Salmos 147
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC
1 ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့။ ငါတို့၏ဘုရားသခင်ထံသို့ ချီးမွမ်းထောမနာသီချင်းကို သီဆိုခြင်းသည် ကောင်းမြတ်လှပေ၏။ ကိုယ်တော်သည် ကျေးဇူးပြုသောကြောင့် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုခြင်းသည် လျော်ကန် သင့်မြတ်လှပေ၏။-
1 Louvai ao Senhor , porque é bom cantar louvores ao nosso Deus; isto é agradável; decoroso é o louvor.
2 ထာ၀ရဘုရားသခင်သည် ဂျေရုဆလင်မြို့ကို ပြန်လည်တည်ဆောက်၍ ရပ်ဝေးတွင် တကွဲတပြားဖြစ်နေသော အစ္စရာအဲလ်လူမျိုးတို့ကို ပြန်လည်စုရုံးတော်မူ၏။-
2 O Senhor edifica Jerusalém; congrega os dispersos de Israel;
3 ကိုယ်တော်သည် စိတ်နှလုံးကြေကွဲသောသူတို့ကို သက်သာပျောက်ကင်းစေတော်မူ၍ သူတို့၏ဒဏ်ရာဒဏ်ချက်များကို စည်းနှောင်ပေးတော်မူ၏။-
3 sara os quebrantados de coração e liga-lhes as feridas;
4 ကိုယ်တော်သည် ကြယ်တာရာများ၏အရေအတွက်ကို သတ်မှတ်ပေး၍ ကြယ်အားလုံးကို အမည်ပေးတော်မူ၏။-
4 conta o número das estrelas, chamando-as a todas pelos seus nomes.
5 ငါတို့၏ ထာ၀ရဘုရားသခင်သည် ကြီးမြတ်၍ တန်ခိုးနှင့်ပြည့်စုံတော်မူ၏။ ကိုယ်တော်၏ ဉာဏ်ပညာတော်သည် တိုင်းတာ၍ မရနိုင်ချေ။-
5 Grande é o nosso Senhor e de grande poder; o seu entendimento é infinito.
6 ထာ၀ရဘုရားသခင်သည် နိမ့်ကျသောသူတို့ကို ထူမ၍ ဆိုးယုတ်သောသူတို့ကို မြေပေါ်သို့ ပစ်ချတော်မူ၏။
6 O Senhor eleva os humildes e abate os ímpios até à terra.
7 ကျေးဇူးတော်ကိုချီးမွမ်းလျက် ထာ၀ရဘုရားသခင်အား သီဆိုကျူးအေးကြလော့။ စောင်းကိုတီးလျက် ငါတို့၏ ဘုရားသခင်အား သီချင်းသီဆိုကြလော့။-
7 Cantai ao Senhor em ação de graças; cantai louvores ao nosso Deus sobre a harpa.
8 ကိုယ်တော်သည် ကောင်းကင်ကို မိုးတိမ်များဖြင့် ဖုံးလွှမ်း၍ ကမ္ဘာမြေကြီးအတွက် မိုးရွာစေရန် ပြင်ဆင်တော်မူ၏။ ကိုယ်တော်သည် တောင်ကုန်းများပေါ်၌ မြက်ကိုပေါက်စေတော်မူ၏။-
8 Ele é que cobre o céu de nuvens, que prepara a chuva para a terra e que faz produzir erva sobre os montes;
9 ကိုယ်တော်သည် တိရစ္ဆာန်များနှင့် အော်မြည်တတ်သော ကျီးကန်းငယ်တို့အား အစာရေစာကို ပေးတော်မူ၏။-
9 que dá aos animais o seu sustento e aos filhos dos corvos, quando clamam.
