Salmos 107

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF

Sair da comparação
ACF Almeida Corrigida Fiel
1 ထာ၀ရဘုရားသခင်ကို ကျေးဇူးဆပ်တင်ကြလော့။ အကြောင်းမူကား ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍ ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်သည် အစဉ်တည်တော်မူ၏။-
1 Louvai ao SENHOR, porque ele é bom, porque a sua benignidade dura para sempre.
2 ရန်သူတို့၏လက်မှ ထာ၀ရဘုရားသခင်ကယ်တင်တော်မူခဲ့၍၊-
2 Digam-no os remidos do Senhor, os que remiu da mão do inimigo,
3 အရှေ့၊ အနောက်၊ တောင်၊ မြောက်အရပ်များရှိ တိုင်းပြည်တို့မှ ကိုယ်တော်ခေါ်ယူစုရုံးခဲ့သောသူတို့သည် ဤကဲ့သို့ဆို ကြပါစေ။
3 E os que congregou das terras do oriente e do ocidente, do norte e do sul.
4 အချို့သောသူတို့သည် လူသူကင်းမဲ့သောသဲကန္တာရ၌ လှည့်လည်သွားလာကြပြီး မိမိတို့အခြေချနေထိုင်မည့်မြို့သို့ သွားရာလမ်းကို ရှာမတွေ့ကြချေ။-
4 Andaram desgarrados pelo deserto, por caminhos solitários; não acharam cidade para habitarem.
5 သူတို့သည် အစာရေစာငတ်မွတ်လျက် စိတ်ပျက်အားလျော့ကြလေ၏။-
5 Famintos e sedentos, a sua alma neles desfalecia.
6 ထိုအခါ သူတို့သည် ဒုက္ခရောက်ကြသဖြင့် ထာ၀ရဘုရားသခင်ထံ အော်ဟစ်တောင်းလျှောက်ကြသောအခါ ကိုယ်တော်သည် သူတို့ကို ဒုက္ခဆင်းရဲခြင်းမှ ကယ်တင်တော်မူ၏။-
6 E clamaram ao Senhor na sua angústia, e os livrou das suas dificuldades.
7 ကိုယ်တော်သည် သူတို့အခြေချနေထိုင်မည့်မြို့သို့ ရောက်သည့်တိုင်အောင် သူတို့ကို ဖြောင့်မတ်သောလမ်းဖြင့် ဦးဆောင်တော်မူ၏။-
7 E os levou por caminho direito, para irem a uma cidade de habitação.
8 ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်နှင့် လူသားတို့၌ ကိုယ်တော်ပြုလုပ်တော်မူသော အံ့ဖွယ်အမှုများအတွက် ထာ၀ရဘုရားသခင်ကို ကျေးဇူးဆပ်တင်ကြပါစေ။-
8 Louvem ao Senhor pela sua bondade, e pelas suas maravilhas para com os filhos dos homens.
9 အကြောင်းမူကား ကိုယ်တော်သည် ရေငတ်သောသူကို အားရကျေနပ်စေ၍ ဆာလောင်မွတ်သိပ်သူတို့အား ကောင်းသောအရာဖြင့် ပြည့်၀စေတော်မူ၏။
9 Pois fartou a alma sedenta, e encheu de bens a alma faminta.
10 အချို့တို့သည် အကျဉ်းသားများအဖြစ်သံကြိုးဖြင့် ချည်နှောင်ခြင်းခံရလျက် မှောင်မိုက်တွင် အလွန်ညှိုးငယ်စွာ ဒုက္ခခံစားခဲ့ကြရ၏။-
10 Tal como a que se assenta nas trevas e sombra da morte, presa em aflição e em ferro;
11 အကြောင်းမူကား သူတို့သည် ဘုရားသခင်၏ အမိန့်တော်များကို ဖီဆန်ခဲ့ကြပြီး အမြင့်ဆုံးသော အရှင်သခင်၏ လမ်းညွန်ချက်ကို ပစ်ပယ်ခဲ့ကြသောကြောင့်ဖြစ်၏။-
