Salmos 105
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs BKJ
1 ထာ၀ရဘုရားသခင်အား ကျေးဇူးဆပ်တင်၍ နာမတော်ကို ခေါ်တကြလော့။ ကိုယ်တော်ပြုလုပ်တော်မူခဲ့သော အမှုတော် တို့ကို လူမျိုးတကာတို့အလယ်တွင် ထင်ရှားစေကြလော့။-
1 Dai graças ao SENHOR, invocai o seu nome; fazei conhecidos os seus feitos entre os povos.
2 ကိုယ်တော့်ထံသို့ သီဆိုကျူးအေးကြလော့။ ကိုယ်တော့်ထံသို့ ချီးမွမ်းဧကျူးကြလော့။ ကိုယ်တော်၏ အံ့ဖွယ်သောအမှုတော် အပေါင်းတို့ကို ပြောကြားကြလော့။-
2 Cantai-lhe, cantai-lhe salmos; falai de todas as suas obras maravilhosas.
3 ကိုယ်တော်၏ သန့်ရှင်းသောနာမတော်၌ ဂုဏ်ယူကြလော့။ ထာ၀ရဘုရားသခင်ကို ရှာသောသူတို့၏ စိတ်နှလုံးများသည် ရွှင်လန်းကြပါစေ။-
3 Gloriai-vos no seu santo nome; alegre-se o coração daqueles que buscam ao SENHOR.
4 ထာ၀ရဘုရားသခင်နှင့် ကိုယ်တော်၏ ခွန်အားတန်ခိုးတော်ကို မျှော်ကိုးကြလော့။ ကိုယ်တော်၏ ရွှေမျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့။-
4 Buscai ao SENHOR e a sua força; buscai a sua face continuamente.
5 ကိုယ်တော်ပြုလုပ်တော်မူခဲ့သော အံ့ဖွယ်ရာတို့ကိုလည်းကောင်း၊ ကိုယ်တော်၏ တန်ခိုးလက္ခဏာများနှင့် ကိုယ်တော်ချမှတ် တော်မူသော တရားစီရင်ချက်များကိုလည်းကောင်း အောက်မေ့သတိရကြလော့။-
5 Lembrai-vos das obras maravilhosas que ele fez, dos seus prodígios e dos juízos da sua boca;
6 ကိုယ်တော်၏အစေခံ အာဘရာဟံ၏ သားစဉ်မျိုးဆက်တို့၊ ကိုယ်တော်ရွေးချယ်တော်မူခဲ့သော ယာကုပ်၏သားများတို့၊ ထိုအရာများကို အောက်မေ့သတိရကြလော့။
6 Ó vós, semente de Abraão, seu servo, vós, filhos de Jacó, seus escolhidos.
7 ကိုယ်တော်သည် ငါတို့၏အရှင် ထာ၀ရဘုရားသခင်ဖြစ်တော်မူ၍ ကိုယ်တော်၏ တရားစီရင်ချက်တို့သည် ကမ္ဘာတစ်ဝန်းတွင် တည်၏။-
7 Ele é o SENHOR nosso Deus; os seus juízos estão em toda a terra.
8 ကိုယ်တော်သည် မိမိ၏ပဋိညာဉ်တော်ကို အစဉ်အမြဲအောက်မေ့တော်မူ၍ ကိုယ်တော်မိန့်တော်မူခဲ့သည့် စကားကို လူမျိုးဆက်တစ်ထောင်တိုင်အောင် သတိရတော်မူ၏။-
8 Ele lembrou-se do seu pacto para sempre, da palavra que ordenou a milhares de gerações.
9 ကိုယ်တော်သည် အာဘရာဟံနှင့်ပြုခဲ့သော ပဋိညာဉ်တော်ကိုလည်းကောင်း၊ အီဇတ်အား ကျိန်ဆိုတော်မူခဲ့သော ကတိတော် ကိုလည်းကောင်း တည်စေတော်မူ၏။-
9 O qual pacto fez com Abraão, e o seu juramento a Isaque.
10 ကိုယ်တော်သည် ထိုကတိတော်ကို ယာကုပ်အတွက် ပညတ်တရားအဖြစ် အခိုင်အမာပြုလုပ်ခဲ့ပြီး အစ္စရာအဲလ် လူမျိုးအတွက် ထာ၀စဉ်တည်မည့် ပဋိညာဉ်ဖြစ်စေရန် မိန့်တော်မူသည်ကား၊-