10 ကိုယ်တော်သည် မြင်း၏ခွန်အားနှင့် လူ၏လျင်မြန်သောခြေတို့၌ အားရနှစ်သက်တော်မူခြင်း မရှိချေ။-
10 Não se deleita na força do cavalo, nem se compraz na agilidade do varão.
11 သို့သော် ကိုယ်တော်သည် မိမိကိုကြောက်ရွံ့ရိုသေသောသူများနှင့် မိမိ၏ခိုင်မြဲသော မေတ္တာတော်၌ မျှော်လင့်ကိုးစားသော သူများကို နှစ်သက်တော်မူ၏။
11 O Senhor agrada-se dos que o temem e dos que esperam na sua misericórdia.
12 အိုဂျေရုဆလင်၊ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုလော့။ အိုဇီအွန်၊ သင်၏ဘုရားသခင်ကို ချီးမွမ်းထောမနာ ပြုလော့။-
12 Louva, ó Jerusalém, ao Senhor ; louva, ó Sião, ao teu Deus.
13 အကြောင်းမူကား ကိုယ်တော်သည် သင်၏တံခါးဘောင်များကို ခိုင်ခန့်စေ၍ သင်၏သားသမီးတို့ကို ကောင်းချီးပေး တော်မူ၏။-
13 Porque ele fortaleceu os ferrolhos das tuas portas; abençoa aos teus filhos dentro de ti.
14 ကိုယ်တော်သည် သင်၏နယ်နိမိတ်အတွင်း၌ ငြိမ်းချမ်းသာယာစေ၍ သင့်ကို အကောင်းဆုံးသော ဂျုံစပါးနှင့်ပြည့်၀စေ တော်မူ၏။-
14 Ele é quem pacifica os teus termos e da flor da farinha te farta;
15 ကိုယ်တော်သည် ကမ္ဘာမြေပေါ်သို့ မိမိ၏အမိန့်တော်ကို စေလွှတ်တော်မူ၏။ ကိုယ်တော်၏ အမိန့်စကားတို့သည် အလျင်အမြန်ပျံ့နှံ့လေ၏။-
15 quem envia o seu mandamento à terra; a sua palavra corre velozmente;
16 ကိုယ်တော်သည် ဆီးနှင်းကို သိုးမွေးကဲ့သို့ ပျံ့နှံ့စေတော်မူ၍ နှင်းခဲများကို ပြာမှုန့်ကဲ့သို့ကြဲချတော်မူ၏။-
16 quem dá a neve como lã e esparge a geada como cinza;
17 ကိုယ်တော်သည် မိုးသီးများကို မုန့်အကျိုးအပဲ့များကဲ့သို့ ကျစေတော်မူ၏။ ကိုယ်တော်စေလွှတ်သော အအေးဒဏ်ကို မည်သူခံနိုင်မည်နည်း။-
17 quem lança o seu gelo em pedaços; quem pode resistir ao seu frio?
18 ကိုယ်တော်သည် အမိန့်တော်ကို စေလွှတ်သောအခါ ယင်းတို့ကို အရည်ပျော်ကျစေတော်မူ၏။ ကိုယ်တော်သည် လေကိုတိုက်စေတော်မူ၍ ရေကိုစီးဆင်းစေတော်မူ၏။-
18 Manda a sua palavra e os faz derreter; faz soprar o vento, e correm as águas.
19 ကိုယ်တော်သည် မိမိ၏ကတိတော်ကို ယာကုပ်အား ကြေညာတော်မူ၍ မိမိ၏ပညတ်ဥပဒေနှင့် သွန်သင်ချက်များကို အစ္စရာအဲလ်လူမျိုးအား အသိပေးတော်မူ၏။-
19 Mostra a sua palavra a Jacó, os seus estatutos e os seus juízos, a Israel.
20 ကိုယ်တော်သည် မည်သည့်တိုင်းနိုင်ငံနှင့်မျှ ဤကဲ့သို့ပြုတော်မမူခဲ့ချေ။ ထိုသူတို့သည်လည်း ကိုယ်တော်၏ ပညတ်တော်များကို မသိကြချေ။ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့။
20 Não fez assim a nenhuma outra nação; e, quanto aos seus juízos, nenhuma os conhece. Louvai ao Senhor !
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 147, comparar traduções ou montar um estudo — tudo direto pelo WhatsApp.