Salmos 11

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ငါသည် ထာ၀ရဘုရားသခင်၌ ခိုလှုံအားကိုးပါ၏။ ငှက်ကဲ့သို့ တောင်တန်းများဆီသို့ ပျံပြေးပါလော့ဟု သင်တို့သည် ငါ့အား မည်သို့ဆိုနိုင်သနည်း။-
1 No Senhor confio. Como, pois, me dizeis: Foge para o monte, como um pássaro?
2 ဆိုးယုတ်သောသူတို့သည် မှောင်ရိပ်ခိုပြီး သူတော်ကောင်းတို့ကို ပစ်ခတ်ရန် လေးကိုတင်၍ မြားကိုချိန်ရွယ်လျက် နေကြလေပြီ။-
2 Pois eis que os ímpios armam o arco, põem a sua flecha na corda, para atirarem, às ocultas, aos retos de coração.
3 မှီခိုအားထားရာ အခြေအမြစ်တို့သည် ပြိုပျက်သောအခါ သူတော်ကောင်းတစ်ဦးသည် မည်သို့ တတ်နိုင်ပါမည်နည်း။
3 Quando os fundamentos são destruídos, que pode fazer o justo?
4 ထာ၀ရဘုရားသခင်သည် မိမိ၏သန့်ရှင်းမြင့်မြတ်သော ဗိမာန်တော်တွင် စံပယ်တော်မူ၏။ ထာ၀ရဘုရားသခင်၏ ပလ္လင်တော်သည် ကောင်းကင်ဘုံ၌ရှိ၏။ ကိုယ်တော်သည် လူသားမျိုးနွယ်တို့ကို ကြည့်ရှု၍ မျက်စိတော်ဖြင့် ၎င်းတို့ကို စစ်ဆေး သိမြင်တော်မူ၏။-
4 O Senhor está no seu santo templo, o trono do Senhor está nos céus; os seus olhos contemplam, as suas pálpebras provam os filhos dos homens.
5 ထာ၀ရဘုရားသခင်သည် ဖြောင့်မတ်သောသူနှင့် ဆိုးယုတ်သောသူတို့ကို စစ်ဆေးသိမြင်တော်မူ၏။ ကိုယ်တော်၏ ဝိညာဉ်သည် အကြမ်းဖက်ခြင်းကို ခုံမင်သောသူအား မုန်းတီးတော်မူ၏။-
5 O Senhor prova o justo e o ímpio; a sua alma odeia ao que ama a violência.
6 ကိုယ်တော်သည် ဆိုးယုတ်သောသူတို့အပေါ်သို့ မီးကျီးခဲနှင့် ကန့်ငရဲမီးကို ရွာသွန်းစေတော်မူ၏။ ပူလောင်သော လေပြင်းသည် သူတို့၏ဝေစုဖြစ်၏။-
6 Sobre os ímpios fará chover brasas de fogo e enxofre; um vento abrasador será a porção do seu copo.
7 အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ဖြောင့်မတ်၍ တရားမျှတမှုကို မြတ်နိုးတော်မူ၏။ ဖြောင့်မတ်သောသူတို့သည် ကိုယ်တော်၏ ရွှေမျက်နှာတော်ကို ဖူးမြင်ကြရလိမ့်မည်။
7 Porque o Senhor é justo; ele ama a justiça; os retos, pois, verão o seu rosto.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.