Salmos 104

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 အိုငါ့ဝိညာဉ်၊ ထာ၀ရဘုရားသခင်ကို ကောင်းချီးပေးလော့။ အိုအကျွန်ုပ်၏အရှင် ထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် အလွန်ကြီးမြတ်တော်မူပါ၏။ ကိုယ်တော်သည် ဘုန်းအရှိန်အဝါနှင့် ဂုဏ်ကျက်သရေတို့ကို ဆင်မြန်းထားတော်မူပါ၏။-
1 Bendiga, minha alma, o Senhor ! como tu és grandioso! Estás revestido de glória e majestade,
2 ကိုယ်တော်သည် မိမိကိုယ်ကို အလင်းရောင်ဖြင့် ဝတ်ရုံပမာလွှမ်းခြုံထားလျက် ကောင်းကင်တို့ကို ယာယီတဲပမာ ဖြန့်ထားတော်မူ၏။-
2 coberto de luz como de um manto. Tu estendes o céu como uma cortina,
3 ကိုယ်တော်သည် ကိုယ်တော်၏အထက်ခန်းမများမှ ထုပ်တန်းများကို ရေပြင်ပေါ်တွင် တည်ထားတော်မူ၏။ ကိုယ်တော်သည် မိုးတိမ်များကို မိမိ၏မြင်းရထားသဖွယ်ပြုလုပ်၍ လေကိုအတောင်ပံများသဖွယ် စီးတော်မူ၏။-
3 pões nas águas o vigamento da tua morada, tomas as nuvens por carruagem e voas nas asas do vento.
4 ကိုယ်တော်သည် လေကိုမိမိ၏စေတမန်များ အဖြစ်သို့လည်းကောင်း၊ မီးတောက်မီးလျှံများကို မိမိ၏အစေခံတို့ကဲ့သို့ လည်းကောင်း ပြုလုပ်တော်မူ၏။
4 Fazes a teus anjos ventos e a teus ministros, labaredas de fogo.
5 ကိုယ်တော်သည် ကမ္ဘာမြေကြီးကို ၎င်း၏အခြေခံအုတ်မြစ်များအပေါ်တွင် တည်ဆောက်ထား၍ ၎င်းသည် မည်သည့်အခါမျှ ရွေ့ရှားတုန်ခါခြင်းမရှိပေ။-
5 Lançaste os fundamentos da terra, para que ela não se abale em tempo nenhum.
6 ကိုယ်တော်သည် ကမ္ဘာမြေကြီးကို နက်ရှိုင်းသောရေတို့နှင့် ဝတ်ရုံပမာဖုံးလွှမ်းတော်မူ၏။ ရေတို့သည်လည်း တောင်တန်း များအထက်တွင် တည်ရှိကြ၏။-
6 Tomaste o abismo por vestuário e a cobriste; as águas ficaram acima das montanhas.
7 သို့ရာတွင် ကိုယ်တော် ပြစ်တင်ဆုံးမတော်မူသောအခါ ရေတို့သည် ဆုတ်ခွာသွားကြ၏။ ကိုယ်တော်၏ မိုးထစ်ချုန်းသံကြောင့် ယင်းတို့သည် လျင်မြန်စွာ စီးဆင်းသွားကြပါ၏။-
7 Com a tua repreensão, as águas fugiram, com a voz do teu trovão, bateram em retirada.
8 ရေတို့သည် တောင်တန်းများကို ဖြတ်ကျော်စီးဆင်းပြီး သူတို့အတွက် ကိုယ်တော်သတ်မှတ်ပေးထားသည့် နေရာဖြစ်သော ချိုင့်ဝှမ်းများအတွင်းသို့ စီးဝင်သွားကြ၏။-
