Salmos 109

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 အကျွန်ုပ်ချီးမွမ်းထောမနာပြုသော အိုဘုရားသခင်၊ တိတ်ဆိတ်စွာ နေတော်မမူပါနှင့်။-
1 Ó Deus do meu louvor, não te cales!
2 အကြောင်းမူကား ဆိုးယုတ်သူတို့နှင့် လိမ်လည်ကောက်ကျစ်သူတို့၏နှုတ်ဖျားသည် အကျွန်ုပ်ကိုဆန့်ကျင်ရန် ဖွင့်ဟကြပါ၏။ မုသားစကားပြောသော လျှာများဖြင့် အကျွန်ုပ်ကို ဆန့်ကျင်ပြောဆိုကြပါ၏။-
2 Pois contra mim se desataram lábios maldosos e fraudulentos; com mentirosa língua falam contra mim.
3 သူတို့သည် မုန်းတီးသောစကားများဖြင့် အကျွန်ုပ်ကို ဝိုင်းရံထားကြပြီး အကြောင်းမဲ့တိုက်ခိုက်ကြပါ၏။-
3 Cercam-me com palavras odiosas e sem causa me fazem guerra.
4 အကျွန်ုပ်သည် သူတို့အတွက် ဆုတောင်းပေးစဉ်တွင်ပင် သူတို့သည် အကျွန်ုပ်၏ မေတ္တာတရားကို ပြစ်တင်စွပ်စွဲခြင်းဖြင့် တုံ့ပြန်ကြပါ၏။-
4 Em paga do meu amor, me hostilizam; eu, porém, oro.
5 ဤနည်းဖြင့် သူတို့သည် အကောင်းကို မကောင်းဖြင့်လည်းကောင်း၊ အကျွန်ုပ်၏ချစ်ခြင်းကို မုန်းတီးခြင်းဖြင့်လည်းကောင်း ပေးဆပ်ကြပါ၏။
5 Pagaram-me o bem com o mal; o amor, com ódio.
6 သူ့အား ဆန့်ကျင်ဘက်ပြုရန် ဆိုးယုတ်သော သူတစ်ယောက်ကို ခန့်အပ်ထားတော်မူပါ။ သူ၏လက်ယာဘက်တွင် သူ့ကို အပြစ်တင်စွပ်စွဲသူတစ်ယောက် ရှိနေပါစေ။-
6 Suscita contra ele um ímpio, e à sua direita esteja um acusador.
7 သူသည် ရုံးတင်စစ်ဆေးခြင်းခံရသောအခါ ပြစ်မှုထင်ရှားပါစေ။ သူ၏ဆုတောင်းပတ္ထနာသည်ပင်လျှင် အပြစ်မကောင်းမှု အဖြစ် သတ်မှတ်ခံရပါစေ။-
7 Quando o julgarem, seja condenado; e, tida como pecado, a sua oração.
8 သူ၏အသက်တာကိုတိုစေ၍ သူ၏အရိုက်အရာကို သူတစ်ပါးယူပါစေ။-
8 Os seus dias sejam poucos, e tome outro o seu encargo.
9 သူ၏သားသမီးတို့သည် မိဘမဲ့များဖြစ်ကြပြီး သူ၏ဇနီးသည် မုဆိုးမဖြစ်ပါစေ။-
9 Fiquem órfãos os seus filhos, e viúva, a sua esposa.
10 သူ၏သားသမီးတို့သည် လှည့်လည်တောင်းစားသူများဖြစ်ကြပြီး ပြိုပျက်နေသော မိမိတို့၏နေထိုင်ရာအရပ်များမှ နှင်ထုတ်ခြင်းခံကြရပါစေ။-
10 Andem errantes os seus filhos e mendiguem; e sejam expulsos das ruínas de suas casas.
11 ကြွေးရှင်သည် သူ၌ရှိသမျှကို သိမ်းယူပြီး သူစိမ်းတို့သည် သူကြိုးစားရှာဖွေထားသည့်ဥစ္စာကို လုယူကြပါစေ။-
11 De tudo o que tem, lance mão o usurário; do fruto do seu trabalho, esbulhem-no os estranhos.
12 သူ့အား သနားကြင်နာမည့်သူနှင့် သူ၏မိဘမဲ့သော သားသမီးတို့ကိုလည်း သနားကြင်နာမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိပါစေနှင့်။-
