Salmos 102

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ကူညီမစတော်မူပါရန် တောင်းလျှောက်သော အကျွန်ုပ်၏ ငိုကြွေးသံသည် ကိုယ်တော်၏အထံတော်သို့ ရောက်ပါစေ။-
1 S enhor , ouve minha oração, escuta minha súplica!
2 အကျွန်ုပ် ဒုက္ခရောက်ချိန်၌ ကိုယ်တော်၏မျက်နှာတော်ကို အကျွန်ုပ် ထံမှ လွှဲဖယ်တော်မမူပါနှင့်။ ကိုယ်တော်၏ရွှေနားတော် ကို အကျွန်ုပ်ဆီသို့လှည့်တော်မူပါ။ အကျွန်ုပ်ခေါ်တသော အခါ အလျင်အမြန်ထူးတော်မူပါ။
2 Não escondas de mim o rosto na hora de minha aflição. Inclina-te para ouvir e responde-me depressa quando clamo a ti.
3 အကြောင်းမူကား အကျွန်ုပ်၏နေ့ရက်များသည် မီးခိုးကဲ့သို့ လွင့်ပျောက်သွားပြီး အကျွန်ုပ်၏အရိုးများသည်လည်း ရဲရဲတောက်နေသော မီးကျီးခဲများကဲ့သို့ တောက်လောင်ကြပါ၏။-
3 Pois meus dias somem como fumaça; como brasas ardentes, meus ossos queimam.
4 အကျွန်ုပ်၏နှလုံးသည် ညှိုးနွမ်း၍ မြက်ပင်ကဲ့သို့ခြောက်သွေ့နေပါ၏။ အကျွန်ုပ်သည် အစာစားရန်ပင် မေ့လျော့လျက်ရှိပါ၏။-
4 Meu coração está esgotado, secou-se como capim; até perdi o apetite.
5 အကျွန်ုပ်သည် ကျယ်လောင်စွာ ညည်းတွားရသောကြောင့် အရိုးနှင့်အရေသာကျန်ပါတော့သည်။-
5 Por causa de minha ansiedade, não passo de pele e osso.
6 အကျွန်ုပ်သည် ကန္တာရငှက်ကဲ့သို့လည်းကောင်း၊ အပျက်အစီးများအလယ်ရှိ ဇီးကွက်ကဲ့သို့လည်းကောင်းဖြစ်ပါ၏။-
6 Sou como a coruja no deserto, como a pequena coruja num lugar desolado.
7 အကျွန်ုပ်သည် အိပ်မပျော်ဘဲ နိုးကြားနေ၍ အိမ်ခေါင်မိုးပေါ်ရှိ အထီးကျန်သောငှက်ကဲ့သို့ ဖြစ်နေပါ၏။-
7 Não consigo dormir; sou como o pássaro solitário no telhado.
8 အကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်ကို တစ်နေ့လုံး ကဲ့ရဲ့စော်ကားကြပါ၏။ အကျွန်ုပ်ကို ဆဲရေးတိုင်းထွာသူတို့သည် အကျွန်ုပ်၏အမည်ကိုသုံး၍ ကျိန်ဆိုကြပါ၏။-
8 Todos os dias meus inimigos me insultam; zombam de mim e me amaldiçoam.
9 အကြောင်းမူကား အကျွန်ုပ်သည် ပြာကိုပေါင်မုန့်အဖြစ် စားရပါ၏။ အကျွန်ုပ်၏သောက်စရာကိုလည်း မျက်ရည်များဖြင့် ရောစပ်ရပါ၏။-
9 As cinzas são meu alimento, e as lágrimas se misturam com minha bebida,
10 ကိုယ်တော်၏ ပြင်းထန်သော အမျက်တော်ကြောင့် ဤသို့ဖြစ်ရပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို ချီးမြှောက်ပြီးမှ ဘေးသို့ပစ်ချခဲ့လေပြီ။-
10 por causa de tua ira e de tua fúria, pois me levantaste e depois me lançaste fora.
