Salmos 141

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI

Sair da comparação
NVI Nova Versão Internacional
1 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ကို အော်ဟစ်အသနားခံပါ၏။ အကျွန်ုပ်ထံသို့ အလျင်အမြန် ကြွလာတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော့်ကို ခေါ်တသောအခါ အကျွန်ုပ်၏အသံကို နားညောင်းတော်မူပါ။-
1 Clamo a ti, Senhor; vem depressa! Escuta a minha voz quando clamo a ti.
2 အကျွန်ုပ်၏ဆုတောင်းပတ္ထနာကို မီးရှို့ပူဇော်ရာနံ့သာပေါင်းကဲ့သို့လည်းကောင်း၊ အကျွန်ုပ်၏လက် ပင့်မြှောက်ခြင်းကို ညဉ့်ဦးယံပူဇော်သကာ ကဲ့သို့လည်းကောင်း မှတ်ယူတော်မူပါ။
2 Seja a minha oração como incenso diante de ti, e o levantar das minhas mãos, como a oferta da tarde.
3 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏နှုတ်ကို စောင့်ကြပ်ပေးတော်မူပါ။ အကျွန်ုပ်၏နှုတ်ခမ်းတံခါးကို စောင့်ရှောက်တော်မူပါ။-
3 Coloca, Senhor, uma guarda à minha boca; vigia a porta de meus lábios.
4 အကျွန်ုပ်သည် မကောင်းမှုကိုပြုသော သူတို့၏အပေါင်းအသင်းတွင် ပါဝင်၍ မိုက်မဲဆိုးယုတ်သော အမှုအရာတို့တွင် အချိန်မကုန်စေခြင်းငှာ အကျွန်ုပ်၏စိတ်နှလုံးကို မကောင်းမှုများဘက်သို့ လှည့်စေတော်မမူပါနှင့်။ ထိုသူတို့၏ စားကောင်းသောက်ဖွယ်များကိုလည်း အကျွန်ုပ်စားရန် ခွင့်ပြုတော်မမူပါနှင့်။
4 Não permitas que o meu coração se volte para o mal, nem que eu me envolva em práticas perversas com os malfeitores. Que eu nunca participe dos seus banquetes!
5 ဖြောင့်မတ်သောသူသည် အကျွန်ုပ်ကို သနားကရုဏာဖြင့် ရိုက်နှက်ဆုံးမပါစေ။ သို့သော် ဆိုးယုတ်သောသူ၏ဆီဖြင့် အကျွန်ုပ်၏ဦးခေါင်းကို မည်သည့်အခါမျှမလိမ်းကျံပါစေနှင့်။ အကြောင်းမူကား အကျွန်ုပ်သည် သူတို့၏ မကောင်းမှုဒုစရိုက်ကို ဆန့်ကျင်၍ အဆက်မပြတ်ဆု တောင်းပတ္ထနာပြုသောကြောင့်ဖြစ်ပါ၏။-
5 Fira-me o justo com amor leal e me repreenda, mas não perfume a minha cabeça o óleo do ímpio, pois a minha oração é contra as práticas dos malfeitores.
6 သူတို့၏ခေါင်းဆောင်များသည် ချောက်ကမ်းပါးမှ ပစ်ချခြင်းခံကြရသောအခါ အကျွန်ုပ်၏စကားများသည် ဆီလျော်၍ နားညောင်းခံရကြောင်းကို သူတို့သိကြပါလိမ့်မည်။-
6 Quando eles caírem nas mãos da Rocha, o juiz deles, ouvirão as minhas palavras com apreço.
7 လူတစ်ဦးသည် မြေကိုထွန်၍ တူးဆွသကဲ့သို့ ထိုသူတို့၏အရိုးများသည် မရဏနိုင်ငံ၏ တံခါး၀တွင် ပြန့်ကျဲလျက် ရှိကြလိမ့်မည်။
7 Como a terra é arada e fendida, assim foram espalhados os seus ossos à entrada da sepultura.
8 အိုထာ၀ရအရှင် ဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ကို မျှော်ကြည့်လျက်ရှိပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၌ ခိုလှုံကိုးစားပါ၏။ အကျွန်ုပ်ကို အကာအကွယ်မဲ့ ဖြစ်စေတော်မမူပါနှင့်။-
8 Mas os meus olhos estão fixos em ti, ó Soberano Senhor; em ti me refugio; não me entregues à morte.
9 အကျွန်ုပ်အတွက် သူတို့ထောင်ထားသောထောင်ချောက်မှလည်းကောင်း၊ မကောင်းမှုပြုသူတို့၏ ကျော့ကွင်းမှလည်းကောင်း အကျွန်ုပ်ကို ကာကွယ်တော်မူပါ။-
9 Guarda-me das armadilhas que prepararam contra mim, das ciladas dos que praticam o mal.
10 အကျွန်ုပ်သည် ထောင်ချောက်မှ လွတ်မြောက်သွားသောအခါ ဆိုးယုတ်သောသူတို့သည် မိမိတို့ထောင်ထားသော ကျော့ကွင်းထဲသို့ အတူတကွကျ ကြပါစေသော်။
10 Caiam os ímpios em sua própria rede, enquanto eu escapo ileso.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 141, comparar traduções ou montar um estudo — tudo direto pelo WhatsApp.