Salmos 126

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ထာ၀ရဘုရားသခင်သည် ပြည်နှင်ဒဏ်ခံကြရသော ငါတို့အား ဇီအွန်သို့ ပြန်လည်ခေါ်ဆောင်လာသောအခါ ငါတို့သည် အိပ်မက်မက်နေသကဲ့သို့ဖြစ်ကြ၏။-
1 Quando o Senhor trouxe do cativeiro os que voltaram a Sião, éramos como os que estão sonhando.
2 ငါတို့၏နှုတ်တွင် ရယ်မောခြင်းဖြင့်လည်းကောင်း၊ ငါတို့၏လျှာတွင် ဝမ်းမြောက်စွာကြွေးကြော်ခြင်း တို့ဖြင့်လည်းကောင်း ပြည့်နှက်နေပါ၏။ ထို့နောက် တိုင်းနိုင်ငံများက ထာ၀ရဘုရားသခင်သည် ဤသူတို့အတွက် ကြီးမြတ်သောအမှုတို့ကို ပြုတော်မူပြီဟု ဆိုကြ၏။-
2 Então a nossa boca se encheu de riso e a nossa língua de cânticos. Então se dizia entre as nações: Grandes coisas fez o Senhor por eles.
3 ထာ၀ရဘုရားသခင်သည် ငါတို့အတွက် ကြီးမြတ်သောအမှုအရာတို့ကို ပြုတော်မူပြီ။ ငါတို့သည် အလွန်ဝမ်းမြောက်ကြပါ၏။
3 Sim, grandes coisas fez o Senhor por nós, e por isso estamos alegres.
4 အိုထာ၀ရဘုရားသခင်၊ နေဂေ့သဲကန္တာရအတွင်းမှ ခြောက်သွေ့သောချောင်းများကို ရေဖြင့်ပြည့်စေသကဲ့သို့ အကျွန်ုပ်တို့၏ စီးပွားဥစ္စာကိုလည်း ပြန်လည်ပေးသနားတော်မူပါ။-
4 Faze regressar os nossos cativos, Senhor, como as correntes no sul.
5 မျက်ရည်ကျလျက် မျိုးစေ့ကြဲရသောသူတို့သည် ဝမ်းမြောက်ဝမ်းသာဟစ်ကြွေးလျက် ရိတ်သိမ်းကြရပါစေ။-
5 Os que semeiam em lágrimas, com cânticos de júbilo segarão.
6 မျက်ရည်ကျလျက် မျိုးစေ့များကို မျိုးကြဲရန် ယူဆောင်သွားသူသည် ကောက်လှိုင်းများကို သယ်ဆောင်လျက် ဝမ်းမြောက်ဝမ်းသာ ဟစ်ကြွေးရင်း အိမ်သို့ပြန်လာလိမ့်မည်။
6 Aquele que sai chorando, levando a semente para semear, voltará com cânticos de júbilo, trazendo consigo os seus molhos.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 126, comparar traduções ou montar um estudo — tudo direto pelo WhatsApp.