10 E confirmou o mesmo a Jacó por uma lei, e a Israel por um pacto eterno,
11 ငါသည် သင့်အား ကာနန်ပြည်ကို သင်အမွေခံရမည့် ဝေစုအဖြစ် ပေးတော်မူမည်ဟူ၍ဖြစ်လေ၏။
11 Dizendo: A ti darei a terra de Canaã, a porção da vossa herança.
12 သူတို့သည် အရေအတွက်အားဖြင့် အလွန်နည်းလှပြီး ထိုနိုင်ငံ၌ သူစိမ်းဧည့်သည်များ ဖြစ်နေချိန်တွင်၊-
12 Quando eles eram poucos homens em número, sim, muito poucos, e estrangeiros nela;
13 တိုင်းပြည်တစ်ခုမှ တစ်ခုသို့လည်းကောင်း၊ နိုင်ငံတစ်ခုမှ အခြားတစ်ခုသို့လည်းကောင်း လှည့်လည်သွားလာခဲ့ကြရ၏။-
13 Quando foram de uma nação a outra, e de um reino para outro povo;
14 သူတို့ကို ဖိနှိပ်ရန် ကိုယ်တော်သည် မည်သူ့ကိုမျှ အခွင့်ပြုတော်မမူခဲ့ပေ။ သူတို့အတွက်ကြောင့် ကိုယ်တော်သည် ဘုရင်များကို ဆုံးမပြစ်တင်၍ မိန့်တော်မူသည်ကား၊-
14 Não permitiu que homem nenhum os oprimisse, sim, ele repreendeu a reis por sua causa;
15 ငါဘိသိက်ပေးထားသော သူများကို မထိကြနှင့်။ ငါ၏ပရောဖက်များကို အန္တရာယ်မပြုကြနှင့် ဟူ၍ဖြစ်သတည်း။
15 Dizendo: Não toqueis nos meus ungidos, e não causeis danos aos meus profetas.
16 ကိုယ်တော်သည် သူတို့၏ပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက်စေပြီး စားနပ်ရိက္ခာများကို ဖြတ်တောက်လေ၏။-
16 Além disso, chamou a fome sobre a terra, quebrantou todo o sustento de pão.
17 ထိုအခါ ကိုယ်တော်သည် ကျွန်အဖြစ်ရောင်းစားခြင်းခံခဲ့ရသော ဂျိုးဇက်ကို သူတို့ရှေ့မှ ကြိုတင်၍ စေလွှတ်တော်မူခဲ့၏။-
17 Enviou um homem perante eles, José, que foi vendido como escravo;
18 ဂျိုးဇက်၏ခြေတို့သည် သံခြေချင်းအခတ်ခံရ၍ သူ၏လည်ပင်းတွင်လည်း သံလည်ပတ်အတပ်ခံခဲ့ရသည်မှာ၊-
18 Cujos pés machucaram com grilhões; foi posto em ferros;
19 သူကြိုတင်ဟောထားသည့်အရာများ ဖြစ်ပျက်လာသည့်တိုင်အောင်ပင်တည်း။ ထို့ကြောင့် ထာ၀ရဘုရားသခင်၏ ဗျာဒိတ်တော်သည် သူ့အားဖြင့် မှန်ကန်ကြောင်း သက်သေပြခဲ့၏။-
19 Até o momento em que veio a sua palavra; a palavra do SENHOR o provou.
20 ဘုရင်သည်လည်း သူ့ကို အကျဉ်းခံရာမှ လွှတ်လေ၏။ လူတို့ကို အစိုးရသောအရှင်သည် သူ့ကို လွတ်မြောက်စေခဲ့၏။-
20 O rei ordenou que o soltassem; o governador dos povos o libertou.
21 ဘုရင်သည် သူ့ကို မိမိ၏အိမ်တော်တွင် အုပ်ချုပ်ကွပ်ကဲသူဖြစ်စေပြီး မိမိပိုင်ဆိုင်သမျှကို စီမံခန့်ခွဲသူအဖြစ် ခန့်ထားခဲ့၏။-
21 Fê-lo senhor da sua casa, e governador de toda a sua riqueza,
22 သူသည် မင်းညီမင်းသားတို့ကို မိမိနှစ်သက်သကဲ့သို့ သွန်သင်ရန်နှင့် သက်ကြီးဝါကြီးတို့အား ဉာဏ်ပညာကို သင်ကြား ပေးရန် စေခိုင်းခြင်းခံခဲ့ရ၏။
22 para sujeitar os seus príncipes ao seu prazer, e ensinar aos seus anciãos a sabedoria.
