Salmos 124

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ငါတို့ဘက်၌ ရပ်တည်တော်မူခဲ့သော ထာ၀ရဘုရားသခင်သာမရှိခဲ့ပါလျှင် အစ္စရာအဲလ်လူမျိုးတို့သည် ဤသို့ဆိုကြပါစေ။-
1 E se o S enhor não estivesse ao nosso lado? Que todo o Israel diga:
2 ရန်သူတို့သည် ငါတို့ကိုတိုက်ခိုက်ကြစဉ် ငါတို့ဘက်၌ ရပ်တည်တော်မူသော ထာ၀ရဘုရားသခင်သာမရှိခဲ့ပါလျှင်၊-
2 E se o S enhor não estivesse ao nosso lado quando os inimigos nos atacaram?
3 သူတို့သည် ငါတို့အပေါ် အမျက်ထွက်လျက် ငါတို့သည် အရှင်လတ်လတ် ဝါးမျိုခြင်းခံခဲ့ကြရပေလိမ့်မည်။-
3 Eles nos teriam engolido vivos com sua ira ardente contra nós.
4 ထို့နောက် ငါတို့သည် ရေလွှမ်းမိုးခြင်းကြောင့် မျောပါသွားပြီး ပြင်းထန်စွာစီးလာသည့်ရေထုသည် ငါတို့အပေါ်တွင် ဖုံးလွှမ်းသွားခဲ့ပေလိမ့်မည်။-
4 As águas nos teriam encoberto, a correnteza nos teria afogado.
5 အရှိန်အဟုန်ပြင်းစွာ စီးဆင်းလာသည့် ရေစီးကြောင်းသည်လည်း ငါတို့အပေါ် ဖြတ်ကျော်သွားခဲ့ပေလိမ့်မည်။
5 Sim, as águas violentas de sua fúria nos teriam afogado.
6 ငါတို့ကို ရန်သူတို့၏သွားများဖြင့် ကိုက်စားခံရမည့် သားကောင်အဖြစ်သို့ ရောက်စေတော်မမူသော ထာ၀ရဘုရားသခင်သည် မင်္ဂလာရှိတော်မူ၏။-
6 Louvado seja o S enhor , que não permitiu que nos despedaçassem com seus dentes!
7 ငှက်သည် မုဆိုး၏ကျော့ကွင်းမှလွတ်ထွက်သကဲ့သို့ ငါတို့သည် လွတ်မြောက်ခဲ့ကြလေပြီ။ ကျော့ကွင်းပြတ်သောကြောင့် ငါတို့သည် လွတ်မြောက်ခဲ့ကြရ၏။-
7 Escapamos como um pássaro que foge da armadilha do caçador; a armadilha se quebrou, e estamos livres!
8 ငါတို့ခံရသည့် ကူညီစောင်မခြင်းသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူသော ထာ၀ရဘုရားသခင်၏ နာမတော်၌ တည်ရှိ၏။
8 Nosso socorro vem do S enhor , que fez os céus e a terra.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 124, comparar traduções ou montar um estudo — tudo direto pelo WhatsApp.