12 Ninguém tenha misericórdia dele, nem haja quem se compadeça dos seus órfãos.
13 သူ၏မျိုးဆက် ပျောက်ကွယ်သွားပါစေ။ သူ၏အမည်နာမသည်လည်း ဒုတိယမျိုးဆက်မှ ပယ်ဖျက်ခြင်းခံရပါစေ။-
13 Desapareça a sua posteridade, e na seguinte geração se extinga o seu nome.
14 သူ၏ဘိုးဘေးတို့ ပြုလုပ်ခဲ့သော မကောင်းမှုဒုစရိုက်များသည် ထာ၀ရဘုရားသခင်၏ ရှေ့တော်၌ မေ့လျော့ထားခြင်း မခံကြရပါစေနှင့်။ သူ့မိခင်၏အပြစ်သည်လည်း မည်သည့်အခါမျှ ပယ်ဖျက်ခြင်းမခံရပါစေနှင့်။-
14 Na lembrança do Senhor , viva a iniquidade de seus pais, e não se apague o pecado de sua mãe.
15 သူတို့၏အပြစ်များသည် ထာ၀ရဘုရားသခင်၏ ရှေ့တော်တွင် ဆက်လက်တည်ရှိလျက် သူ့ကိုအောက်မေ့ သတိရခြင်းသည်လည်း ကမ္ဘာမြေကြီးပေါ်မှ ပျောက်ကွယ်သွားပါစေ။-
15 Permaneçam ante os olhos do Senhor , para que faça desaparecer da terra a memória deles.
16 အကြောင်းမူကား သူသည် သနားကြင်နာမှုပြရန် သတိမရခဲ့သည့်အပြင် ဆင်းရဲသူ၊ ချို့တဲ့နွမ်းပါးသူနှင့် စိတ်နှလုံး ကြေကွဲသူတို့အား လိုက်လံသတ်ဖြတ်ခဲ့၏။-
16 Porquanto não se lembrou de usar de misericórdia, mas perseguiu o aflito e o necessitado, como também o quebrantado de coração, para os entregar à morte.
17 သူသည် ကျိန်ဆဲခြင်းကို နှစ်သက်ခဲ့၏။ ကျိန်ဆဲခြင်းများသည် သူ့အပေါ်ကျရောက်ပါစေ။ သူသည် ကောင်းချီးမင်္ဂလာကို မနှစ်သက်ခဲ့ပေ။ ၎င်းသည်လည်း သူ့ထံမှဝေးကွာပါစေ။-
17 Amou a maldição; ela o apanhe; não quis a bênção; aparte-se dele.
18 သူသည် ကျိန်ဆဲခြင်းကို အင်္ကျီဝတ်သကဲ့သို့ ဝတ်ဆင်ခဲ့၏။ ယင်းသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ရေကဲ့သို့လည်းကောင်း၊ သူ၏အရိုးများအတွင်းသို့ ဆီကဲ့သို့လည်းကောင်း စိမ့်ဝင်ပါစေ။-
18 Vestiu-se de maldição como de uma túnica: penetre, como água, no seu interior e nos seus ossos, como azeite.
19 ထိုကျိန်ဆဲခြင်းသည် သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည့် ဝတ်ရုံကဲ့သို့လည်းကောင်း သူနေ့စဉ်ဝတ်ဆင်သည့် ခါးပတ်ကဲ့သို့လည်းကောင်းဖြစ်ပါစေ။
19 Seja-lhe como a roupa que o cobre e como o cinto com que sempre se cinge.
20 အထက်ပါအရာတို့သည် အကျွန်ုပ်ကို စွပ်စွဲအပြစ်တင်သူများနှင့် အကျွန်ုပ်ကို မကောင်းပြောဆိုသူများအတွက် ထာ၀ရဘုရားသခင်ထံတော်မှ လာသောဆုလာဘ်ဖြစ်ပါစေ။-
20 Tal seja, da parte do Senhor , o galardão dos meus contrários e dos que falam mal contra a minha alma.
21 အိုအကျွန်ုပ်၏အရှင် ထာ၀ရဘုရားသခင်၊ ကိုယ်တော်မူကား ကိုယ်တော်၏ နာမတော်ကိုထောက်၍ အကျွန်ုပ်အတွက် ဆောင်ရွက်ပေးတော်မူပါ။ ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်သည် ကောင်းမြတ်တော်မူသည်ဖြစ်၍ အကျွန်ုပ်ကို ကယ်ဆယ် တော်မူပါ။-
