Salmos 139

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကို စစ်ဆေးရွေးချယ်ခဲ့၍ အကျွန်ုပ်ကို သိတော်မူပါ၏။-
1 Ó S enhor , tu examinas meu coração e conheces tudo a meu respeito.
2 ကိုယ်တော်သည် အကျွန်ုပ်ထိုင်သောအချိန်နှင့် ထသောအချိန်တို့ကို သိတော်မူပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ အကြံအစည်များကို အဝေးကပင် သိမြင်တော်မူပါ၏။-
2 Sabes quando me sento e quando me levanto; mesmo de longe, conheces meus pensamentos.
3 ကိုယ်တော်သည် အကျွန်ုပ်လျှောက်လှမ်းသောလမ်းနှင့် အကျွန်ုပ်အနားယူချိန်တို့ကို စစ်ဆေးသိရှိတော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ် ပြုလုပ်သမျှတို့ကို သိမြင်တော်မူပါ၏။-
3 Tu me vês quando viajo e quando descanso; sabes tudo que faço.
4 အကျွန်ုပ်၏နှုတ်မှ စကားတစ်ခွန်းမျှမထွက်မီ ကိုယ်တော်သည် အားလုံးကို သိပြီးဖြစ်တော်မူပါ၏။-
4 Antes mesmo de eu falar, S enhor , sabes o que vou dizer.
5 ကိုယ်တော်သည် အကျွန်ုပ်ကို ရှေ့နောက်ဝန်းရံ၍ စောင့်ရှောက်တော်မူပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အပေါ်၌ လက်တော်ကိုတင်တော်မူပါ၏။-
5 Vais adiante de mim e me segues; pões sobre mim a tua mão.
6 ဤကဲ့သို့သိရှိတော်မူခြင်းသည် အကျွန်ုပ်အတွက် အလွန်ထူးဆန်းအံ့ဩဖွယ်ဖြစ်ပါ၏။ ဤအသိဉာဏ်သည် မြင့်မားနက်နဲ လှသောကြောင့် အကျွန်ုပ်နားမလည်နိုင်ပါ။
6 Esse conhecimento é maravilhoso demais para mim; é grande demais para eu compreender!
7 ကိုယ်တော်၏ ဝိညာဉ်တော်နှင့်ဝေးရန် မည်သည့်အရပ်သို့ အကျွန်ုပ်သွားရပါမည်နည်း။ ကိုယ်တော်၏ မျက်မှောက်တော်မှ လွတ်မြောက်နိုင်ရန် မည်သည့်အရပ်သို့ အကျွန်ုပ် ထွက်ပြေးရပါမည်နည်း။-
7 É impossível escapar do teu Espírito; não há como fugir da tua presença.
8 အကျွန်ုပ်သည် ကောင်းကင်သို့တက်ပါလျှင် ကိုယ်တော်သည် ထိုအရပ်၌ ရှိတော်မူ၏။ အကျွန်ုပ်သည် မရဏနိုင်ငံတွင် အိပ်ရာကိုခင်းသောအခါ ကိုယ်တော်သည် ထိုအရပ်၌ ရှိတော်မူ၏။-
8 Se subo aos céus, lá estás; se desço ao mundo dos mortos,
9 အကျွန်ုပ်သည် နံနက်အရုဏ်ဦး၏ အတောင်တို့ဖြင့်ပျံသန်း၍ ပင်လယ်သမုဒ္ဒရာတစ်ဖက်စွန်းတွင် သွားရောက်နေထိုင် ပါလျှင်လည်း၊-
9 Se eu tomar as asas do amanhecer, se habitar do outro lado do oceano,
10 ကိုယ်တော်၏ လက်တော်သည် အကျွန်ုပ်ကို ဦးဆောင်မည်ဖြစ်၍ လက်ယာလက်တော်သည် အကျွန်ုပ်ကိုကူမပါလိမ့်မည်။-
10 mesmo ali tua mão me guiará, e tua força me sustentará.
11 အကယ်၍အမှောင်ထုသည် အကျွန်ုပ်ကိုဖုံးလွှမ်း၍ အကျွန်ုပ်၏ပတ်လည်တွင်ရှိသော အလင်းကို ညအဖြစ်သို့ပြောင်းလဲ ပါစေဟု အကျွန်ုပ်ဆိုခဲ့ပါလျှင်၊-
11 Eu poderia pedir à escuridão que me escondesse, e à luz ao meu redor que se tornasse noite,
12 အမှောင်ထုသည်ပင်လျှင် ကိုယ်တော့်အတွက် အမှောင်မဟုတ်ပါ။ ညသည်လည်း နေ့ကဲ့သို့ လင်းလျက်ရှိပါ၏။ အဘယ်ကြောင့်ဆိုသော် အမှောင်နှင့်အလင်းသည် ကိုယ်တော့်အတွက် အတူတူပင်ဖြစ်သောကြောင့်တည်း။
12 mas nem mesmo na escuridão posso me esconder de ti. Para ti, a noite é tão clara como o dia; escuridão e luz são a mesma coisa.
