Salmos 138
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA
1 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းပါ၏။ အကျွန်ုပ်သည် ကိုယ်တော့်ကို ဘုရားများ၏ရှေ့တွင် ချီးမွမ်းထောမနာပြုပါ၏။-
1 Eu te darei graças, Senhor , de todo o meu coração; na presença dos poderosos te cantarei louvores.
2 အကျွန်ုပ်သည် ကိုယ်တော်၏ မွန်မြတ်သန့်ရှင်းသော ဗိမာန်တော်ကိုမျက်နှာမူလျက် ရိုသေဦးညွတ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်နှင့် သစ္စာတော်တို့အတွက် နာမတော်ကို ကျေးဇူးတင်ချီးမွမ်းပါ၏။ အကြောင်းမူကား ကိုယ်တော်သည် မိမိ၏နာမတော်နှင့် ကတိတော်ကို အရာခပ်သိမ်းတို့ထက် ချီးမြှောက်တော်မူပြီ။-
2 Voltado para o teu santo templo, eu me prostrarei e louvarei o teu nome, por causa da tua misericórdia e da tua verdade, pois engrandeceste acima de tudo o teu nome e a tua palavra.
3 အကျွန်ုပ် ဟစ်ခေါ်သောနေ့၌ ကိုယ်တော်သည် အကျွန်ုပ်ကို နားညောင်းတော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ စိတ်ဝိညာဉ်ကို ခွန်အားတိုးပွားစေတော်မူ၏။
3 No dia em que eu clamei, tu me respondeste e alentaste a força de minha alma.
4 အိုထာ၀ရဘုရားသခင်၊ ကမ္ဘာပေါ်ရှိဘုရင်အပေါင်းတို့သည် ကိုယ်တော်၏ နှုတ်တော်ထွက်စကားတို့ကို ကြားနာကြရ သောကြောင့် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုကြပါလိမ့်မည်။-
4 Todos os reis da terra te louvarão, quando ouvirem as palavras da tua boca,
5 သူတို့သည် ထာ၀ရဘုရားသခင်၏ တရားလမ်းများအကြောင်းကို သီချင်းဆို၍ ချီးမွမ်းကြပါလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ကိုယ်တော်၏ ဘုန်းဂုဏ်တော်သည် ကြီးမားတော်မူသောကြောင့်ဖြစ်၏။-
5 e cantarão os caminhos do pois grande é a glória do
6 အကြောင်းမူကား ကိုယ်တော်သည် အလွန်မြင့်မြတ်သော်လည်း ယုတ်ညံ့သောသူတို့ကို ကြည့်ရှုတော်မူ၏။ မောက်မာ ထောင်လွှားသော သူတို့ကိုမူကား ကိုယ်တော်သည် အဝေးမှပင် သိတော်မူ၏။
6 O Senhor é excelso, contudo, atenta para os humildes; os soberbos, ele os conhece de longe.
7 အကျွန်ုပ်သည် ဘေးဒုက္ခများအလယ်၌ လျှောက်လှမ်းနေရပါသော်လည်း ကိုယ်တော်သည် အကျွန်ုပ်၏အသက်ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ ကိုယ်တော်သည် မိမိ၏လက်တော်ကိုဆန့်၍ အကျွန်ုပ်ကိုဆန့်ကျင်သော ရန်သူတို့၏ အမျက်ဒေါသကို ဟန့်တားလျက် အကျွန်ုပ်ကိုကယ်ဆယ်တော်မူ၏။-
7 Se ando em meio à angústia, tu me refazes a vida; estendes a mão contra a ira dos meus inimigos; a tua mão direita me salva.
8 ကိုယ်တော်သည် အကျွန်ုပ်အတွက် မိမိ၏စီမံကိန်းတော်ကို ပြီးမြောက်ပြည့် စုံစေတော်မူ၏။ အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် အစဉ်တည်မြဲတော်မူပါ၏။ ကိုယ်တော်၏လက်တော်ဖြင့် ပြုလုပ်တော်မူသောအမှု တော်ကို စွန့်ပစ်တော်မမူပါနှင့်။
8 O que diz respeito a mim o a tua misericórdia, ó dura para sempre; não desampares as obras das tuas mãos.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 138, comparar traduções ou montar um estudo — tudo direto pelo WhatsApp.