Romanos 8

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs AAI

Sair da comparação
AAI TUR GEWASIN O BAIBASIT BOUBUN
1 ထို့ကြောင့် ယခုအခါတွင် ယေဇူးခရစ်တော်၌ ရှိသောသူတို့အတွက် အပြစ်ဒဏ်စီရင်ခြင်းမရှိချေ။-
1 Isanimih boun sabuw iyabowat Keriso Jesu wanawananamaim hikofan tema’am boro men hinakusairihimih.
2 အကြောင်းမူကား ယေဇူးခရစ်တော်၌ရှိနေသော အသက်ပေးသည့်ဝိညာဉ်တော်၏ ပညတ်တရားသည် ငါ့ကိုအပြစ်နှင့် သေခြင်း၏ လက်အောက်မှ လွတ်မြောက်စေခဲ့သောကြောင့်ဖြစ်၏။-
2 Anayabin God Anunin ana fairamaim Keriso Jesu wanawananamaim yawas ebitit, i ayu bowabow kakafin ana fairane naatu morob ana fairane rufamu atit.
3 အကြောင်းမူကား ဘုရားသခင်သည် လူ့သွေးသားအလို၏ အားနည်းမှုကြောင့် ပညတ်တရားက မတတ်နိုင်သောအရာကို လုပ်ဆောင်ပေးတော်မူ၏။ ထိုအရာကား ကိုယ်တော်သည် အပြစ်ကို စီရင်ရန် မိမိသားတော်ကို အပြစ်ရှိသောသွေးသား၏ပုံပန်း သဏ္ဌာန်ဖြင့် စေလွှတ်တော်မူ၍ လူ့သွေးသားအတွင်း၌ ရှိနေသောအပြစ်မကောင်းမှုကို ဒဏ်ခတ်ဖျက်ဆီးတော် မူခြင်းပင်ဖြစ်၏။-
3 Ofafar men karam tasinaf, anayabin it biyat ana kakafinamaim iwa’an ofafar ririm. Baise God sinaf, taiyuwin Natun Ta’imon iyun ra’iy orot biyan kakafin bai iyaun, naatu bowabow kakafin ana siboromih matar. Naatu bowabow kakafih orot babin wanawanahimaim etei kusaisiren.
4 ဤသို့ဖြင့် လူ့သွေးသားအလိုအတိုင်း မဟုတ်ဘဲ ဝိညာဉ်တော်၏အလိုတော်အတိုင်း ကျင့်ကြံလျှောက်လှမ်းကြသော ငါတို့၌ ပညတ်တရား၏ မျှတသောပြဋ္ဌာန်းချက်များ ပြည့်စုံလာစေရန်ဖြစ်၏။-
4 God iti bowabow sinaf, saise ofafar ana tur eo’o i hinan wanawanatamaim hinamatar, men biyat ana kokomaim tanama, baise Ayubin ana kokomaim tanama.
5 သွေးသားအလိုအတိုင်း အသက်ရှင်သောသူတို့သည် သွေးသားနှင့်ဆိုင်သော အရာတို့ကို စိတ်စွဲလမ်းခြင်းရှိကြ၏။ သို့သော် ဝိညာဉ်တော်၏ အလိုအတိုင်း အသက်ရှင်သော သူတို့မူကား ဝိညာဉ်တော်နှင့်ဆိုင်သော အရာများကို စိတ်စွဲလမ်းခြင်းရှိကြ၏။-
5 Sabuw iyab biyah ana naniyanamaim tema’am hai naniyan tutufin etei i nati’imaim ebobonawiyih. Baise sabuw iyab Anun Kakafiyin ana kokomaim tema’am, hai not tutufin etei Anun ana kokomaim tesisinaf.
6 သွေးသားအလိုကို စိတ်စွဲလမ်းခြင်းသည် သေခြင်းတရားဖြစ်၏။ ဝိညာဉ်တော်ကို စိတ်စွဲလမ်းခြင်းသည်ကား အသက်ရှင်ခြင်းနှင့် ငြိမ်းချမ်းခြင်းဖြစ်၏။-
6 Turobe orot babin ana notamaim nabobonawiyi boro morob wan inayen. Baise Anun Kakafiyin ana notamaim nabobonawiy boro yawas naatu tufuw inab.
