လွှတ်တော်မူပါ။
18 Olha para a minha tribulação e o meu sofrimento, e perdoa todos os meus pecados.
19 အကျွန်ုပ်၏ ရန်သူများသည် မည်မျှလောက် များပြားကြောင်းကိုလည်းကောင်း၊ သူတို့သည် အကျွန်ုပ်ကို မည်မျှခါးသီးစွာ မုန်းတီးကြောင်းကိုလည်းကောင်း ဆင်ခြင်အောက်မေ့တော်မူပါ။-
19 Vê como aumentaram os meus inimigos e com que fúria me odeiam!
20 အကျွန်ုပ်၏အသက်ကို ကာကွယ်စောင့်ရှောက်၍ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ အကျွန်ုပ်ကို အရှက်တကွဲ ဖြစ်စေတော်မမူပါနှင့်။ အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်သည် ကိုယ်တော်၌ ခိုလှုံအားကိုးပါ၏။-
20 Guarda a minha vida e livra-me! Não me deixes decepcionado, pois eu me refugio em ti.
21 အပြစ်ကင်းစင်ခြင်းနှင့် ဖြောင့်မတ်တည်ကြည်ခြင်းတို့သည် အကျွန်ုပ်ကို ထိန်းသိမ်းစောင့်ရှောက်ကြပါစေ။ အကြောင်း မူကား အကျွန်ုပ်သည် ကိုယ်တော့်ကို စောင့်ငံ့မျှော်လင့်လျက်ရှိပါ၏။
21 Que a integridade e a retidão me protejam, porque a minha esperança está em ti.
22 အိုဘုရားသခင်၊ အစ္စရာအဲလ်လူမျိုးတို့ကို ခပ်သိမ်းသော ဆင်းရဲဒုက္ခတို့မှ ရွေးနုတ်ကယ်တင်တော်မူပါ။
22 Ó Deus, liberta Israel de todas as suas aflições!

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 25, comparar traduções ou montar um estudo — tudo direto pelo WhatsApp.