11 Porquanto se rebelaram contra as palavras de Deus, e desprezaram o conselho do Altíssimo.
12 သို့ဖြစ်၍ ကိုယ်တော်သည် ဆင်းရဲပင်ပန်းသော အလုပ်အကိုင်တို့ဖြင့် သူတို့၏စိတ်ကို ချိုးနှိမ်တော်မူခဲ့၏။ သူတို့လဲကျသောအခါ ကူညီထူမမည့်သူ တစ်ဦးတစ်ယောက်မျှမရှိပေ။-
12 Portanto, lhes abateu o coração com trabalho; tropeçaram, e não houve quem os ajudasse.
13 ထိုအခါ သူတို့သည် ဒုက္ခဆင်းရဲခံနေရာမှ ထာ၀ရဘုရားသခင်ထံသို့ အော်ဟစ်ငိုကြွေးကြရာ ကိုယ်တော်သည် သူတို့ကို ဆင်းရဲဒုက္ခမှ ကယ်ဆယ်တော်မူခဲ့၏။-
13 Então clamaram ao Senhor na sua angústia, e os livrou das suas dificuldades.
14 ကိုယ်တော်သည် သူတို့ကို မှောင်မိုက်ခြင်းနှင့် ညှိုးငယ်ခြင်းမှ ခေါ်ထုတ်ခဲ့ပြီး သူတို့အား ချည်နှောင်ထားသည့်သံကြိုးများကို အပိုင်းပိုင်းပြတ် စေတော်မူခဲ့၏။-
14 Tirou-os das trevas e sombra da morte; e quebrou as suas prisões.
15 သူတို့သည် ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်နှင့် လူသားတို့၌ ကိုယ်တော်ပြုလုပ်တော်မူသော အံ့ဖွယ်အမှုများအတွက် ထာ၀ရဘုရားသခင်ကို ကျေးဇူးဆပ်တင်ကြပါစေ။-
15 Louvem ao Senhor pela sua bondade, e pelas suas maravilhas para com os filhos dos homens.
16 အကြောင်းမူကား ကိုယ်တော်သည် ကြေးဝါတံခါးများကိုချိုးဖျက်၍ သံတိုင်များကို ပိုင်းဖြတ်တော်မူခဲ့၏။
16 Pois quebrou as portas de bronze, e despedaçou os ferrolhos de ferro.
17 အချို့သောသူတို့သည် မိမိတို့၏ အပြစ်လမ်းစဉ်များအားဖြင့် ရူးမိုက်ခဲ့ကြပြီး မိမိတို့၏ အပြစ်ဒုစရိုက်များကြောင့် ဆင်းရဲဒုက္ခခံကြရ၏။-
17 Os loucos, por causa da sua transgressão, e por causa das suas iniqüidades, são aflitos.
18 သူတို့သည် စားစရာမှန်သမျှကို စက်ဆုပ်ရွံရှာခဲ့ကြ၍ သေမင်း၏တံခါး၀အနီးသို့ ရောက်ခဲ့ကြ၏။-
18 A sua alma aborreceu toda a comida, e chegaram até às portas da morte.
19 ထိုအခါ သူတို့သည် ဒုက္ခဆင်းရဲခံနေရာမှ ထာ၀ရဘုရားသခင်ထံသို့ အော်ဟစ်ငိုကြွေးကြရာ ကိုယ်တော်သည် သူတို့ကို ဆင်းရဲဒုက္ခမှ ကယ်ဆယ်တော်မူခဲ့၏။-
19 Então clamaram ao Senhor na sua angústia, e ele os livrou das suas dificuldades.
20 ကိုယ်တော်သည် အမိန့်ပေး၍ သူတို့ကို ပျောက်ကင်းချမ်းသာစေပြီး သူတို့ကို သခင်္ျိုင်းတွင်းမှ ကယ်တင်တော်မူခဲ့၏။-
20 Enviou a sua palavra, e os sarou; e os livrou da sua destruição.
21 သူတို့သည် ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်နှင့် လူသားတို့၌ ကိုယ်တော်ပြုလုပ်တော်မူသော အံ့ဖွယ်အမှုများအတွက် ထာ၀ရဘုရားသခင်ကို ကျေးဇူးဆပ်တင်ကြပါစေ။-
21 Louvem ao Senhor pela sua bondade, e pelas suas maravilhas para com os filhos dos homens.
22 ထို့နောက် သူတို့သည် ကျေးဇူးတော်ချီးမွမ်းရာ ယဇ်များကိုပူဇော်၍ ကိုယ်တော်ပြုလုပ်တော်မူသော အမှုတော်တို့ကို ဝမ်းမြောက်ဖွယ်ရာသီချင်းများဖြင့် သီဆိုဖော်ကျူးကြပါစေ။