7 အကြောင်းမူကား သွေးသားအလိုကို စွဲလမ်းသောစိတ်သည် ဘုရားသခင်ကို ဆန့်ကျင်၏။ ယင်းသည် ဘုရားသခင်၏ တရားတော်ကို လိုက်နာခြင်းမရှိ။ အမှန်တကယ်လည်း မလိုက်နိုင်။-
7 Anayabin sabuw iyab biyah ana kokomaim kakafih ebobonawiyih i God ana kamabiy temamatar, naatu men karam boro God ana ofafar babanamaim hinama.
8 မိမိတို့၏သွေးသားအလို၌ အသက်ရှင်သောသူတို့သည် ဘုရားသခင်ကို ကျေနပ်နှစ်သက်စေနိုင်မည်မဟုတ်ချေ။
8 Sabuw iyab biyah ana kokomaim ebobonawiyih men karam hiwa’an God niyasisir.
9 သို့ရာတွင် သင်တို့သည် သွေးသားအလိုဘက်၌ရှိ ကြသည်မဟုတ်။ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့၌ အမှန်ပင် ကိန်းဝပ်တော်မူပါလျှင် သင်တို့သည် ဝိညာဉ်တော်ဘက်၌ရှိကြ၏။ ခရစ်တော်၏ ဝိညာဉ်တော်ကို မပိုင်ဆိုင်သောသူသည် ခရစ်တော်နှင့်မသက်ဆိုင်။-
9 Baise kwa i men biya ana kokomaim ebobonawiyi, baise Anun Kakafiyin. Anayabin God Anunin i kwa wanawanamaim ema’am. Orot yait Keriso Anunin men wanawananamaim ema’ama, i men Keriso nowan.
10 သို့ရာတွင် ခရစ်တော်သည် သင်တို့၌ ကိန်းဝပ်တော်မူလျှင် သင်တို့၏ကိုယ်ခန္ဓာသည် အပြစ်ကြောင့်သေသော်လည်း ဝိညာဉ်မူကား ဖြောင့်မတ်ခြင်းကြောင့် အသက်ရှင်လျက်ရှိ၏။-
10 Baise Keriso kwa wanawanamaim ema’am, imih God buwi yawas kwama’am. Basit biya i boro namorob anayabin bowabow kakafin awan karatan, baise ayub i yawasin anayabin ayub ana yawas i mutufurin.
11 ထို့ပြင် ခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေသော အရှင်၏ဝိညာဉ်တော်သည် သင်တို့၌ ကိန်းဝပ်တော်မူလျှင် ယေဇူးခရစ်တော်ကို သေခြင်းမှရှင်ပြန်ထမြောက်စေသော ကိုယ်တော်သည် သင်တို့၌ ကိန်းဝပ်တော်မူသော မိမိ၏ ဝိညာဉ်တော်အားဖြင့် သင်တို့၏ သေနိုင်သော ကိုယ်ခန္ဓာကိုလည်း အသက်ရှင်စေတော်မူလိမ့်မည်။
11 Naatu God Anunin Jesu morobone biyawas kwa wanawanamaim ema’ama. Keriso morobone biyawas na’atube kwa auman boro i Anunin kwa wanawan ema’am imaim biya yawas nitin.
12 သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည် သွေးသားအလိုအတိုင်း အသက်ရှင်ခြင်းငှာ သွေးသားသဘာ၀ကို လိုက်လျောရန် ဝတ္တရားမရှိပေ။-
12 Isanimih, taituwou, it i bowabow hitit, baise men biyat ana kokomaim tanasinafumih.
13 အကြောင်းမူကား သင်တို့သည် လူ့သွေးသားအလိုသို့လိုက်၍ ပြုမူကျင့်ကြံလျှင် သေကြရလိမ့်မည်။ သို့သော် ကိုယ်ကာယ၏ တပ်မက်ခြင်းတို့ကို ဝိညာဉ်တော်အားဖြင့် ချုပ်ငြိမ်းစေကြလျှင်မူ သင်တို့သည် အသက်ရှင်ကြလိမ့်မည်။-
13 Anayabin kwa biya ana kokomaim kwanama’am na’at boro kwanamorob. Baise Anun Kakafiyin ana kokomaim kwanama’am na’at, biya ana kokok kakafih etei boro nimuruben. Naatu kwa boro yawas kwanama,
14 အကြောင်းမူကား ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် လမ်းပြဦးဆောင်ခြင်းခံရသော သူတို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်ကြ၏။-
14 anayabin sabuw iyab God Ayubin ebobonawiyih i God natunatun.