11 အကျွန်ုပ်၏နေ့ရက်များသည် ညနေ၏မှောင်ရိပ်ကဲ့သို့ဖြစ်၍ အကျွန်ုပ်သည် မြက်ပင်ကဲ့သို့ ညှိုးခြောက်သွားပါ၏။
11 Minha vida passa rápido, como as sombras que se vão; vou murchando, como o capim.
12 သို့သော် အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် ရာဇပလ္လင်ပေါ်တွင် ထာ၀စဉ်စံမြန်းတော်မူပါ၏။ လူမျိုးအဆက်ဆက် တို့တွင် ကိုယ်တော်၏နာမတော်သည် တည်မြဲတော်မူပါ၏။-
12 Tu, porém, S enhor , reinarás para sempre; teu nome será lembrado por todas as gerações.
13 ကိုယ်တော်သည် ကြွလာ၍ ဇီအွန်မြို့ပေါ်တွင် ကရုဏာသက်တော်မူလိမ့်မည်။ သူမကို ကျေးဇူးပြုရန် အချိန်တန်ပေပြီ။ သတ်မှတ်ထားသောအချိန် ဆိုက်ရောက်လာလေပြီ။-
13 Tu te levantarás e terás misericórdia de Sião; já é tempo de lhe mostrar compaixão, este é o momento esperado.
14 အကြောင်းမူကား ကိုယ်တော်၏အစေခံများသည် ထိုမြို့၏ကျောက်တုံးများကို မြတ်နိုးကြလျက် ထိုမြို့၏မြေမှုန့်များကိုပင် သနားကြင်နာစိတ်ဖြစ်ကြပါ၏။-
14 Pois teus servos amam cada pedra de seus muros e estimam até mesmo o pó em suas ruas.
15 လူမျိုးအပေါင်းတို့သည် ထာ၀ရဘုရားသခင်၏ နာမတော်ကို ကြောက်ရွံ့ရိုသေကြလိမ့်မည်။ မြေကြီးပေါ်ရှိ ဘုရင်အပေါင်း တို့သည်လည်း ကိုယ်တော်၏ ဘုန်းဂုဏ်တော်ကို ကြည်ညိုလေးစားကြလိမ့်မည်။-
15 As nações temerão o nome do S enhor , os reis da terra estremecerão diante de sua glória.
16 အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ဇီအွန်မြို့ကို တည်ဆောက်၍ မိမိ၏ဘုန်းဂုဏ်တော်နှင့် ထွက်ပေါ်လာ တော်မူလိမ့်မည်။-
16 Pois o S enhor reconstruirá Sião; ele aparecerá em sua glória.
17 ကိုယ်တော်သည် ခိုကိုးရာမဲ့သူတို့၏ ဆုတောင်းသံကို တုံ့ပြန်တော်မူလိမ့်မည်။ ကိုယ်တော်သည် သူတို့၏ အသနားခံ တောင်းလျှောက်ချက်ကို ငြင်းပယ်တော်မူလိမ့်မည်မဟုတ်။
17 Ouvirá as orações dos indefesos e não rejeitará suas súplicas.
18 ဤအကြောင်းအရာကို နောင်လာမည့်လူမျိုးဆက်အတွက် ရေးသားမှတ်တမ်းတင်ထားပါစေ။ သို့မှသာ မွေးဖွားခြင်း မခံရသေးသော သူတို့သည် ထာ၀ရဘုရားသခင်ကို ချီးမွမ်းကြပေလိမ့်မည်။-
18 Fique isto registrado para as gerações futuras, para que um povo ainda não criado louve o S
19 ထာ၀ရဘုရားသခင်သည် မြင့်သောအရပ်ရှိ မိမိ၏သန့်ရှင်းရာဌာနမှ အောက်သို့ငုံ့ကြည့်တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်မှ ကမ္ဘာမြေကြီးကို ရှုမြင်သုံးသပ်တော်မူ၏။-
19 Contem-lhes que o S enhor olhou para baixo, de seu santuário celeste. Do alto olhou para a terra,
20 ကိုယ်တော်သည် အကျဉ်းသားတို့၏ ညည်းတွားသံကိုကြားရန်နှင့် သေဒဏ်စီရင်ခြင်းခံရသောသူတို့ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးရန်အတွက်ဖြစ်၏။-
20 para ouvir o gemido dos prisioneiros, para libertar os condenados à morte.
