Salmos 112
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA
1 ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့။ ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေ၍ ကိုယ်တော်၏ ပညတ်တော်များကို စောင့်ထိန်းရန် နှစ်သက်သောသူသည် မင်္ဂလာရှိ၏။-
1 Aleluia! Bem-aventurado é aquele que teme o e tem grande prazer nos seus mandamentos.
2 သူ၏သားစဉ်မြေးဆက်တို့သည် မြေပေါ်၌ ခွန်အားတန်ခိုးရှိကြလိမ့်မည်။ ဖြောင့်မတ်သူ၏ အမျိုးအနွယ်တို့သည် ကောင်းချီးမင်္ဂလာ ခံစားကြရလိမ့်မည်။-
2 A sua descendência será poderosa na terra; a geração dos justos será abençoada.
3 ချမ်းသာကြွယ်၀ခြင်းသည် သူ၏အိမ်တွင် တည်တံ့၍ သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်ထာ၀ရတည်မြဲလိမ့်မည်။
3 Na sua casa há prosperidade e riqueza, e a sua justiça permanece para sempre.
4 ဖြောင့်မတ်သောသူအတွက် မှောင်မိုက်ထဲတွင် အလင်းပေါ်ထွန်း၏။ ထာ၀ရဘုရားသခင်သည် သဒ္ဓါရက်ရော၍ သနားကရုဏာနှင့်ပြည့်စုံပြီး ဖြောင့်မတ်မှန်ကန်သောသူဖြစ်၏။-
4 Aos justos, nasce luz nas trevas; ele é bondoso, compassivo e justo.
5 ရက်ရောစွာချေးငှား၍ မိမိ၏လုပ်ငန်းဆောင်တာတို့တွင် တရားသဖြင့်ပြုမူသောသူသည် အရာရာ၌ အောင်မြင်လိမ့်မည်။-
5 Feliz aquele que se compadece e empresta; ele defenderá a sua causa em juízo;
6 ဖြောင့်မတ်သောသူသည် မည်သည့်အခါမျှ တုန်လှုပ်ချောက်ချားလိမ့်မည်မဟုတ်။ လူတို့သည် သူ့ကိုအစဉ်သတိရ အောက်မေ့ကြလိမ့်မည်။
6 não será jamais abalado; será tido em memória eterna.
7 သူသည် မကောင်းသတင်းများကို ကြောက်ရွံ့ခြင်းမရှိ။ သူ၏စိတ်နှလုံးသည် တည်ကြည်ခိုင်မာ၍ ထာ၀ရဘုရားသခင်၌ ယုံကြည်ကိုးစားလေ၏။-
7 Não se atemoriza de más notícias; o seu coração é firme, confiante no
8 သူ၏စိတ်နှလုံးသည် တည်ကြည်ခိုင်မာ၍ ကြောက်ရွံ့ခြင်းနှင့်လည်း ကင်းသောကြောင့် သူ၏ရန်သူတို့ အရေးနိမ့်သည်ကို သူမြင်ရလိမ့်မည်။-
8 O seu coração, bem firmado, não teme, até que veja a derrota dos seus inimigos.
9 သူသည် ရက်ရောစွာစွန့်ကြဲတတ်၍ ဆင်းရဲနွမ်းပါးသူတို့ကို ပေးကမ်းတတ်၏။ သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်၏။ သူ၏ဦးချိုသည် ဂုဏ်ပြုချီးမြှောက်ခြင်းခံရလိမ့်မည်။-
9 Distribui, dá aos pobres; a sua justiça permanece para sempre, e o seu poder se exaltará em glória.
10 ဆိုးယုတ်သောသူတို့သည် ဤအခြင်းအရာကိုမြင်သောအခါ ဒေါသအမျက်ထွက်၍ အံကြိတ်လျက် ပျောက်ကွယ်သွား ကြလိမ့်မည်။ ဆိုးယုတ်သောသူတို့၏ အလိုဆန္ဒသည် အချည်းနှီးဖြစ် ကြလိမ့်မည်။
10 O ímpio vê isso e fica com raiva; range os dentes e se consome. O desejo dos ímpios perecerá.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 112, comparar traduções ou montar um estudo — tudo direto pelo WhatsApp.