Salmos 17

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 အိုထာ၀ရဘုရားသခင်၊ တရားသောဘက်မှရပ်တည်၍ အကျွန်ုပ်၏အော်ဟစ်သံကို နားညောင်းတော်မူပါ။ လှည့်စားခြင်းနှင့် ကင်းသော အကျွန်ုပ်၏နှုတ်မှ ဆုတောင်းပတ္ထနာကို ကြားနာတော်မူပါ။-
1 Súplica de Davi. Ouvi, Senhor, uma causa justa! Atendei meu clamor! Escutai minha prece, de lábios sem malícia.
2 အကျွန်ုပ်အတွက် တရားစီရင်ချက်သည် ကိုယ်တော့်ထံမှ လာပါစေသော်။ ဖြောင့်မှန်ရာကို ကိုယ်တော်တိုင်မျက်စိဖြင့် ကြည့်တော်မူပါ။
2 Venha de vós o meu julgamento, e vossos olhos reconheçam que sou íntegro.
3 ကိုယ်တော်သည် အကျွန်ုပ်၏စိတ်နှလုံးကို စစ်ဆေးခြင်းသော်လည်းကောင်း၊ ညအချိန်၌ အကျွန်ုပ်ထံသို့ အကြည့်အရှု ကြွလာခြင်းသော်လည်းကောင်း၊ အကျွန်ုပ်အား စမ်းသပ်ခြင်းသော်လည်းကောင်း ပြုလုပ်ပါလျှင် အကျွန်ုပ်၌ မည်သည့် မကောင်းမှုကိုမျှ တွေ့ရမည်မဟုတ်ပါ။ အကျွန်ုပ်၏နှုတ်သည် ပြစ်မှုကျူးလွန်ခြင်းမရှိပါ။-
3 Podeis sondar meu coração, visitá-lo à noite, prová-lo pelo fogo, não encontrareis iniqüidade em mim.
4 လူတို့ပြုမူတတ်သော အမှုများနှင့် စပ်လျဉ်း၍ဆိုရလျှင် ကိုယ်တော်၏ နှုတ်တော်ထွက်စကားအားဖြင့် အကြမ်းဖက်သူတို့၏ နည်းလမ်းများကို အကျွန်ုပ်ရှောင်ရှားခဲ့လေပြီ။-
4 Minha boca não pecou, como costumam os homens; conforme as palavras dos vossos lábios, segui os caminhos da lei.
5 အကျွန်ုပ်၏ ခြေလှမ်းများသည် ကိုယ်တော်၏ လမ်းစဉ်အတိုင်း မြဲမြံစွာ လျှောက်လှမ်းပါ၏။ အကျွန်ုပ်သည် ခြေမချော်ခဲ့ပါ။
5 Meus passos se mantiveram firmes nas vossas sendas, meus pés não titubearam.
6 အိုဘုရားသခင်၊ ကိုယ်တော်နားညောင်းတော်မူမည်ဖြစ်သောကြောင့် အကျွန်ုပ်သည် ကိုယ်တော့်ကို ခေါ်တပါ၏။ ကိုယ်တော်၏ ရွှေနားတော်ကို စွင့်တော်မူ၍ အကျွန်ုပ်၏စကားများကို နားညောင်းတော်မူပါ။-
6 Eu vos invoco, pois me atendereis, Senhor; inclinai vossos ouvidos para mim, escutai minha voz.
7 ကိုယ်တော်၏ လက်ယာလက်တော်၌ ခိုလှုံအားကိုးသောသူတို့အား သူတို့၏ရန်သူများလက်မှ ကယ်တင်တော်မူသောအရှင်၊ ကိုယ်တော်၏ခိုင်မြဲသော သနားကရုဏာတော်ကို အံ့ဖွယ်ကောင်းလောက်အောင် ပြတော်မူပါ။