23 ဤသို့ဖြင့် အစ္စရာအဲလ်လူတို့သည် အီဂျစ်ပြည်သို့ ရောက်လာခဲ့ပြီး ယာကုပ်သည် ဟမ်၏တိုင်းပြည်တွင် ဧည့်သည်အဖြစ် နေထိုင်ခဲ့လေ၏။-
23 Israel também veio ao Egito, e Jacó peregrinou na terra de Cam.
24 ထာ၀ရဘုရားသခင်သည် မိမိ၏လူမျိုးတော်အား တိုးပွားများပြားစေ၍ သူတို့၏ရန်သူများထက် ပို၍အင်အားကြီးမား စေတော်မူ၏။-
24 E ele aumentou o seu povo grandemente, e o fez mais forte do que os seus inimigos.
25 ကိုယ်တော်သည် ရန်သူတို့၏စိတ်နှလုံးကို ပြောင်းလဲစေတော်မူသဖြင့် သူတို့သည် ကိုယ်တော်၏လူမျိုးတော်ကို မုန်းတီး၍ ကိုယ်တော်၏အစေခံတို့ကို ကောက်ကျစ်စွာ ဆက်ဆံကြ၏။
25 Mudou o coração deles para que odiassem o seu povo, para que lidassem sutilmente com os seus servos.
26 ကိုယ်တော်သည် မိမိရွေးကောက်တော်မူသော မိမိ၏အစေခံမိုးဇက်နှင့် အာရွန်တို့ကို စေလွှတ်တော်မူခဲ့၏။-
26 Enviou Moisés, seu servo; e Arão, a quem ele tinha escolhido.
27 သူတို့သည် ကိုယ်တော်၏ နိမိတ်လက္ခဏာများကို ထိုသူတို့အလယ်တွင်ပြကြ၍ ဟမ်၏တိုင်းပြည်၌ ကိုယ်တော်၏ အံ့ဖွယ်တန်ခိုးများကို ဖြစ်ပေါ်စေကြ၏။-
27 Mostraram os seus sinais entre eles, e prodígios na terra de Cam.
28 ကိုယ်တော်သည် အမှောင်ထုကို စေလွှတ်၍ မြေပြင်ကို မှောင်အတိဖြစ်စေတော်မူခဲ့၏။ သို့ရာတွင် သူတို့သည် ကိုယ်တော်၏ အမိန့်တော်ကို ဖီဆန်ခဲ့ကြပါ၏။-
28 Ele enviou trevas, e a fez escurecer; e não foram rebeldes à sua palavra.
29 ကိုယ်တော်သည် သူတို့၏ရေများကို သွေးအဖြစ် ပြောင်းလဲစေခဲ့ခြင်းဖြင့် သူတို့၏ငါးများကို သေကြေပျက်စီး စေတော်မူခဲ့၏။-
29 Ele tornou as suas águas em sangue, e matou os seus peixes.
30 သူတို့၏တိုင်းပြည်ကို ဖားများဖြင့် ပြည့်နှက်စေခဲ့ပြီး သူတို့ဘုရင်များ၏ အခန်းများထဲသို့ပင် ဝင်ရောက်စေခဲ့၏။-
30 A sua terra produziu rãs em abundância, nas câmaras dos seus reis.
31 ကိုယ်တော်အမိန့်တော်ရှိသောအခါ ယင်ရိုင်းအုပ်ကြီးများနှင့်ခြင်တို့သည် သူတို့၏တိုင်းပြည်တစ်ဝန်းလုံးကို ဖုံးလွှမ်းခဲ့ကြ၏။-
31 Ele falou, e vieram vários tipos de moscas, e piolhos em todo seu litoral.
32 ကိုယ်တော်သည် ရေအစား မိုးသီးကိုပေးတော်မူပြီး နိုင်ငံတစ်ဝန်းလုံး လျှပ်စီးလျှပ်နွယ်များဖြင့် ဝင်းလက်စေတော်မူခဲ့၏။-
32 Ele deu-lhes granizo por chuva, e fogo abrasador na sua terra.
33 ကိုယ်တော်သည် သူတို့၏စပျစ်ပင်များနှင့် သဖန်းပင်များကို ပြိုလဲစေတော်မူခဲ့ပြီး သူတို့၏တိုင်းပြည်ရှိ သစ်ပင်များကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်စေတော်မူခဲ့၏။-
33 Feriu as suas vinhas e também as suas figueiras, e quebrou as árvores dos seus litorais.
34 ကိုယ်တော်မိန့်တော်မူသောအခါ မရေမတွက်နိုင်သော ကျိုင်းကောင်များနှင့် နှံကောင်များရောက်လာကြ၍၊-
34 Ele falou e vieram locustas e lagartas sem número.
35 သူတို့၏တိုင်းပြည်ရှိ ဟင်းသီးဟင်းရွက်ပင်များကို ကိုက်ဖြတ်စားသောက်ကြပြီး သူတို့၏မြေပေါ်မှ အသီးအပွင့်တို့ကို ဝါးမျိုကြပါ၏။-
