Salmos 10
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI
1 အိုထာ၀ရဘုရားသခင်၊ အဘယ်ကြောင့် ကိုယ်တော်သည် အဝေး၌ ရပ်နေတော်မူပါသနည်း။ ဒုက္ခရောက်သော အချိန်၌ ကိုယ်တော်သည် အဘယ်ကြောင့် မျက်နှာတော် လွှဲထားတော်မူပါသနည်း။-
1 Senhor, por que estás tão longe? Por que te escondes em tempos de angústia?
2 ဆိုးယုတ်သော သူတို့သည် ဆင်းရဲသောသူတို့ကို မောက်မာရိုင်းပျစွာဖြင့် လိုက်လံညှဉ်းဆဲကြ၏။ ထိုသူတို့သည် မိမိ တို့ဉာဏ်ဆင်၍ ထောင်ထားသော ပရိယာယ်ကျော့ကွင်း၌ ပြန်မိကြပါစေ။
2 Em sua arrogância o ímpio persegue o pobre, que é apanhado em suas tramas.
3 အကြောင်းမူကား ဆိုးယုတ်သောသူသည် မိမိတို့ စိတ်နှလုံး၏ လိုအင်ဆန္ဒများကို ကြွားဝါပြောဆိုတတ်၍ လောဘကြီးသော သူသည် ထာ၀ရဘုရားသခင်ကို ကျိန်ဆဲရှုတ်ချပါ၏။-
3 Ele se gaba de sua própria cobiça e, em sua ganância, amaldiçoa e insulta o Senhor.
4 ဆိုးယုတ်သောသူသည် မောက်မာခက်ထန်သော မျက်နှာထားနှင့် ထာ၀ရဘုရားသခင်ကို ရှာဖွေခြင်းမရှိပေ။ သူသည် ဘုရားသခင် မရှိဟူ၍ အစဉ်တွေးတောလေ၏။
4 Em sua presunção o ímpio não o busca; não há lugar para Deus em nenhum dos seus planos.
5 သူပြုလုပ်လေသမျှတို့သည် အောင်မြင်တတ်၏။ သူသည် အထက်အရပ်၌ရှိသော ကိုယ်တော်၏ တရားစီရင်ချက်တို့ကို မတွေ့ပေ။ သူသည် မိမိ၏ရန်သူများကို ပြက်ရယ်ပြု၏။-
5 Os seus caminhos prosperam sempre; tão acima da sua compreensão estão as tuas leis que ele faz pouco caso de todos os seus adversários,
6 သူ၏စိတ်နှလုံး၌ ငါသည် မည်သည့်အခါမျှ ရှုံးနိမ့်လိမ့်မည်မဟုတ်၊ ငါသည် သားစဉ်မြေးဆက် မည်သည့်အခါမျှ ဒုက္ခရောက်လိမ့်မည် မဟုတ်ဟု တွေးထင်လေ၏။
6 pensando consigo mesmo: "Nada me abalará! Desgraça alguma me atingirá, nem a mim nem aos meus descendentes".
7 သူ၏နှုတ်သည် ကျိန်ဆိုခြင်း၊ လှည့်ဖြားခြင်းနှင့် အနိုင်အထက်ပြုခြင်းတို့ဖြင့် ပြည့်လျှံနေလေ၏။ သူ၏ လျှာအောက်၌ ဆိုးသွမ်းခြင်းနှင့် မကောင်းမှုဒုစရိုက်တို့ သာရှိကြ၏။-
7 Sua boca está cheia de maldições, mentiras e ameaças; violência e maldade estão em sua língua.
8 သူသည် ရွာများ၏အနီးတွင် ချုံခို၍ စောင့်နေတတ်ပြီး အပြစ်ကင်းမဲ့သောသူကို ဆိတ်ကွယ်ရာ အရပ်တို့၌ သတ်ဖြတ် တတ်ပါ၏။ သူ၏မျက်လုံးများသည် မိမိ၏လက်တွင်းသို့ကျ ရောက်လာမည့်သားကောင်ကို စောင့်ကြည့်နေတတ် ၏။-
8 Fica à espreita perto dos povoados; em emboscadas mata os inocentes, procurando às escondidas as suas vítimas.
9 သူသည် ပုန်းအောင်းနေသော ခြင်္သေ့ကဲ့သို့ ဆိတ်ကွယ်ရာမှ ချောင်းမြောင်းနေတတ်၏။ သူသည် ဆင်းရဲသားများကို အမိဖမ်းရန် ချောင်းမြောင်းနေ၏။ သူသည် ဆင်းရဲသားများကို မိမိ၏ပိုက်ကွန်တွင် အမိအရဖမ်း၍ ဆွဲခေါ်သွားလေ၏။
9 Fica à espreita como o leão escondido; fica à espreita para apanhar o necessitado; apanha o necessitado e o arrasta para a sua rede.