13 အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ ခန္ဓာကိုယ်အတွင်းရှိ အစိတ်အပိုင်းများကို ဖန်ဆင်း၍ အကျွန်ုပ်ကို အမိဝမ်းတွင်း၌ အတူတကွဆက်စပ်ထားတော်မူ၏။-
13 Tu formaste o meu interior e me teceste no ventre de minha mãe.
14 ကိုယ်တော်သည် ကြောက်ရွံ့အံ့ဩဖွယ်ကောင်းသောကြောင့် အကျွန်ုပ်သည် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုပါ၏။ ကိုယ်တော်ပြုလုပ်တော်မူသော အမှုအရာတို့သည် ထူးဆန်းအံ့ဩဖွယ်ကောင်းပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို ကောင်းစွာသိတော်မူပါ၏။-
14 Eu te agradeço por me teres feito de modo tão extraordinário; tuas obras são maravilhosas, e disso eu sei muito bem.
15 အကျွန်ုပ်သည် မထင်ရှားသောနေရာတွင် ဖန်ဆင်းခံရ၍ ကမ္ဘာမြေကြီးအောက် နက်ရှိုင်းသောအရပ်၌ သေချာစွာ ပုံသွင်းခြင်းခံရချိန်တွင် အကျွန်ုပ်၏အရိုးတို့သည် ကိုယ်တော်၏မျက်မှောက်တော်မှ ဖုံးကွယ်ခြင်းမရှိပါ။-
15 Tu me observavas quando eu estava sendo formado em segredo, enquanto eu era tecido na escuridão.
16 အကျွန်ုပ်၏ကိုယ်ခန္ဓာရုပ်လုံး မပေါ်မီကပင် ကိုယ်တော်သည် အကျွန်ုပ်ကို ကြည့်မြင်တော်မူပြီးဖြစ်ပါ၏။ အကျွန်ုပ်၏ နေ့ရက်များသည်လည်း ယင်းတို့မဖြစ်ပေါ်မီကတည်းကပင် ကိုယ်တော်၏မှတ်တမ်းစာအုပ်၌ ရေးမှတ်ထားပြီးဖြစ်ပါ၏။-
16 Tu me viste quando eu ainda estava no ventre; cada dia de minha vida estava registrado em teu livro, cada momento foi estabelecido quando ainda nenhum deles existia.
17 အိုဘုရားသခင်၊ ကိုယ်တော်၏အကြံအစည်တော်တို့သည် အကျွန်ုပ်အတွက် လွန်စွာအဖိုးတန်ပါ၏။ ကိုယ်တော်၏ အကြံအစည်တော်တို့သည် များပြားလှပေသည်တကား။-
17 Como são preciosos os teus pensamentos a meu respeito, ó Deus; é impossível enumerá-los!
18 အကျွန်ုပ်သည် ထိုအကြံအစည်တော်တို့ကို ရေတွက်ရပါလျှင် ယင်းတို့သည် သဲပွင့်များထက် ပို၍များပြားပါလိမ့်မည်။ အကျွန်ုပ်သည် အိပ်ရာမှနိုးထသောအခါ ကိုယ်တော်နှင့် အတူရှိနေပါ၏။
18 Não sou capaz de contá-los; são mais numerosos que os grãos de areia. E, quando acordo, tu ainda estás comigo.
19 အိုဘုရားသခင်၊ ကိုယ်တော်သည် ဆိုးမိုက်သောသူများကို သုတ်သင်တော်မူပါလျှင် ကောင်းပေစွ။ ထိုအခါ သွေးဆာနေသော သူတို့သည် အကျွန်ုပ်ထံမှ ထွက်ခွာသွားကြပါလိမ့်မည်။-
19 Ó Deus, quem dera destruísses os perversos; afastem-se de mim, assassinos!
20 ထိုသူတို့သည် ကိုယ်တော့်ကို ဆိုးယုတ်စွာ ထိခိုက်ပြောဆိုကြပါ၏။ ကိုယ်တော်၏ ရန်သူများသည် ကိုယ်တော်၏ နာမတော်ကို ပုတ်ခတ်ပြောဆိုကြပါ၏။-
20 Eles blasfemam contra ti; teus inimigos usam teu nome em vão.
21 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ကို မုန်းတီးသူတို့အား မုန်းတီးသည်မဟုတ်ပါလော။ အကျွန်ုပ်သည် ကိုယ်တော့်ကို ပုန်ကန်သောသူတို့အား စက်ဆုပ်ရွံရှာသည် မဟုတ်ပါလော။-
21 Acaso, S enhor , não devo odiar os que te odeiam? Não devo desprezar os que se opõem a ti?
22 အကျွန်ုပ်သည် သူတို့ကို အမှန်ပင်မုန်းတီးပါ၏။ အကျွန်ုပ်သည် သူတို့ကို အကျွန်ုပ်၏ ရန်သူများကဲ့သို့ မှတ်ယူပါ၏။-
22 Sim, eu os odeio com todas as minhas forças, pois teus inimigos são meus inimigos.
23 အို ဘုရားသခင်၊ အကျွန်ုပ်ကိုရှာဖွေ၍ အကျွန်ုပ်၏နှလုံးသားကို သိမြင်တော်မူပါ။ အကျွန်ုပ်ကို စုံစမ်း၍ အကျွန်ုပ်၏ အကြံအစည်တို့ကို သိမြင်တော်မူပါ။-
23 Examina-me, ó Deus, e conhece meu coração; prova-me e vê meus pensamentos.
24 အကျွန်ုပ်၌ ဆိုးမိုက်သောလမ်းစဉ်ရှိ၊ မရှိကြည့်တော်မူပါ။ အကျွန်ုပ်ကို ထာ၀ရတည်ရှိသော လမ်းစဉ်သို့ ဦးဆောင်တော်မူပါ။
24 Mostra-me se há em mim algo que te ofende e conduze-me pelo caminho eterno.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 139, comparar traduções ou montar um estudo — tudo direto pelo WhatsApp.