Romanos 6
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA
1 သို့ဖြစ်လျှင် ငါတို့မည်သို့ဆိုရမည်နည်း။ ငါတို့သည် ကျေးဇူးတော်ကို ပေါများစွာရရှိရန် အပြစ်၌ ဆက်လက် ကျင်လည်နေကြရမည်လော။-
1 Que diremos, então? Continuaremos no pecado, para que a graça aumente ainda mais?
2 မဟုတ်ပေ။ အပြစ်ဒုစရိုက်၌ သေပြီးသောငါတို့သည် အဘယ်ကြောင့် အပြစ်ထဲ၌ ဆက်လက်အသက်ရှင်ရမည်နည်း။-
2 De modo nenhum! Como viveremos ainda no pecado, nós, que já morremos para ele?
3 ယေဇူးခရစ်တော်၌ ဆေးကြောခြင်းမင်္ဂလာကို ခံယူခဲ့ကြသော ငါတို့အားလုံးသည် ကိုယ်တော်၏သေခြင်း၌ ဆေးကြော ခြင်းခံခဲ့ကြကြောင်းကို သင်တို့မသိကြသလော။-
3 Ou será que vocês ignoram que todos nós que fomos batizados em Cristo Jesus fomos batizados na sua morte?
4 ထို့ကြောင့် ငါတို့သည် ဆေးကြောခြင်းအားဖြင့် ကိုယ်တော်နှင့်အတူ သေခြင်း၌ သင်္ဂြိုဟ်ခြင်းကိုခံခဲ့ကြ၏။ ဤသို့ဖြင့် ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးတော်အားဖြင့် သေခြင်းမှထမြောက်တော်မူခဲ့သည့်နည်းတူ ငါတို့သည်လည်း အသစ်သောအသက်တာ၌ လျှောက်လှမ်းနိုင်ကြမည်ဖြစ်၏။
4 Fomos sepultados com ele na morte pelo batismo, para que, como Cristo foi ressuscitado dentre os mortos pela glória do Pai, assim também nós andemos em novidade de vida.
5 အကြောင်းမူကား ငါတို့သည် ကိုယ်တော်နှင့် တစ်လုံးတစ်၀တည်းဖြစ်လျက် ကိုယ်တော်ကဲ့သို့ သေဆုံးခဲ့ကြပါလျှင် ကိုယ်တော်ရှင်ပြန်ထမြောက်ခဲ့သည့်အတိုင်း ငါတို့သည်လည်း ကိုယ်တော်နှင့် တစ်လုံးတစ်၀တည်းရှိလျက် ရှင်ပြန်ထမြောက် ကြမည်မှာမလွဲပေ။-
5 Porque, se fomos unidos com ele na semelhança da sua morte, certamente o seremos também na semelhança da sua ressurreição,
6 အပြစ်နှင့်ပြည့်သော ကိုယ်ခန္ဓာပျက်စီးသွားစေရန်နှင့် ငါတို့သည်လည်း အပြစ်၏ကျွန်ဘ၀မှ လွတ်မြောက်ကြစေရန် ငါတို့၏ ဘ၀ဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်တွင်တင်၍ အသေသတ်ခြင်းကိုခံခဲ့ကြောင်း ငါတို့သိကြ၏။-
6 sabendo isto: que a nossa velha natureza foi crucificada com ele, para que o corpo do pecado seja destruído, e não sejamos mais escravos do pecado.
7 အကြောင်းမူကား သေသောသူသည် အပြစ်၏လက်မှ လွတ်မြောက်လေပြီ။-
7 Pois quem morreu está justificado do pecado.
8 သို့သော် ငါတို့သည် ခရစ်တော်နှင့်အတူ သေခဲ့ကြလျှင်မူ ကိုယ်တော်နှင့်အတူ အသက်ရှင်ကြရမည်ကို ယုံကြည်ကြ၏။-
8 Ora, se já morremos com Cristo, cremos que também viveremos com ele.
9 အကြောင်းမူကား ခရစ်တော်သည် သေခြင်းမှရှင်ပြန်ထမြောက်တော်မူသဖြင့် နောက်တစ်ဖန် မည်သည့်အခါမျှ သေလိမ့်မည် မဟုတ်ကြောင်းကို ငါတို့သိကြ၏။ သေခြင်းတရားသည် ကိုယ်တော့်ကို အစိုးမရတော့ပေ။-