22 E ofereçam os sacrifícios de louvor, e relatem as suas obras com regozijo.
23 အချို့သောသူတို့သည် သင်္ဘောဖြင့် ပင်လယ်ကိုကူး၍ ရေပေါ်တွင် လုပ်ကိုင်စားသောက်ကြသော ကုန်သည်များဖြစ်၏။-
23 Os que descem ao mar em navios, mercando nas grandes águas.
24 သူတို့သည် ရေနက်ရာအရပ်၌ ထာ၀ရဘုရားသခင်၏ လက်ရာတော်ဖြစ်သည့် ကိုယ်တော်၏အံ့ဖွယ်ရာအမှုတို့ကို မြင်ခဲ့ကြရ၏။-
24 Esses vêem as obras do Senhor, e as suas maravilhas no profundo.
25 အကြောင်းမူကား ကိုယ်တော်အမိန့်ရှိသည်နှင့် လေမုန်တိုင်းတိုက်ပြီး လှိုင်းတံပိုးများလည်း မြင့်တက်လာခဲ့သော ကြောင့်တည်း။-
25 Pois ele manda, e se levanta o vento tempestuoso que eleva as suas ondas.
26 သူတို့သည် ကောင်းကင်ယံသို့ တိုင်အောင်တက်ပြီး နက်ရှိုင်းရာသို့ ပြန်ကျခဲ့ရသောကြောင့် ဘေးဒုက္ခရောက်ချိန်တွင် သူတို့၏ ခွန်အားသတ္တိသည်လည်း အရည်ပျော်ခဲ့ရ၏။-
26 Sobem aos céus; descem aos abismos, e a sua alma se derrete em angústias.
27 သူတို့သည် အရက်မူးသူများကဲ့သို့ ယိမ်းယိုင်နေခဲ့ကြပြီး အကြံကုန်ဉာဏ်ကုန်ဖြစ်ခဲ့ကြရ၏။-
27 Andam e cambaleiam como ébrios, e perderam todo o tino.
28 ထိုအခါ သူတို့သည် ဒုက္ခဆင်းရဲခံနေရာမှ ထာ၀ရဘုရားသခင်ထံသို့ အော်ဟစ်ငိုကြွေးခဲ့ကြ၍ ကိုယ်တော်သည် သူတို့ကို ဆင်းရဲဒုက္ခမှ ကယ်တင်တော်မူခဲ့၏။-
28 Então clamam ao Senhor na sua angústia; e ele os livra das suas dificuldades.
29 ကိုယ်တော်သည် လေမုန်တိုင်းကို ရပ်စဲစေတော်မူသဖြင့် ပင်လယ်လှိုင်းတံပိုးများသည်လည်း ငြိမ်သက်သွားလေ၏။-
29 Faz cessar a tormenta, e acalmam-se as suas ondas.
30 လေငြိမ်သွားသောအခါ သူတို့သည် ဝမ်းမြောက်ကြ၏။ ကိုယ်တော်သည်လည်း သူတို့အလိုရှိရာဆိပ်ကမ်းသို့ လမ်းညွန်တော် မူခဲ့၏။-
30 Então se alegram, porque se aquietaram; assim os leva ao seu porto desejado.
31 သူတို့သည် ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်နှင့် လူသားတို့၌ ကိုယ်တော်ပြုလုပ်တော်မူသော အံ့ဖွယ်အမှုများအတွက် ထာ၀ရဘုရားသခင်ကို ကျေးဇူးဆပ်တင်ကြပါစေ။-
31 Louvem ao Senhor pela sua bondade, e pelas suas maravilhas para com os filhos dos homens.
32 သူတို့သည် လူထုပရိသတ်၏အလယ်တွင် ထာ၀ရဘုရားသခင်ကို ချီးမြှောက်ကြ၍ သက်ကြီးဝါကြီးများ၏ အစည်းအဝေး၌ ကိုယ်တော်အား ချီးမွမ်းထောမနာပြုကြပါစေ။