8 Elevaram-se os montes, desceram os vales, até o lugar que lhes havias preparado.
9 ကိုယ်တော်သည် ရေတို့မဖြတ်ကျော်နိုင်ရန် နယ်နိမိတ်ကိုသတ်မှတ်ခဲ့၏။ သူတို့သည် ကမ္ဘာမြေကြီးကို နောက်တစ်ဖန် မည်သည့်အခါမျှ လွှမ်းမိုးနိုင်တော့မည်မဟုတ်ချေ။
9 Puseste às águas divisa que não ultrapassarão, para que não voltem a cobrir a terra.
10 ကိုယ်တော်သည် ချိုင့်ဝှမ်းများ၌ စမ်းရေတို့ကို စီးထွက်စေတော်မူ၍ ၎င်းတို့သည် တောင်များကြားတွင် စီးဆင်းလေ၏။-
10 Tu fazes rebentar fontes no vale, cujas águas correm entre os montes;
11 ၎င်းတို့သည် လယ်ပြင်ရှိသားရဲတိရစ္ဆာန်အပေါင်းအား သောက်စရာရေကိုပေး၍ မြည်းရိုင်းတို့သည် ရေငတ်ပြေကြရ၏။-
11 dão de beber a todos os animais do campo; os jumentos selvagens matam a sua sede.
12 လေထဲရှိ ကျေးငှက်တို့သည် ရေများအနီးတွင် အသိုက်ပြုလုပ်ကြပြီး သစ်ကိုင်းများအလယ်တွင် သီဆိုကျူးရင့်ကြ၏။-
12 Junto delas as aves do céu têm o seu pouso e, por entre a ramagem, elas se põem a cantar.
13 ကိုယ်တော်သည် အထက်ခန်းမများမှတောင်များကို ရေဖြင့်သွန်းလောင်းတော်မူ၍ ကမ္ဘာမြေကြီးသည်လည်း ကိုယ်တော့်လက်ရာတော်၏ အကျိုးဆက်အားဖြင့် အားရကျေနပ်လျက်ရှိ၏။
13 Do alto de tua morada, regas os montes; a terra farta-se do fruto de tuas obras.
14 ကိုယ်တော်သည် တိရစ္ဆာန်များအတွက် မြက်ပင်တို့ကိုလည်းကောင်း၊ လူတို့စိုက်ပျိုးရန်အတွက် ဟင်းသီးဟင်းရွက်တို့ကို လည်းကောင်း ဖန်ဆင်း၍ ကမ္ဘာမြေကြီးမှ အစားအစာဖြစ်ပေါ်လာစေပြီး၊-
14 Fazes crescer a relva para os animais e as plantas que o ser humano cultiva, para que da terra tire o seu alimento:
15 လူ၏စိတ်နှလုံးကို ပျော်ရွှင်ကြည်နူးစေမည့် စပျစ်ရည်ကိုလည်းကောင်း၊ လူ၏မျက်နှာကို တောက်ပစေသည့် ဆီကိုလည်းကောင်း၊ လူ၏နှလုံးကိုခွန်အားဖြစ်စေသည့် အစားအစာကိုလည်းကောင်း ဖြစ်ထွန်းစေတော်မူ၏။-
15 o vinho, que alegra o coração, o azeite, que lhe dá brilho ao rosto, e o pão, que lhe sustém as forças.
16 ထာ၀ရဘုရားသခင်၏သစ်ပင်များ၊ ကိုယ်တော်စိုက်ပျိုးထားသည့် လေဘနွန်မှ ထင်ရှူးမွှေးပင်များသည် ရေ၀စွာ သောက်ကြရ၏။-
16 São saciadas as árvores do e os cedros do Líbano que ele plantou,
17 ထိုအပင်တို့တွင် ကျေးငှက်တို့သည် အသိုက်များပြုလုပ်ကြ၍ ငှက်ကျားသည်လည်း ၎င်း၏အသိုက်ရှိလေ၏။-
17 em que as aves fazem os seus ninhos; quanto à cegonha, a sua casa é nos ciprestes.