15 အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကြောက်ရွံ့စိတ်ပြန်လည်ဖြစ်ပေါ်လာစေရန် ဘုရားသခင်ထံတော်မှ ကျွန်စိတ်ဓာတ်ကို ရရှိခဲ့ကြသည်မဟုတ်ပေ။ သင်တို့သည် သားသမီးစိတ်ဓာတ်ကို ရရှိခဲ့ကြခြင်းသာဖြစ်၏။ အဗ္ဗ၊ အဖဟု သင်တို့ ကြွေးကြော်ကြသောအခါ၊-
15 Anayabin God Ayubin kwabaib i men kwa niwa’ani bir ana fairamaim nabonawiy isan kwani’akiramih. Baise Ayubin kwabaib i natunatun anababatun matar isan kwabai, saise imaim fair tanab isan tanarerey tanao, “Abba! Tamaiya!”
16 ငါတို့သည် ဘုရားသခင်၏ သားသမီးများဖြစ်ကြကြောင်းကို ဝိညာဉ်တော်ကိုယ်တိုင်ကပင် ငါတို့၏ဝိညာဉ်နှင့်အတူ သက်သေခံတော်မူခြင်းဖြစ်၏။-
16 I Ayubin it ayubit bairi hita’imon teo’orereb it i God natunatun.
17 ငါတို့သည် သားသမီးများဖြစ်ကြလျှင် အမွေစားအမွေခံများလည်း ဖြစ်ကြ၏။ ထို့ကြောင့် ငါတို့သည် ဘုရားသခင်၏ အမွေခံ သားသမီးများဖြစ်ကြသဖြင့် ခရစ်တော်နှင့်အတူ အမွေတော်ကို ခွဲဝေခံစားကြရမည်ဖြစ်၏။ သို့သော် ငါတို့သည် ခရစ်တော်နှင့် အတူ ဆင်းရဲဒုက္ခခံကြမှသာလျှင် ထိုသခင်နှင့်အတူ ဘုန်းစည်းစိမ်တော်ကိုလည်း စံစားကြရမည်ဖြစ်၏။
17 It i natunatun imih sawar abisa i ana sabuw isah ebobotan boro bairi tanab yaun. Naatu abisa God Keriso isan ebobotan boro bairi tanab yaun. Keriso ana biyababan bairi tanafafaram na’at ana marakaw boro bairi tanafaram.
18 ယခုမျက်မှောက်ကာလ၌ ငါတို့ခံကြရသော ဒုက္ခဆင်းရဲတို့သည် ငါတို့၌ ထင်ရှားလာမည့် ဘုန်းဂုဏ်တော်နှင့် နှိုင်းယှဉ်၍မရနိုင်ဟု ငါမှတ်ယူ၏။-
18 Anababatun au’uwi, biyababan iti boun tabai tabi’akir, mar boro ana marakaw nabirerereb hairi tanafufufun, nati marakaw i ra’at kwanekwan men biyababan hairi ta’imon.
19 အကြောင်းမူကား ဖန်ဆင်းခံလောကတစ်ခုလုံးသည် ဘုရားသခင်၏သားသမီးများ ပေါ်လွင်ထင်ရှားလာခြင်းကို စိတ်အားထက်သန်စွာ တောင့်တစောင့်မျှော်လျက်ရှိ၏။-
19 Anayabin baimataren sawar tutufin etei God natunatun bow tit bairerereb isan, yah kusikus iwa’an hima hi’uroron tinuwanuw.
