Salmos 145
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NTLH
1 အကျွန်ုပ်သည် အကျွန်ုပ်၏ဘုရားနှင့် ဘုရင်ဖြစ်တော်မူသော ကိုယ်တော့်ကိုချီးမြှောက်၍ ကိုယ်တော်၏နာမတော်ကို ကာလအဆက်ဆက် ကောင်းချီးပေးပါမည်။-
1 Meu Deus e meu Rei, eu anunciarei a tua grandeza e sempre serei grato a ti.
2 အကျွန်ုပ်သည် နေ့စဉ်နေ့တိုင်း ကိုယ်တော့်ကို ကောင်းချီးပေး၍ ကာလအစဉ်အဆက် ကိုယ်တော်၏ နာမတော်အား ချီးမွမ်းထောမနာပြုပါမည်။-
2 Todos os dias te darei graças e sempre te louvarei.
3 ထာ၀ရဘုရားသခင်သည် ကြီးမြတ်၍ ချီးမွမ်းထောမနာပြုခြင်းကို အလွန်ခံထိုက်တော်မူ၏။ ကိုယ်တော်၏ ကြီးမြတ်တော် မူခြင်းသည် တိုင်းတာ၍မရနိုင်ပါ။
3 O Senhor Deus é grande e merece receber altos louvores. Quem pode compreender a sua grandeza?
4 ကိုယ်တော်လုပ်ဆောင်တော်မူသော အမှုအရာတို့ကို လူမျိုးအဆက်ဆက် ချီးမွမ်းထောမနာပြုကြပါလိမ့်မည်။ သူတို့သည် ကိုယ်တော်၏ အံ့ဖွယ်အမှုတို့ကို ထုတ်ဖော်ကြေညာကြလိမ့်မည်။-
4 Ó Deus, cada geração anunciará à seguinte as coisas que tens feito, e todos louvarão os teus atos poderosos.
5 သူတို့သည် ကိုယ်တော့်ဘုန်းအာနုဘော်၏ ဂုဏ်ကျက်သရေကို ပြောဆိုကြပါလိမ့်မည်။ အကျွန်ုပ်သည် ကိုယ်တော်၏ အံ့ဖွယ်အမှုအရာတို့ကို ဆင်ခြင်ထောက်ရှုပါမည်။-
5 Eles falarão da tua glória e da tua majestade, e eu meditarei nas coisas maravilhosas que fazes.
6 လူတို့သည် ကြောက်မက်ဖွယ်အမှုတို့ပါဝင်သော ကိုယ်တော်၏တန်ခိုးတော်ကို ကြေညာပြောဆိုကြလိမ့်မည်။ အကျွန်ုပ်သည် ကိုယ်တော်၏ ကြီးမြတ်တော်မူခြင်းကို ထုတ်ဖော်ကြေညာပါမည်။-
6 Falarão dos teus atos poderosos, e eu anunciarei a tua grandeza.
7 သူတို့သည် ကိုယ်တော်၏ အတိုင်းမသိကောင်းမြတ်တော်မူခြင်းကို ပြောဆိုကြ၍ ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်းကို ကျယ်လောင်စွာ သီဆိုချီးမွမ်းကြပါလိမ့်မည်။
7 Falarão da tua imensa bondade e cantarão com alegria a respeito da tua fidelidade.
8 ထာ၀ရဘုရားသခင်သည် ကျေးဇူးတော်နှင့်ပြည့်စုံ၍ သနားကရုဏာရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် စိတ်ရှည်သည်းခံ၍ ခိုင်မြဲသော ကရုဏာမေတ္တာတော်နှင့် ကြွယ်၀တော်မူ၏။-
8 O Senhor Deus é bom e cheio de compaixão; ele demora a ficar e tem sempre muito amor.
9 ကိုယ်တော်သည် လူအားလုံးအပေါ် ကောင်းမြတ်၍ မိမိဖန်ဆင်းထားသော အရာသတ္တဝါတို့အပေါ် သနားကြင်နာတော်မူ၏။
9 O Senhor é bondoso com todos e cuida com carinho de todas as suas criaturas.
10 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ လက်ရာတော်ရှိသမျှတို့သည် ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းကြပါလိမ့်မည်။ ကိုယ်တော်၏ သူတော်သူမြတ်အပေါင်းတို့သည် ကိုယ်တော့်ကို ကောင်းချီးမင်္ဂလာပေးကြပါလိမ့်မည်။-
10 Ó Senhor Deus, todas as tuas criaturas te louvarão, e te darão graças os que são fiéis a ti.