18 မြင့်သောတောင်တန်းများကို တောဆိတ်တို့က ပိုင်ဆိုင်ကြ၏။ မတ်စောက်သော ကျောက်ဆောင်တို့မှာလည်း ယုန်တို့အတွက် ခိုလှုံရာဖြစ်ကြ၏။-
18 Os altos montes são das cabras-monteses, e as rochas, o refúgio dos arganazes.
19 ကိုယ်တော်သည် ကာလရာသီတို့ကို သတ်မှတ်ပေးရန် လကိုဖန်ဆင်း၍ နေသည်လည်း မည်သည့်အချိန်တွင် ဝင်ရမည်ကိုသိလေ၏။-
19 Fez a lua para marcar o tempo; o sol conhece a hora de se pôr.
20 ကိုယ်တော်သည် မှောင်မိုက်ခြင်းကို ယူဆောင်လာသောအခါ ညဖြစ်ပေါ်လာ၍ တောထဲမှ သားရဲတိရစ္ဆာန်အပေါင်းတို့ သည်လည်း ထိုအချိန်တွင် လှည့်လှည်သွားလာကြလေ၏။-
20 Envias as trevas e vem a noite, na qual vagueiam os animais da selva.
21 ခြင်္သေ့ပျိုတို့သည် မိမိတို့၏ သားကောင်အတွက် ဟိန်းဟောက်ကြလျက် ဘုရားသခင်ထံမှ မိမိတို့၏ အစားအစာကို တောင်းခံကြ၏။-
21 Os leõezinhos rugem pela presa e buscam de Deus o sustento;
22 နေထွက်လာသောအခါ သူတို့သည် ဆုတ်ခွာသွားကြ၍ မိမိတို့၏တွင်းများသို့ ပြန်ကာလဲလျောင်းကြလေ၏။-
22 em vindo o sol, eles se recolhem e se acomodam nos seus covis.
23 ထိုအခါ လူသည် မိမိ၏လုပ်ငန်းခွင်သို့ထွက်သွား၍ ညနေခင်းတိုင်အောင် လုပ်ဆောင်လေ၏။
23 Então as pessoas saem para o seu trabalho e para o seu serviço até a tarde.
24 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ လက်ရာတော်တို့သည် များပြားလှပါ၏။ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကို ဉာဏ်ပညာတော်အားဖြင့် ဖန်ဆင်းထားတော်မူပါ၏။ ကမ္ဘာမြေကြီးသည် ကိုယ်တော်ဖန်ဆင်းထားသော သတ္တဝါများဖြင့် ပြည့်နှက်လျက်ရှိ၏။-
24 Que variedade, Senhor , nas tuas obras! Fizeste todas elas com sabedoria; a terra está cheia das tuas riquezas.
25 မရေမတွက်နိုင်အောင်များပြားသည့် သက်ရှိသတ္တဝါကြီးငယ်တို့ဖြင့် ပြည့်နှက်နေသော ကြီးမားကျယ်ဝန်းသည့် ပင်လယ်ပြင်ရှိပါ၏။-
25 Eis o mar vasto, imenso, no qual se movem seres sem conta, animais pequenos e grandes.
26 ထိုနေရာ၌ သင်္ဘောများဖြတ်သန်းသွားလာကြပြီး ရေတွင်ခုန်ပေါက်မြူးထူးရန် ကိုယ်တော်ဖန်ဆင်းထားသည့် လေဗိယသန်ခေါ် ငါးကြီးများလည်း ရှိလေ၏။
26 Por ele transitam os navios e o Leviatã que formaste para nele brincar.
27 ထိုသတ္တဝါအပေါင်းတို့သည် အချိန်တန်လျှင် အစာကျွေးတော်မူစေခြင်းငှာ ကိုယ်တော့်ကို မျှော်ကြည့်ကြပါ၏။-