20 ဖန်ဆင်းခံလောကသည် အချည်းနှီးဖြစ်ရန် စီရင်ခြင်းခံခဲ့ရ၏။ ထိုသို့ ဖြစ်ရခြင်းမှာ ကမ္ဘာလောက၏ အလိုကြောင့်မဟုတ်ဘဲ ၎င်းအား မျှော်လင့်ခြင်း၌ တည်ရှိစေရန် စီရင်တော်မူသော အရှင်၏အလိုတော်ကြောင့်သာဖြစ်၏။-
20 Orot ta’imon ana kakafinamaim baimataren sawar tutufin etei higabiyoy, men i akisih hai kokomaim baise God ana kokomaim sinaf.
21 အကြောင်းမူကား ဖန်ဆင်းခံကမ္ဘာလောကသည် ယိုယွင်းပျက်စီးမည့် အဖြစ်မှလွတ်ကင်း၍ ဘုရားသခင်သားသမီးတို့၏ ဘုန်းဂုဏ်တော်ကို ခံစားခွင့်ရရှိမည်ဖြစ်သောကြောင့်တည်း။-
21 Iti baimataren sawar etei veya ta hai bai’akirane hibat timunumun boro hinabotaitih hinatit God natunatun bairi marakaw gewasin hinafaram.
22 ဖန်ဆင်းခံ ကမ္ဘာလောကတစ်ခုလုံးသည် ယခုအချိန်တိုင်အောင် သားဖွားခြင်းဝေဒနာကို ပြင်းထန်စွာ ခံစားလျက် ညည်းတွားနေကြောင်းကို ငါတို့သိရှိကြ၏။-
22 It taso’ob baimataren sawar tutufin kek tufuwamih ebotukwar ana biyababan tebaib na’atube, aneika hima hitef hirererey tana boun tatit.
23 ဖန်ဆင်းခံ ကမ္ဘာလောကသာမက ဝိညာဉ်တော်၏ကျေးဇူးတော်ကို ပထမဦးစွာ ခံစားခဲ့ကြသော ငါတို့သည်လည်း ဘုရား သခင်၏ သားသမီးဖြစ်ရခြင်းတည်းဟူသော ငါတို့၏ ကိုယ်ခန္ဓာများ ကယ်တင်ခြင်းခံရမည်ကို စောင့်မျှော်လျက် စိတ်နှလုံးထဲ၌ ညည်းတွားနေကြ၏။-
23 Men baimataren sawar akisin hima hitef tererereyamih, baise it auman wanawanatamaim hamenamo erererey auman tama takakaif, God nan ni’obaiyit it i natunatun.
24 အကြောင်းမူကား ငါတို့သည် ဤမျှော်လင့်ခြင်းအားဖြင့် ကယ်တင်ခြင်းခံကြရ၏။ ယခုမြင်တွေ့ရသော မျှော်လင့်ခြင်းသည် မျှော်လင့်ခြင်းမဟုတ်ပေ။ မည်သူသည် မိမိမြင်ရသောအရာကို မျှော်လင့်မည်နည်း။-
24 Anayabin it nuhifotamaim iyawasit. Abisa isan nuhit fot tama’am i tabaika, aisim boro ibanak sawar tabo isan nuhit nafot tanama tanakaif.
25 သို့သော် ငါတို့သည် ငါတို့မမြင်ရသောအရာကို မျှော်လင့်လျှင်မူကား စိတ်ရှည်သည်းခံခြင်းဖြင့် ထိုအရာကို စောင့်ငံ့မျှော်လင့်တတ်ကြ၏။
25 Baise sawar abisa men tai’itin nuhit nafot tanama tanakakaif na’at, it boro yatet nanub tanama tanakaif.
26 ထိုနည်းတူ ဝိညာဉ်တော်သည်လည်း ငါတို့၏အားနည်းချက်ကို ကူညီစောင်မတော်မူ၏။ အကြောင်းမူကား ငါတို့သည် မည်ကဲ့သို့ ဆုတောင်းသင့်သည်ကို မသိကြ။ သို့သော် ဝိညာဉ်တော်သည် စကားလုံးဖြင့်မဖော်ပြနိုင်သော ညည်းတွားသံဖြင့် ငါတို့အတွက် ဘုရားသခင်ထံတော်သို့ ကိုယ်တော်တိုင် အသနားခံပေးတော်မူ၏။-
26 Ef nati ta’imon it ata ririm ana veya i Ayubin ena it baibais ebitit. Anayabin it mi’itube o yoyoban isan ana ef men taso’ob. Baise i Ayubin it isat tef rerey eyoyoyoban wainit, turamaim men karam boro tanao.