11 သူတို့သည် ကိုယ်တော့်နိုင်ငံတော်၏ ဘုန်းဂုဏ်တော်နှင့် ကိုယ်တော်၏တန်ခိုးတော်ကို ပြောကြားကြပါလိမ့်မည်။-
11 Todos falarão da glória do teu e contarão a respeito do teu poder,
12 ဤသို့ဖြင့် လူအပေါင်းတို့သည် ကိုယ်တော်၏ အံ့ဩဖွယ်အမှုတော်များနှင့် နိုင်ငံတော်၏ ဘုန်းကျက်သရေတော်ကို သိရှိလာပါလိမ့်မည်။-
12 para que todos os povos conheçam os teus atos poderosos e a grandeza e a glória do teu Reino.
13 ကိုယ်တော်၏ နိုင်ငံတော်သည် အစဉ်ထာ၀ရတည်ရှိသော နိုင်ငံတော်ဖြစ်၍ ကိုယ်တော်၏ ဘုန်းအာဏာတော်သည်လည်း လူမျိုးအစဉ်အဆက် တည်တော်မူပါ၏။ ထာ၀ရဘုရားသခင်သည် မိမိ၏ကတိတော်အားလုံး၌ သစ္စာတည်၍ မိမိပြုလုပ်သော အမှုတို့၌ ကရုဏာမေတ္တာတော်ကို ပြတော်မူ၏။-
13 O teu Reino é eterno, e tu és Rei para sempre. O o que promete; ele é fiel em tudo o que faz.
14 ထာ၀ရဘုရားသခင်သည် ဒုက္ခရောက်နေသောသူတို့ကို ကူညီစောင်မ၍ လဲကျနေသောသူတို့ကို ထူမပေးတော်မူ၏။-
14 Ele ajuda os que estão em dificuldade e levanta os que caem.
15 လူအပေါင်းတို့သည် ကိုယ်တော့်ကို မျှော်ကြည့်ကြ၍ ကိုယ်တော်သည် သင့်လျော်သောအချိန်၌ သူတို့အား အစားအစာကို ပေးတော်မူ၏။-
15 Todos os seres vivos olham para ele com esperança, e ele dá alimento a todos no tempo certo.
16 ကိုယ်တော်သည် လက်တော်ကိုဖွင့်၍ သက်ရှိသတ္တဝါတိုင်း၏လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးတော်မူ၏။-
16 Quando os alimenta, o Senhor Deus é generoso; ele satisfaz a todos os seres vivos.
17 ထာ၀ရဘုရားသခင်သည် မိမိ၏လမ်းတော်တို့တွင် တရားမျှတ၍ မိမိပြုလုပ်တော်မူသော အမှုအရာတို့၌ သနားကရုဏာနှင့် ပြည့်စုံတော်မူ၏။-
17 O Senhor é justo em todos os seus atos e fiel em tudo o que faz.
18 ထာ၀ရဘုရားသခင်သည် မိမိကိုခေါ်တ၍ အသနားခံသူအပေါင်းတို့၏ အနီးတွင်ရှိတော်မူ၏။ ကိုယ်တော်သည် သစ္စာသမ္မာ တရား၌ ကိုယ်တော့်ကို အသနားခံသောသူအပေါင်းတို့၏ အနီးတွင်ရှိတော်မူ၏။-
18 Ele está perto de todos os que pedem a sua ajuda, dos que pedem com sinceridade.
19 ကိုယ်တော်သည် မိမိအား ကြောက်ရွံ့ရိုသေသော သူအပေါင်းတို့၏ အလိုဆန္ဒကို ဖြည့်ဆည်းပေးတော်မူ၏။ ကိုယ်တော်သည် သူတို့၏အော်ဟစ်သံကိုလည်း ကြားတော်မူ၍ သူတို့ကိုကယ်တင်တော်မူ၏။-
19 A todos os que o temem dá o que é necessário; ele ouve os seus gritos e os salva da morte.
20 ထာ၀ရဘုရားသခင်သည် မိမိကိုချစ်သော သူအပေါင်းတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ သို့သော် ကိုယ်တော်သည် ဆိုးယုတ်သောသူတို့ကို ဖျက်ဆီးသုတ်သင်တော်မူလိမ့်မည်။
20 O Senhor protege os que o amam, mas destruirá todos os maus.
21 အကျွန်ုပ်၏နှုတ်သည် ထာ၀ရဘုရားသခင်ကို အစဉ်ချီးမွမ်းထောမနာပြုပါမည်။ သက်ရှိသတ္တဝါအပေါင်းတို့သည် ကိုယ်တော်၏ သန့်ရှင်းမွန်မြတ်သော နာမတော်ကို ကာလအစဉ်အဆက် ကောင်းချီးပေးကြပါစေ။
21 Eu sempre louvarei o Senhor . Que todos os seres vivos louvem o Santo Deus para sempre!
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 145, comparar traduções ou montar um estudo — tudo direto pelo WhatsApp.