Salmos 103
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI
1 အိုငါ့ဝိညာဉ်၊ ထာ၀ရဘုရားသခင်ကို ကောင်းချီးပေးလော့။ ငါ၏အတွင်း၌ရှိသမျှတို့၊ ကိုယ်တော်၏ သန့်ရှင်းသော နာမတော်ကို ချီးမွမ်းကြလော့။-
1 Bendiga ao Senhor a minha alma! Bendiga ao Senhor todo o meu ser!
2 အိုငါ့ဝိညာဉ်၊ ထာ၀ရဘုရားသခင်ကို ကောင်းချီးပေးလော့။ ကိုယ်တော်၏ ကျေးဇူးတော် အပေါင်းကို မမေ့လျော့လေနှင့်။-
2 Bendiga ao Senhor a minha alma! Não esqueça de nenhuma de suas bênçãos!
3 ကိုယ်တော်သည် သင်၏အပြစ်ဒုစရိုက်များကို ခွင့်လွှတ်၍ သင်၏အနာရောဂါအားလုံးကို ပျောက်ကင်းစေတော်မူ၏။-
3 É ele que perdoa todos os seus pecados e cura todas as suas doenças,
4 ကိုယ်တော်သည် သင်၏အသက်ကို အသူတစ်ရာနက်သော တွင်းကြီးထဲမှ ကယ်နုတ်၍ ခိုင်မြဲသောမေတ္တာ ကရုဏာတော်ဖြင့် သင့်ကို ချီးမြှင့်တော်မူပြီ။-
4 que resgata a sua vida da sepultura e o coroa de bondade e compaixão,
5 ကိုယ်တော်သည် သင်အသက်ရှင်သမျှ ကာလပတ်လုံး သင်၏အလိုဆန္ဒတို့ကို ကောင်းသောအရာတို့ဖြင့် အားရကျေနပ် စေတော်မူသောကြောင့် သင်၏ငယ်ရွယ်နုပျိုခြင်းသည် လင်းယုန်ငှက်ကဲ့သို့ လျင်မြန်ဖျတ်လတ်လာလေ၏။
5 que enche de bens a sua existência, de modo que a sua juventude se renova como a águia.
6 ထာ၀ရဘုရားသခင်သည် ဖိနှိပ်ခြင်းခံရသူအပေါင်းတို့အတွက် ဖြောင့်မတ်မှန်ကန်သော တရားစီရင်ခြင်းကို ပြုတော်မူ၏။-
6 O Senhor faz justiça e defende a causa dos oprimidos.
7 ကိုယ်တော်သည် မိမိ၏တရားလမ်းတော်တို့ကို မိုးဇက်အားလည်းကောင်း၊ အံ့ဖွယ်သောအမှုတော်တို့ကို အစ္စရာအဲလ်လူမျိုး တို့အားလည်းကောင်း ဖော်ပြတော်မူ၏။-
7 Ele manifestou os seus caminhos a Moisés, os seus feitos aos israelitas.
8 ထာ၀ရဘုရားသခင်သည် သနားကြင်နာတော်မူ၍ ကျေးဇူးပြုတော်မူ၏။ ကိုယ်တော်သည် စိတ်ရှည်သည်းခံ၍ မေတ္တာတရားနှင့် ပြည့်၀သောအရှင်ဖြစ်တော်မူ၏။-
8 O Senhor é compassivo e misericordioso, mui paciente e cheio de amor.
9 ကိုယ်တော်သည် အစဉ်အမြဲစွပ်စွဲပြစ်တင် တော်မူလိမ့်မည်မဟုတ်။ မိမိ၏အမျက်တော်ကိုလည်း အစဉ်ထာ၀ရ သင့်စေတော်မူလိမ့်မည်မဟုတ်။-
9 Não acusa sem cessar nem fica ressentido para sempre;
10 ကိုယ်တော်သည် ငါတို့ခံထိုက်သည့် အပြစ်ဒဏ်နှင့်အညီ စီရင်တော်မမူ။ ငါတို့၏အမှားများနှင့်အညီ ဒဏ်ခတ်တော်မမူပေ။-
10 não nos trata conforme os nossos pecados nem nos retribui conforme as nossas iniqüidades.
11 အကြောင်းမူကား ကောင်းကင်တို့သည် ကမ္ဘာမြေကြီးအထက်တွင် မြင့်မားသည်နှင့်အမျှ ကိုယ်တော့်ကို ကြောက်ရွံ့သူတို့ အပေါ်၌ထားရှိသည့် ကိုယ်တော်၏ မေတ္တာတော်သည် ကြီးမားတော်မူ၏။-
11 Pois como os céus se elevam acima da terra, assim é grande o seu amor para com os que o temem;
12 အရှေ့အရပ်သည် အနောက်အရပ်နှင့် ဝေးကွာသကဲ့သို့ ကိုယ်တော်သည် အကျွန်ုပ်တို့၏ ပြစ်မှားမှုများကို အကျွန်ုပ်တို့ထံမှ ဝေးကွာစေတော်မူ၏။-
12 e como o Oriente está longe do Ocidente, assim ele afasta para longe de nós as nossas transgressões.