27 လူတို့၏စိတ်နှလုံးများကို စစ်ကြောသိမြင်တော်မူသော သခင်သည်လည်း ဝိညာဉ်တော်၏စိတ်သဘောကို သိတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် ဘုရားသခင်၏ အလိုတော်နှင့်အညီ သန့်ရှင်းသောသူတို့အဖို့ အသနားခံတော်မူသော ကြောင့်ဖြစ်၏။
27 Naatu God dogorot nutitiy i’itin, Ayubin ananot i so’ob, anayabin Ayubin God ana sabuw isah eyoyoyoban i God ana kokomaim esisinaf.
28 ဘုရားသခင်သည် မိမိကိုချစ်၍ မိမိ၏ရည်ရွယ်ချက်အတိုင်း ခေါ်ယူထားသော သူတို့နှင့်အတူ အားလုံးသောအရာတို့၌ ကောင်းကျိုးဖြစ်ပေါ်စေရန် လုပ်ဆောင်တော်မူသည်ကို ငါတို့သိကြ၏။-
28 Naatu taso’ob, sawar etei God esisinaf i gewasih sabuw iyab tibiyabuw isah, sabuw iyab i ana kokomaim ea’afih isah.
29 ကိုယ်တော်သည် မိမိကြိုတင်သိရှိထားတော်မူသောသူတို့အား မိမိသားတော်၏ ပုံသဏ္ဌာန်တော်နှင့်တူနိုင်ရန် အစဦးကပင် သတ်မှတ်ထားတော်မူ၏။ ဤသို့ဖြင့် ဘုရားသခင်၏သားတော်သည် များစွာသော ညီအစ်ကိုမောင်နှမတို့တွင် သားဦးဖြစ်လာ စေမည့်အကြောင်းတည်း။-
29 Sabuw iyab God erurubinih i so’obabo erurubinih. I akisin yasairih hina i Natun ana’itinabe himatar, saise i Natun i baitumatumayah etei tuwah hai ain na’atube.
30 ကိုယ်တော်သည် အစဦးကပင် မိမိသတ်မှတ်ထားသော သူတို့ကို ခေါ်တော်မူ၍ မိမိခေါ်သောသူတို့ကိုလည်း ဖြောင့်မတ် စေတော်မူပြီးလျှင် မိမိဖြောင့်မတ်စေသော သူတို့ကို ဘုန်းဂုဏ်တော်သို့ မြှောက်စားတော်မူ၏။
30 Naatu iyab yayasairih i eafih, naatu iyab ea’afih i yamutufurih, naatu iyab yayamutufurih i ana marakaw bairi faram isan buwih.
31 သို့ဖြစ်လျှင် ဤအရာကို ငါတို့မည်သို့ဆိုရအံ့နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင် မည်သူသည် ငါတို့ကို ဆန့်ကျင်မည်နည်း။-
31 Sawar iti sisinaf isan boro mi’itube tanao? God it isat nabatabat na’at yait boro nagam na’uwit? En anababatun.
32 မိမိ၏သားတော်ရင်းကိုပင် နှမြောတွန့်တိုခြင်းမရှိဘဲ ငါတို့အားလုံးအတွက် စွန့်တော်မူသော ကိုယ်တော်သည် သားတော်နှင့်တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အား မပေးဘဲနေတော်မူမည်လော။-
32 God taiyuwin Natun men eoharihar, baise it etei siwarit, Natun ta’imonam ata siwar yai. Imih kwanotanot sawar afa’am boro asire baitita’e nama?