21 Mas tu, Senhor Deus, age por mim, por amor do teu nome; livra-me, porque é grande a tua misericórdia.
22 အကြောင်းမူကား အကျွန်ုပ်သည် ဆင်းရဲချို့တဲ့ပါ၏။ အကျွန်ုပ်၏စိတ်နှလုံးသည် နာကျင်လျက်ရှိပါ၏။-
22 Porque estou aflito e necessitado e, dentro de mim, sinto ferido o coração.
23 အကျွန်ုပ်သည် ညနေချိန်အရိပ်ကဲ့သို့ ပျောက်ကွယ်လုနီးနီး ဖြစ်နေပါပြီ။ အကျွန်ုပ်သည် ကျိုင်းကောင်ကဲ့သို့ ခါချခြင်း ခံရပါ၏။-
23 Vou passando, como a sombra que declina; sou atirado para longe, como um gafanhoto.
24 အစာရှောင်ခြင်းကြောင့် အကျွန်ုပ်၏ဒူးများသည် အင်အားချည့်နဲ့လျက်ရှိ၍ အကျွန်ုပ်၏ခန္ဓာကိုယ်သည် ပိန်ချုံးလျက် လာပါ၏။-
24 De tanto jejuar, os joelhos me vacilam, e de magreza vai mirrando a minha carne.
25 အကျွန်ုပ်ကို စွပ်စွဲပြစ်တင်သူများအတွက် အကျွန်ုပ်သည် ကဲ့ရဲ့စရာဖြစ်နေပါ၏။ သူတို့သည် အကျွန်ုပ်ကိုမြင်သောအခါ ဦးခေါင်းကို ခါယမ်းကြပါ၏။
25 Tornei-me para eles objeto de opróbrio; quando me veem, meneiam a cabeça.
26 အိုအကျွန်ုပ်၏အရှင် ထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကို ကူညီမစတော်မူပါ။ ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်နှင့်အညီ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။-
26 Socorre, Senhor , Deus meu! Salva-me segundo a tua misericórdia.
27 အို ထာ၀ရဘုရားသခင်၊ ဤအမှုအရာကို ကိုယ်တော်၏လက်တော်ဖြင့်ပင် ပြုလုပ်တော်မူခဲ့ကြောင်း သူတို့သိကြပါစေ။-
27 Para que saibam vir isso das tuas mãos; que tu,
28 ထိုသူတို့သည် ကျိန်ဆဲကြပါစေ။ ကိုယ်တော်မူကား ကောင်းချီးပေးတော်မူပါ။ အကျွန်ုပ်ကို တိုက်ခိုက်ကြသောသူတို့သည် အရှက်ကွဲကြပါစေ။ ကိုယ်တော်၏ အစေခံမူကား ရွှင်လန်းဝမ်းမြောက်ရပါစေ။-
28 Amaldiçoem eles, mas tu, abençoa; sejam confundidos os que contra mim se levantam; alegre-se, porém, o teu servo.
29 အကျွန်ုပ်ကို စွပ်စွဲအပြစ်တင်သောသူတို့သည် ဂုဏ်သရေပျက်ကြရပြီး အရှက်ကွဲခြင်းကို ဝတ်ရုံသဖွယ် လွှမ်းခြုံကြရပါစေ။
29 Cubram-se de ignomínia os meus adversários, e a sua própria confusão os envolva como uma túnica.
30 ထာ၀ရဘုရားသခင်အား အကျွန်ုပ်၏နှုတ်ဖြင့် ချီးမြှောက်ပါမည်။ များစွာသော လူပရိသတ်အလယ်တွင် ကိုယ်တော့်ကို အကျွန်ုပ်ချီးမွမ်းထောမနာပြုပါမည်။-
30 Muitas graças darei ao Senhor com os meus lábios; louvá-lo-ei no meio da multidão;
31 ကိုယ်တော်သည် ဆင်းရဲချို့တဲ့သောသူ၏ လက်ယာဘက်တွင် ရပ်တည်၍ သူ့ကို သေဒဏ်စီရင်သော သူတို့၏လက်မှ ကယ်ဆယ်တော်မူ၏။
31 porque ele se põe à direita do pobre, para o livrar dos que lhe julgam a alma.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 109, comparar traduções ou montar um estudo — tudo direto pelo WhatsApp.