13 ဖခင်သည် မိမိ၏သားသမီးများအပေါ် သနားကရုဏာသက်သကဲ့သို့ ကိုယ်တော်သည် မိမိအား ကြောက်ရွံ့သောသူတို့အပေါ် သနားကရုဏာသက်တော်မူ၏။-
13 Como um pai tem compaixão de seus filhos, assim o Senhor tem compaixão dos que o temem;
14 အကြောင်းမူကား ကိုယ်တော်သည် ငါတို့၏ကိုယ်ခန္ဓာတည်ဆောက်ပုံကိုသိရှိ၍ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို သတိရတော်မူ၏။
14 pois ele sabe do que somos formados; lembra-se de que somos pó.
15 လူတစ်ဦးအတွက်မူကား သူ၏နေ့ရက်များသည် မြက်ပင်ကဲ့သို့ဖြစ်၍ သူသည် လယ်ကွင်းပြင်ရှိ ပန်းရိုင်းကဲ့သို့ ရှင်သန်ပွင့်လန်း၏။-
15 A vida do homem é semelhante à relva; ele floresce como a flor do campo,
16 သို့သော် ၎င်းကို လေတိုက်သောအခါ ပန်းပွင့်သည် ကြွေပျက်သွား၍ ထိုပန်းပွင့်ကို ၎င်း၏နေရာကပင် မသိတော့ချေ။-
16 que se vai quando sopra o vento e nem se sabe mais o lugar que ocupava.
17 သို့ရာတွင် ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့သောသူတို့အပေါ်၌ ထားရှိသော ကိုယ်တော်၏ မေတ္တာတော်မူကား အစဉ်ထာ၀ရ တည်ရှိတော်မူ၏။ ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်းသည်လည်း၊-
17 Mas o amor leal do Senhor, o seu amor eterno está com os que o temem, e a sua justiça com os filhos dos seus filhos,
18 ပဋိညာဉ်တော်ကို လိုက်နာစောင့်ထိန်း၍ ကိုယ်တော်၏ ပညတ်တော်တို့ကို နာခံရန် သတိရသော သူတို့၏ သားစဉ်မျိုးဆက်တို့နှင့်အတူ တည်ရှိတော်မူလိမ့်မည်။
18 com os que guardam a sua aliança e se lembram de obedecer aos seus preceitos.
19 ထာ၀ရဘုရားသခင်သည် ကောင်းကင်တွင် မိမိ၏ရာဇပလ္လင်ကိုတည်ထောင်၍ ကိုယ်တော်၏ နိုင်ငံတော်သည် အရာခပ်သိမ်းတို့ကို အုပ်စိုးတော်မူ၏။-
19 O Senhor estabeleceu o seu trono nos céus, e como rei domina sobre tudo o que existe.
20 အသင် ကောင်းကင်တမန်တော်အပေါင်းတို့၊ နှုတ်တော်ထွက်စကား၏ အသံကိုနာခံလျက် အမိန့်တော်အတိုင်းဆောင် ရွက်ကြသော အသင်ခွန်အားကြီးသူတို့၊ ထာ၀ရဘုရားသခင်ကို ကောင်းချီးပေးကြလော့။-
20 Bendigam ao Senhor, vocês, seus anjos poderosos, que obedecem à sua palavra.
21 အိုကောင်းကင်ဗိုလ် ခြေအပေါင်းတို့၊ ကိုယ်တော်၏အလိုတော်ကို လိုက်နာဆောင်ရွက်သော အမှုတော်ဆောင်တို့၊ ထာ၀ရဘုရားသခင်ကို ကောင်းချီးပေးကြလော့။-
21 Bendigam ao Senhor, todos os seus exércitos, vocês, seus servos, que cumprem a sua vontade.
22 ကိုယ်တော်ပြုလုပ်တော်မူသော အရာအပေါင်းတို့၊ ကိုယ်တော်၏အာဏာစက်အောက် နေရာတိုင်းတွင် ထာ၀ရဘုရားသခင်ကို ကောင်းချီးပေးကြလော့။ အိုငါ့ဝိညာဉ်၊ ထာ၀ရဘုရားသခင်ကို ကောင်းချီးပေးလော့။
22 Bendigam ao Senhor, todas as suas obras em todos os lugares do seu domínio. Bendiga ao Senhor a minha alma!
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 103, comparar traduções ou montar um estudo — tudo direto pelo WhatsApp.