33 မည်သူသည် ဘုရားသခင် ရွေးချယ်ထားတော်မူသော သူတို့ကို စွပ်စွဲအပြစ်တင်မည်နည်း။ ဖြောင့်မတ်ရာသို့ ရောက်စေသောသူကား ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်တော်မူ၏။-
33 God taiyuwin ana roubinen sabuw gewasih rouw bowabow yait boro baifuwenamaim nagam na’uwih? En anababatun!
34 မည်သူသည် အပြစ်စီရင်မည်နည်း။ အပြစ်စီရင်မည့်သူကား အသေခံတော်မူသည်သာမက သေခြင်းမှရှင်ပြန်ထမြောက်ပြီး ဘုရားသခင်၏လက်ယာတော်တွင် ထိုင်နေတော်မူသော ယေဇူးခရစ်တော်ပင်ဖြစ်၏။ ထိုအရှင်သည် ငါတို့အတွက် အမှန်ပင် ကြားဝင်ဆုတောင်းပေးလေ၏။-
34 Yait boro God ana sabuw ubar nitih nagam na’uwih? En anababatun! Jesu Keriso akisinamo morob, naatu morobone misir maiye Tamah ana asukwafune mare isat ma eyoyoyoban.
35 မည်သူသည် ငါတို့ကို ခရစ်တော်၏မေတ္တာတော်နှင့် ကင်းကွာစေနိုင်မည်နည်း။ ဒုက္ခအခက်အခဲများ၊ ဆင်းရဲနွမ်းပါးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများ၊ အစာခေါင်းပါးခြင်း၊ အဝတ်အစားကင်းမဲ့ခြင်း၊ ဘေးအန္တရာယ်နှင့်ကြုံတွေ့ခြင်း၊ ကွပ်မျက်ခံရခြင်း စသည်တို့သည် ငါတို့ကို ခရစ်တော်၏ ချစ်ခြင်းမေတ္တာနှင့် ကွဲကွာစေမည်လော။-
35 Imih yait boro Keriso ana yabowane nakusibit, yare men karam nakusibit, o yawas fokarih, roukoukuwen, baimar kakafin, sawar en, obiruwen, o morob?
36 အကျွန်ုပ်တို့သည် ကိုယ်တော့်အတွက်ကြောင့် တစ်နေ့လုံးသတ်ဖြတ်ခြင်းကို ခံနေကြရပါ၏၊ သတ်ရန် ရည်ရွယ်ထားသော သိုးများကဲ့သို့ အကျွန်ုပ်တို့ကို သတ်မှတ်ထားကြပါ၏ဟူ၍ ရေးသားထားသော ကျမ်းစကားအတိုင်းပင် ဖြစ်မည်လော။-
36 Buk Atamaninamaim eo na’atube,
37 မဖြစ်နိုင်ပေ။ ငါတို့ကို ချစ်တော်မူသော ကိုယ်တော်အားဖြင့် ငါတို့သည် ထိုအမှုခပ်သိမ်းတို့ ကျရောက်စဉ်၌ပင် အောင်နိုင်သူများဖြစ်ကြ၏။-
37 En baise, Keriso aki biyabuwi i wanawananamaim sawar etei hai fair aki aisnowaten.
38 အကြောင်းမူကား သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ၊ ကောင်းကင်တမန်တော်ကဖြစ်စေ၊ အုပ်စိုးသူများကဖြစ်စေ၊ ပစ္စုပ္ပန်ကာလ၌ ရှိသောအရာများက ဖြစ်စေ၊ အနာဂတ်ကာလ၌ ရှိလာမည့်အရာများက ဖြစ်စေ၊ အာဏာတန်ခိုးဖြင့်ဖြစ်စေ၊-
38 Imih ayu aso’ob anababatun men karam boro sawar ta imaim Keriso ana yabowane nakusibitamih, men morob, men yawas, men tounamatar, men Demon, men mar iti boun, men mar boro enan, men fair
39 အထက်အရပ်မှဖြစ်စေ၊ အောက်အရပ်မှဖြစ်စေ၊ ဖန်ဆင်းထားသော အရာအားလုံးထဲမှ မည်သည့်အရာကပင်ဖြစ်စေ ငါတို့ကို ငါတို့၏သခင် ယေဇူးခရစ်တော်၌တည်ရှိသော ဘုရားသခင်၏မေတ္တာတော်မှ မကွဲကွာစေနိုင်ဟု ငါစွဲမြဲစွာ ခံယူသော ကြောင့်တည်း။
39 men yate mar, men me baban, men sawar ta himamatar wanawanahimaim boro God ana yabow ata Regah Jesu Keriso wanawananamaim ema’am nakusibit tanatitamih, en anababatun.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Romanos 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.