Salmos 16
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT
1 အိုဘုရားသခင်၊ အကျွန်ုပ်ကို ကာကွယ်စောင့်ရှောက်တော်မူပါ။ အကြောင်းမူကား ကိုယ်တော်၌ အကျွန်ုပ် ခိုလှုံအားထားပါ၏၊-
1 Guarda-me, ó Deus, pois em ti me refugio.
2 ကိုယ်တော်သည် အကျွန်ုပ်၏ထာ၀ရဘုရားသခင် ဖြစ်တော်မူပါ၏၊ အကျွန်ုပ်ခံစားရသော ကောင်းကျိုးချမ်းသာဟူသမျှသည် ကိုယ်တော်ပေးသနားတော်မူသော အရာများသာဖြစ်ပါ၏ဟူ၍ ငါသည် ထာ၀ရဘုရားသခင်အား လျှောက်ထား၏။
2 Eu disse ao S enhor : “Tu és meu Senhor! Tudo que tenho de bom vem de ti”.
3 ကမ္ဘာပေါ်ရှိ သူတော်သူမြတ်တို့သည် အလွန်မြင့်မြတ်ကြ၏။ သူတို့ကို ငါအလွန်နှစ်သက်မြတ်နိုး၏။
3 Os que são fiéis aqui na terra são os verdadeiros heróis; tenho prazer na companhia deles.
4 အခြားသောဘုရားကို ရွေးချယ်သောသူတို့သည် မိမိတို့၏ပူပင်သောကကို တိုးပွားစေကြ၏။ လူတို့သွန်းလောင်းသော အသွေးပူဇော်သကာကို ငါမဆက်ကပ်လို။ သူတို့၏ အမည်နာမများကိုလည်း ငါ၏နှုတ်ဖျားဖြင့် ရွတ်ဆိုခြင်းမပြုလို။
4 Muitas são as aflições dos que correm atrás de outros deuses; não participarei de seus sacrifícios de sangue, nem invocarei o nome deles.
5 ထာ၀ရဘုရားသခင်သည် ငါ၏အမွေတော်နှင့် ငါ၏ခွက်ဖလားဖြစ်တော်မူ၏။-
5 Somente tu, S enhor , és minha herança, meu cálice de bênçãos; tu guardas tudo que possuo.
6 ငါပိုင်ထိုက်သော နယ်နိမိတ်သည် သာယာသောအရပ်တွင် ကျရောက်လေပြီ။ ငါခံရသောအမွေသည် ကောင်းမြတ်လှပေ၏။
6 A terra que me deste é agradável; que herança maravilhosa!
7 ငါ့ကို အကြံပေးတော်မူသော ထာ၀ရဘုရားသခင်ကို ငါကောင်းချီးပေးပါ၏။ ညဉ့်အခါ၌လည်း ငါ၏နှလုံးသားသည် ငါ့ကို လမ်းညွန်လျက်ရှိ၏။-
7 Louvarei o S enhor , que me guia; mesmo à noite meu coração me ensina.
8 ငါသည် ထာ၀ရဘုရားသခင်ကို အမြဲမပြတ်မျက်မှောက်ပြုပါ၏။ ကိုယ်တော်သည် ငါ၏လက်ယာဘက်တွင် ရှိတော်မူသော ကြောင့် ငါသည် တုန်လှုပ်လိမ့်မည်မဟုတ်။
8 Sei que o S enhor está sempre comigo; não serei abalado, pois ele está à minha direita.
9 ထို့ကြောင့် ငါ၏စိတ်နှလုံးသည် ဝမ်းမြောက်၍ ငါ၏ဝိညာဉ်သည် ရွှင်လန်းအားရခြင်းရှိ၏။ ငါ၏ခန္ဓာကိုယ်သည်လည်း လုံခြုံမှုကို ခံစားရ၏။-
9 Não é de admirar que meu coração esteja alegre e eu exulte; meu corpo repousa em segurança.
10 အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို မရဏနိုင်ငံ၌ စွန့်ပစ်ထားတော်မူလိမ့်မည်မဟုတ်။ ကိုယ်တော်၏ သန့်ရှင်းသောသူကိုလည်း ပုပ်စပ်ပျက်စီးခြင်းသို့ ရောက်စေတော်မူလိမ့်မည်မဟုတ်။
10 Pois tu não deixarás minha alma entre os mortos, nem permitirás que teu santo
11 ကိုယ်တော်သည် အကျွန်ုပ်အား အသက်၏လမ်းကို ညွန်ပြတော်မူလိမ့်မည်။ ကိုယ်တော်၏ အထံတော်၌ ဝမ်းမြောက် ရွှင်လန်းခြင်းနှင့် ပြည့်နှက်လျက်ရှိ၏။ ကိုယ်တော်၏လက်ယာတော်ဘက်၌ အစဉ်ထာ၀ရတည်သော စည်းစိမ်ချမ်းသာရှိပါ၏။
11 Tu me mostrarás o caminho da vida e me darás a alegria de tua presença e o prazer de viver contigo para sempre.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 16, comparar traduções ou montar um estudo — tudo direto pelo WhatsApp.