10 သူ၏ခွန်အားကြောင့် သားကောင်သည် ချေမှုန်းခြင်းခံရ၍ ပြိုလဲကာ အရှုံးပေးလိုက်ရ၏။-
10 Agachado, fica de tocaia; as suas vítimas caem em seu poder.
11 သူက ဘုရားသခင်သည် မေ့လျော့ထားတော်မူပြီ။ ကိုယ်တော်သည် မိမိ၏မျက်နှာတော်ကို ဖုံးကွယ်ထားသဖြင့် ဤအမှုကို မည်သည့်အခါမျှ မြင်တွေ့လိမ့်မည်မဟုတ်ဟု မိမိစိတ်ထဲ ၌ဆိုလေ၏။
11 Pensa consigo mesmo: "Deus se esqueceu; escondeu o rosto e nunca verá isto".
12 အိုထာ၀ရဘုရားသခင်၊ ကြွလာတော်မူပါ။ အိုဘုရားသခင်၊ ကိုယ်တော်၏လက်တော်ကို မြှောက်တော်မူပါ။ ညှဉ်းပန်းနှိပ်စက်ခြင်း ခံရသောသူတို့ကို မေ့လျော့တော်မမူပါနှင့်။-
12 Levanta-te, Senhor! Ergue a tua mão, ó Deus! Não te esqueças dos necessitados.
13 ဆိုးယုတ်သောသူသည် ဘုရားသခင်ကို အဘယ်ကြောင့် မထီမဲ့မြင်ပြုရပါမည်နည်း။ ကိုယ်တော်သည် အပြစ်စီရင်တော် မူလိမ့်မည် မဟုတ်ဟု အဘယ်ကြောင့် သူ့စိတ်ထဲ၌ ထင်မှတ်ရပါသနည်း။
13 Por que o ímpio insulta a Deus, dizendo no seu íntimo: "De nada me pedirás contas! "?
14 သို့သော် ကိုယ်တော်သည် အမှန်တကယ်ပင် ြင်တော်မူပြီ။ ကိုယ်တော်သည် ဆင်းရဲဒုက္ခနှင့် ပူပန်သောကတို့ကို ဂရုပြုတော်မူ၏။ ကိုယ်တော်သည် ဤအမှုအရာတို့ကို ကိုယ်တော်တိုင် ကိုင်တွယ်ဖြေရှင်းတော်မူ၏။ ခိုကိုးရာမဲ့သောသူသည် မိမိကိုယ်ကို ကိုယ်တော်၏လက်တော်သို့ အပ်နှံလေ၏။ ကိုယ်တော်သည် မိဘမရှိသူတို့ကို ကူညီစောင့်ရှောက်သောသူ ဖြစ်တော်မူ၏။
14 Mas tu enxergas o sofrimento e a dor; observa-os para tomá-los em tuas mãos. A vítima deles entrega-se a ti; tu és o protetor do órfão.
15 ဆိုးယုတ်၍ ဒုစရိုက်ကျူးလွန်သောသူ၏လက်ရုံးကို ချိုးတော်မူပါ။ သူ၏မကောင်းမှုများကို တစ်ခုမကျန်ရှာဖွေ စစ်ဆေးတော်မူပါ။-
15 Quebra o braço do ímpio e do perverso, pede contas de sua impiedade até que dela nada mais se ache.
16 ထာ၀ရဘုရားသခင်သည် ကာလအဆက်ဆက် ဘုရင်ဖြစ်တော်မူပါ၏။ လူမျိုးခြားတို့သည် ကိုယ်တော်၏ နိုင်ငံတော်မှ ကွယ်ပျောက်ကြပါလိမ့်မည်။
16 O Senhor é rei para todo o sempre; da sua terra desapareceram os outros povos.
17 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် နှိမ့်ချသောသူတို့၏ လိုလားတောင့်တချက်ကို လက်ခံတော်မူ၏။ ကိုယ်တော်သည် သူတို့၏စိတ်နှလုံးကို အားဖြည့်ပေးတော်မူ၏။-
17 Tu, Senhor, ouves a súplica dos necessitados; tu os reanimas e atendes ao seu clamor.
18 ကိုယ်တော်သည် မိဘမရှိသူတို့နှင့် ဖိနှိပ်ခြင်းခံရသော သူတို့အတွက် တရားမျှတမှုရှိစေရန် ကိုယ်တော်၏နားကို စွင့်တော်မူ၏။ ဤသို့ဖြင့် မြေကြီးမှဖြစ်လာသော ထိုသူသည် အကြမ်းဖက်မှုကို နောက်တစ်ဖန်ကျူးလွန် တော့မည်မဟုတ်ပေ။
18 Defendes o órfão e o oprimido, a fim de que o homem, que é pó, já não cause terror.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.