7 Mostrai a vossa admirável misericórdia, vós que salvais dos adversários os que se acolhem à vossa direita.
8 အကျွန်ုပ်အား ဝန်းရံ၍ လုယူသတ်ဖြတ်လိုသော သူယုတ်မာတို့၏ ရှေ့မျက်မှောက်တွင် အကျွန်ုပ်ကို ကိုယ်တော်၏ မျက်ဆံတော်ကဲ့သို့ စောင့်ရှောက်တော်မူပါ။ ကိုယ်တော်၏အတောင်တော်များအရိပ်အောက်တွင် အကျွန်ုပ်ကို ဝှက်ကွယ်ထား တော်မူပါ။-
8 Guardai-me como a pupila dos olhos, escondei-me à sombra de vossas asas,
9 အကျွန်ုပ်အား ဖိနှိပ်သောသူတို့၏ လက်မှလည်းကောင်း၊ အကျွန်ုပ်ကို ဝိုင်းရံထားကြသည့် အကျွန်ုပ်၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသော ရန်သူတို့၏လက်မှလည်းကောင်း အကျွန်ုပ်ကို ကယ်တော်မူပါ။
9 longe dos pecadores, que me querem fazer violência. Meus inimigos me rodeiam com furor.
10 သူတို့၏စိတ်နှလုံးသည် သနားကြင်နာခြင်းကင်းမဲ့လျက် သူတို့၏နှုတ်သည် မောက်မာစွာ ပြောဆိုကြပါ၏။-
10 Seu coração endurecido se fecha à piedade; só têm na boca palavras arrogantes.
11 သူတို့သည် အကျွန်ုပ်ကို နောက်ယောင်ခံလိုက်လာကြပြီး ယခုအကျွန်ုပ်ကို ဝန်းရံထားကြပါပြီ။ သူတို့သည် အကျွန်ုပ်ကို မြေပေါ်သို့အလဲထိုးနိုင်ရန် အခွင့်ကောင်းကို စောင့်နေကြပါ၏။-
11 Eis que agora me cercam, espreitam para me prostrar por terra;
12 သူတို့သည် သားကောင်ကို ကိုက်ဖြတ်လိုသော ခြင်္သေ့ကဲ့သို့လည်းကောင်း၊ ချောင်းမြောင်း စောင့်ဆိုင်းနေသော ခြင်္သေ့ပျို ကဲ့သို့လည်းကောင်း ဖြစ်ကြပါ၏။
12 qual leão que se atira ávido sobre a presa, e como o leãozinho no seu covil.
13 အိုထာ၀ရဘုရားသခင်၊ ကြွလာတော်မူပါ။ သူတို့ကို ရင်ဆိုင်၍ တွန်းလှန်နှိမ်နင်းတော်မူပါ။ ကိုယ်တော်၏ ဓားဖြင့် အကျွန်ုပ်၏အသက်ကို သူယုတ်မာတို့၏လက်မှ ကယ်တင်တော်မူပါ။-
13 Levantai-vos, Senhor, correi-lhe ao encontro, derrubai-o; com vossa espada livrai-me do pecador,
14 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်အား ဤလောက၏ အမွေကိုသာ ခံစားကြသော ထိုသူတို့၏လက်မှ ကိုယ်တော်၏ လက်တော်ဖြင့် ကယ်တော်မူပါ။ သူတို့အတွက် ကိုယ်တော်စုဆောင်း ပေးသနားတော်မူသော ကောင်းမြတ်သည့် လောကီအရာ များဖြင့် သူတို့၏ဝမ်းကို ပြည့်၀စေတော်မူပါ။ သူတို့၏ သားသမီးတို့သည်လည်း လိုအပ်သည်ထက် ပိုလျှံစွာ ပြည့်စုံကြွယ်၀ ကြလျက် မိမိတို့၏ ရင်သွေးငယ်များအတွက်လည်း ချန်ထားနိုင်ကြပါစေ။
14 com vossa mão livrai-me dos homens, desses cuja única felicidade está nesta vida, que têm o ventre repleto de bens, cujos filhos vivem na abundância e deixam ainda aos seus filhos o que lhes sobra.
15 အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်း၌ ကိုယ်တော်၏ ရွှေမျက်နှာတော်ကို ဖူးမြင်ရပါစေ။ အကျွန်ုပ်သည် အိပ်ရာမှနိုးထ သောအခါ ကိုယ်တော်၏ ရွှေပုံသဏ္ဌာန်တော်ကို ဖူးမြင်ရသောကြောင့် အကျွန်ုပ်၏အလိုဆန္ဒ ပြည့်၀ရပါလိမ့်မည်။
15 Mas eu, confiado na vossa justiça, contemplarei a vossa face; ao despertar, saciar-me-ei com a visão de vosso ser.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 17, comparar traduções ou montar um estudo — tudo direto pelo WhatsApp.