27 Todos esperam de ti que lhes dês de comer a seu tempo.
28 ကိုယ်တော်သည် သူတို့အား အစာကိုပေးတော်မူသောအခါ သူတို့သည် စုသိမ်းကြပါ၏။ ကိုယ်တော်သည် လက်တော်ကို ဖွင့်တော်မူသောအခါ သူတို့သည် ကောင်းသောအရာတို့ဖြင့် ပြည့်၀ကြပါ၏။-
28 Se lhes dás, eles o recolhem; se abres a mão, eles se fartam de bens.
29 ကိုယ်တော်သည် မျက်နှာတော်ကို လွှဲဖယ်တော်မူသောအခါ သူတို့သည် ကြောက်ရွံ့ကြပါ၏။ သူတို့၏အသက်ကို ကိုယ်တော်ရုပ်သိမ်းတော်မူသောအခါ သူတို့သည် သေကြ၍ မြေမှုန့်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားကြပါ၏။-
29 Se escondes o rosto, eles se perturbam; se lhes cortas a respiração, morrem e voltam ao pó.
30 ကိုယ်တော်သည် ဝိညာဉ်တော်ကို စေလွှတ်တော်မူသောအခါ သူတို့သည် ဖန်ဆင်းခြင်းခံကြရပါ၏။ ကိုယ်တော်သည် မြေမျက်နှာပြင်ကို အသစ်ပြုပြင်တော်မူ၏။
30 Envias o teu Espírito, eles são criados, e assim renovas a face da terra.
31 ထာ၀ရဘုရားသခင်၏ ဘုန်းတော်ဂုဏ်တော်သည် ကာလအစဉ်အဆက်တည်မြဲပါစေ။ ထာ၀ရဘုရားသခင်သည် မိမိ၏လက်ရာတော်များကြောင့် ရွှင်လန်းဝမ်းမြောက်တော်မူပါစေ။-
31 Que a glória do Senhor dure para sempre! Exulte o
32 ကိုယ်တော်သည် ကမ္ဘာမြေကြီးကို ကြည့်တော်မူသောအခါ ယင်းသည် တုန်လှုပ်ပါ၏။ တောင်တန်းများကို တို့ထိတော်မူသောအခါ ယင်းတို့သည် မီးခိုးထွက်ကြပါ၏။-
32 Com só olhar para a terra, ele a faz tremer; toca as montanhas, e elas fumegam.
33 ငါအသက်ရှင်သရွေ့ ထာ၀ရဘုရားသခင်ကို သီဆိုကျူးအေးမည်။ ငါလူဖြစ်စဉ်အခိုက် ငါ၏ဘုရားသခင်ကို သီဆိုချီးမွမ်းမည်။-
33 Cantarei ao Senhor enquanto eu viver; cantarei louvores ao meu Deus durante a minha vida.
34 ငါ၏ကမ္မဋ္ဌာန်းရှုမှတ်ခြင်းသည် ကိုယ်တော့်အတွက် နှစ်သက်ဖွယ်ဖြစ်ပါစေ။ အကြောင်းမူကား ငါသည် ထာ၀ရ ဘုရားသခင်၌ ရွှင်လန်းဝမ်းမြောက်ပါ၏။-
34 Seja-lhe agradável a minha meditação; eu me alegrarei no
35 အပြစ်ကျူးလွန်သူတို့သည် ကမ္ဘာမြေကြီးမှ ပျောက်ကွယ်သွားကြပါစေ။ ဆိုးယုတ်သူတို့သည်လည်း ဆက်လက်၍ မတည်ရှိကြပါစေနှင့်။ အိုငါ့ဝိညာဉ်၊ ထာ၀ရဘုရားသခင်ကို ကောင်းချီးပေးလော့။ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာ ပြုလော့။
35 Desapareçam da terra os pecadores, e que os perversos deixem de existir. Bendiga, minha alma, o Aleluia!

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 104, comparar traduções ou montar um estudo — tudo direto pelo WhatsApp.