21 ဤသို့ဖြင့် လူတို့သည် ဇီအွန်မြို့တွင် ထာ၀ရဘုရားသခင်၏နာမတော်ကို ကြေညာကြ၍ ဂျေရုဆလင်မြို့တွင် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြု ကြလိမ့်မည်။-
21 Assim, o nome do S enhor será proclamado em Sião, seu louvor, em Jerusalém,
22 လူမျိုးတကာတို့နှင့် တိုင်းနိုင်ငံအပေါင်းတို့သည် ထာ၀ရဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် စုရုံးကြလိမ့်မည်။
22 quando os povos se reunirem e os reinos vierem para servir ao S
23 အကျွန်ုပ်၏ အသက်တာလမ်းခရီးတွင် ကိုယ်တော်သည် အကျွန်ုပ်ကို ခွန်အားလျော့နည်းစေပြီး အကျွန်ုပ်၏နေ့ရက်များကို တိုတောင်းစေတော်မူခဲ့ပြီ။-
23 No meio de minha vida, ele me tirou as forças e me encurtou os dias.
24 သို့ဖြစ်၍ ငါဆိုသည်မှာ အိုအကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကို ဘ၀လမ်းခရီးတစ်ဝက်မှ ခေါ်သွားတော်မမူပါနှင့်။ ကိုယ်တော်၏နှစ်ကာလများသည်ကား လူမျိုးအဆက်ဆက်တို့တွင် အစဉ်တည်ရှိတော်မူပါ၏။
24 Mas eu clamei a ele: “Ó meu Deus, que vive para sempre, não tires minha vida enquanto ainda sou jovem!”.
25 ရှေးအခါက ကိုယ်တော်သည် ကမ္ဘာမြေကြီး၏ အခြေခံအုတ်မြစ်ကို ချတော်မူခဲ့ပါ၏။ ကောင်းကင်တို့သည်လည်း ကိုယ်တော်၏ လက်ရာတော်များ ဖြစ်ကြပါ၏။-
25 Muito tempo atrás, lançaste os fundamentos da terra e com as tuas mãos formaste os céus.
26 ထိုအရာတို့သည် ပျက်စီးကြပါလိမ့်မည်။ ကိုယ်တော်မူကား တည်မြဲတော်မူ၏။ ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းသွားကြပါလိမ့်မည်။ ကိုယ်တော်သည် ဝတ်ရုံကိုလဲသကဲ့သို့ ထိုအရာတို့ကို ပြောင်းလဲစေတော်မူသဖြင့် ယင်းတို့သည် ပျောက်ကွယ်သွားကြရ၏။-
26 Eles deixarão de existir, mas tu permanecerás para sempre; eles se desgastarão, como roupa velha. Tu os trocarás, como se fossem vestuário, e os jogarás fora.
27 ကိုယ်တော်မူကား ပြောင်းလဲတော်မမူချေ။ ကိုယ်တော်၏ နှစ်ကာလများသည်လည်း မည်သည့်အခါ မျှကုန်ဆုံးလိမ့်မည် မဟုတ်။-
27 Tu, porém, és sempre o mesmo; teus dias jamais terão fim.
28 ကိုယ်တော့်အစေခံများ၏ သားသမီးတို့သည် ဘေးကင်းလုံခြုံစွာနေထိုင်ကြရပြီး သူတို့၏သားစဉ်မြေးဆက်သည်လည်း ကိုယ်တော်၏ ရှေ့တော်၌ အစဉ်အမြဲတည်ရှိကြပါလိမ့်မည်။
28 Os filhos de teus servos viverão em segurança, e seus descendentes prosperarão em tua presença.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 102, comparar traduções ou montar um estudo — tudo direto pelo WhatsApp.