35 E comeram toda a erva da sua terra, e devoraram o fruto do seu solo.
36 ကိုယ်တော်သည် သူတို့၏အင်အားအလုံးစုံ၏ အထွတ်အထိပ်ဖြစ်သော သူတို့၏သားဦးများကို သုတ်သင်တော်မူ၏။
36 Ele também feriu a todos os primogênitos da sua terra, o principal de todas as suas forças.
37 ထို့နောက် ကိုယ်တော်သည် အစ္စရာအဲလ်လူမျိုးကို ရွှေ၊ ငွေတို့နှင့်တကွ ခေါ်ဆောင်တော်မူခဲ့ရာ ကိုယ်တော်၏ လူမျိုးတော်အလယ်တွင် နှောင့်နှေးတွန့်ဆုတ်သောသူ တစ်ယောက်မျှမရှိခဲ့ချေ။-
37 Ele os tirou com prata e ouro, e não houve uma pessoa fraca entre as suas tribos.
38 အီဂျစ်ပြည်သည်လည်း သူတို့ထွက်ခွာသွားကြသောအခါ ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြ၏။ အကြောင်းမူကား သူတို့ကို ကြောက်ရွံ့သောစိတ်သည် အီဂျစ်ပြည်ကို လွှမ်းမိုးခဲ့သောကြောင့်ဖြစ်၏။-
38 O Egito se alegrou quando eles partiram, pois o medo caíra sobre eles.
39 ကိုယ်တော်သည် သူတို့အပေါ်၌ မိုးတိမ်ကိုဖြန့်၍ ကာကွယ်ပေးပြီး ညအချိန်တွင် အလင်းကိုရစေရန် မီးကိုပေးတော်မူ၏။-
39 Ele espalhou uma nuvem por coberta, e um fogo para dar luz à noite.
40 သူတို့တောင်းခံကြသောအခါ ကိုယ်တော်သည် ငုံးများကိုယူဆောင်ခဲ့ပြီး ကောင်းကင်မှမုန့်ကို လုံလောက်စွာ ပေးသနားတော်မူခဲ့၏။-
40 O povo pediu e ele trouxe codornas, e os saciou de pão do céu.
41 ကိုယ်တော်သည် ကျောက်ဆောင်ကို ပွင့်စေတော်မူသဖြင့် ရေသည်ထွက်လာပြီးလျှင် ခြောက်သွေ့သောသဲကန္တာရ၌ မြစ်သဖွယ် စီးဆင်းလေ၏။-
41 Ele abriu a rocha, e as águas saíram; correram pelos lugares secos, como um rio.
42 အကြောင်းမူကား ကိုယ်တော်သည် မိမိ၏အစေခံ အာဘရာဟံအား ပေးတော်မူခဲ့သည့် ကိုယ်တော်၏ သန့်ရှင်းသော ကတိတော်ကို သတိရတော်မူသောကြောင့်တည်း။
42 Pois ele se lembrou da sua santa promessa, e de Abraão, seu servo.
43 ဤသို့ဖြင့် ကိုယ်တော်သည် မိမိ၏လူမျိုးတော်ကို ဝမ်းမြောက်ရွှင်လန်းခြင်းဖြင့်လည်းကောင်း၊ မိမိရွေးကောက် တော်မူသော သူတို့ကို သီဆိုကျူးအေးခြင်းဖြင့်လည်းကောင်း ခေါ်ဆောင်တော်မူခဲ့၏။-
43 E trouxe dali o seu povo com alegria, e os seus escolhidos com regozijo.
44 ကိုယ်တော်သည် သူတို့အား လူမျိုးတကာတို့၏ တိုင်းပြည်များကို ပေးတော်မူ၍ သူတို့သည်လည်း အခြားလူမျိုးတို့ကြိုးစား လုပ်ဆောင်ခဲ့သော အရာတို့၏ အသီးအပွင့်များကို ရယူပိုင်ဆိုင်ခဲ့ကြ၏။-
44 E deu-lhes as terras dos pagãos; e eles herdaram o trabalho dos povos;
45 ဤနည်းဖြင့် သူတို့သည် ကိုယ်တော်၏ကျင့်ဝတ်များနှင့် ပညတ်တရားတို့ကို စောင့်ထိန်းလိုက်နာကြစေရန်ဖြစ်၏။ ထာ၀ရဘုရားသခင်အား ချီးမွမ်းထောမနာပြုကြလော့။
45 para que guardassem os seus estatutos, e guardassem as suas leis. Louvai ao SENHOR.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 105, comparar traduções ou montar um estudo — tudo direto pelo WhatsApp.