32 Exaltem-no na congregação do povo, e glorifiquem-no na assembléia dos anciãos.
33 ကိုယ်တော်သည် မြစ်များကို သဲကန္တာရအဖြစ်သို့လည်းကောင်း၊ စမ်းရေအိုင်များကို ရေငတ်ခြောက်သွေ့သောဒေသ အဖြစ်သို့လည်းကောင်း၊-
33 Ele converte os rios em um deserto, e as fontes em terra sedenta;
34 အသီးအနှံဖြစ်ထွန်းသောမြေကို အသုံးမဝင်သည့် ဆားမြေအဖြစ်သို့လည်းကောင်း ပြောင်းလဲတော်မူခဲ့၏။ အဘယ်ကြောင့် ဆိုသော် ထိုပြည်တွင် နေထိုင်သူတို့သည် ဆိုးယုတ်သောကြောင့်ဖြစ်၏။-
34 A terra frutífera em estéril, pela maldade dos que nela habitam.
35 ကိုယ်တော်သည် သဲကန္တာရကို ရေအိုင်များအဖြစ်သို့လည်းကောင်း၊ ခြောက်သွေ့သောမြေကို စမ်းရေအိုင်များအဖြစ်သို့ လည်းကောင်း ပြောင်းလဲတော်မူခဲ့၏။-
35 Converte o deserto em lagoa, e a terra seca em fontes.
36 ကိုယ်တော်သည် အစာငတ်မွတ်သူတို့ကို ထိုဒေသတွင် နေထိုင်စေခဲ့သဖြင့် သူတို့သည် အခြေချနေထိုင်ရာမြို့ကို တည်ဆောက်ခဲ့ကြ၏။-
36 E faz habitar ali os famintos, para que edifiquem cidade para habitação;
37 သူတို့သည် လယ်ယာစိုက်ပျိုး၍ စပျစ်ခြံများကိုလည်း စိုက်ပျိုးကြကာ အသီးအနှံများစွာရရှိခဲ့ကြ၏။-
37 E semeiam os campos e plantam vinhas, que produzem fruto abundante.
38 ကိုယ်တော်သည် သူတို့ကို ကောင်းချီးပေးတော်မူသောကြောင့် သူတို့၏လူဦးရေသည် များစွာတိုးပွားလာခဲ့၏။ ကိုယ်တော်သည် သူတို့၏သိုးနွားများကိုလည်း လျော့နည်းစေတော်မမူခဲ့ပေ။
38 Também os abençoa, de modo que se multiplicam muito; e o seu gado não diminui.
39 ထို့နောက် သူတို့သည် လူအင်အားလျော့နည်းလာ၍ ဖိစီးနှိပ်စက်မှု၊ ဆင်းရဲဒုက္ခနှင့် ဝမ်းနည်းပူဆွေးမှုတို့ဖြင့် အနှိမ်ခံခဲ့ကြရ၏။-
39 Depois se diminuem e se abatem, pela opressão, e aflição e tristeza.
40 ကိုယ်တော်သည် မင်းညီမင်းသားတို့ကိုစက်ဆုပ်ပြီး သူတို့ကို လမ်းစမရှိသော သဲကန္တာရတွင် လှည့်လည်သွားလာ စေတော်မူခဲ့၏။-
40 Derrama o desprezo sobre os príncipes, e os faz andar desgarrados pelo deserto, onde não há caminho.
41 သို့သော် ကိုယ်တော်သည် ချို့တဲ့သောသူတို့ကို ဆင်းရဲဒုက္ခမှမြှင့်တင်၍ သူတို့၏မိသားစုများကို သိုးအုပ်များသဖွယ် တိုးပွားများပြားစေတော်မူ၏။-
41 Porém livra ao necessitado da opressão, em um lugar alto, e multiplica as famílias como rebanhos.
42 ဖြောင့်မတ်သောသူတို့သည် ဤအမှုအရာကိုမြင်ရ၍ ဝမ်းမြောက်ကြ၏။ ဆိုးယုတ်သောသူတို့မူကား နှုတ်ပိတ်နေကြ၏။-
42 Os retos o verão, e se alegrarão, e toda a iniqüidade tapará a boca.
43 ဉာဏ်ပညာရှိသူတိုင်းသည် ဤအမှုအရာတို့ကို ဆင်ခြင်သတိပြုကြ၍ ထာ၀ရဘုရားသခင်၏ ခိုင်မြဲသောမေတ္တာတော်ကို အောက်မေ့ဆင်ခြင်ကြပါစေ။
43 Quem é sábio observará estas coisas, e eles compreenderão as benignidades do Senhor.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 107, comparar traduções ou montar um estudo — tudo direto pelo WhatsApp.