9 Sabemos que, havendo Cristo ressuscitado dentre os mortos, já não morre; a morte já não tem domínio sobre ele.
10 ကိုယ်တော်အသေခံရာတွင် အပြစ်မကောင်းမှုအတွက် အသေခံခြင်းဖြစ်ပြီး တစ်ကြိမ်တည်းဖြင့် ထာ၀ရအတွက် အသေခံတော်မူခြင်းဖြစ်၏။ သို့သော် ကိုယ်တော် ယခုအသက်ရှင်ခြင်းသည် ဘုရားသခင်နှင့်အတူ အသက်ရှင်တော်မူခြင်း ဖြစ်၏။-
10 Pois, quanto a ter morrido, de uma vez para sempre morreu para o pecado; mas, quanto a viver, vive para Deus.
11 သို့ဖြစ်၍ သင်တို့သည်လည်း သင်တို့ကိုယ်သင်တို့ အပြစ်တရား၌ သေပြီးဖြစ်သည်ဟူ၍လည်းကောင်း၊ ယေဇူးခရစ်တော်အားဖြင့် ဘုရားသခင်၌ အသက်ရှင်သည် ဟူ၍လည်းကောင်း မှတ်ယူကြလော့။
11 Assim também vocês considerem-se mortos para o pecado, mas vivos para Deus, em Cristo Jesus.
12 ထို့ကြောင့် အပြစ်မကောင်းမှုသည် သင်တို့၏ သေနိုင်သော ကိုယ်ခန္ဓာများကို အစိုးမရစေနှင့်။ သင့်ကိုယ်ခန္ဓာ၏ အလိုတပ်မက်ခြင်းနောက်သို့ မလိုက်နှင့်။-
12 Portanto, não permitam que o pecado reine em seu corpo mortal, fazendo com que vocês obedeçam às suas paixões.
13 သင်တို့၏ ကိုယ်လက်အင်္ဂါများကို မကောင်းမှုပြုရန် လက်နက်များအဖြစ် အသုံးမပြုကြနှင့်။ သို့သော် သင်တို့သည် သေခြင်းမှထမြောက်၍ အသက်ရှင်သောသူတို့ကဲ့သို့ မိမိတို့ကိုယ်ကို ဘုရားသခင်အား ပေးဆပ်ကြလော့။ သင်တို့၏ ကိုယ်အင်္ဂါများကို ဖြောင့်မတ်ခြင်း၏ လက်နက်များအဖြစ် ဘုရားသခင်အား ဆက်သကြလော့။-
13 Também não ofereçam os membros do corpo ao pecado, como instrumentos de injustiça, mas, como pessoas que passaram da morte para a vida, ofereçam a si mesmos a Deus e ofereçam os seus membros a Deus, como instrumentos de justiça.
14 အကြောင်းမူကား သင်တို့သည် ပညတ်တရား၏ လက်အောက်၌မရှိဘဲ ကျေးဇူးတော်၏ လက်အောက်၌ ရှိနေသောကြောင့် မကောင်းမှုသည် သင်တို့ကို အစိုးရလိမ့်မည်မဟုတ်။
14 Porque o pecado não terá domínio sobre vocês, pois vocês não estão debaixo da lei, e sim da graça.
15 သို့ဖြစ်လျှင် ငါတို့ မည်သို့ဆိုရမည်နည်း။ ငါတို့သည် ပညတ်တရား၏ လက်အောက်၌မရှိဘဲ ကျေးဇူးတော်၏ လက်အောက်၌ရှိကြသဖြင့် အပြစ်ကျူးလွန်ကြရမည်လော။ ထိုသို့မဖြစ်စေရ။-
15 E então? Havemos de pecar porque não estamos debaixo da lei, e sim da graça? De modo nenhum!
16 သင်တို့သည် တစ်စုံတစ်ဦးထံသို့ သင်တို့ကိုယ်ကို နာခံတတ်သော ကျွန်အဖြစ်အပ်နှံပါလျှင် သင်တို့သည် သင်တို့ နာခံကြသော သူ၏ကျွန်များ ဖြစ်ကြသည်ကို သင်တို့မသိကြသလော။ သင်တို့သည် သေခြင်းသို့ပို့ဆောင်သော အပြစ်တရားကို အစေခံကြသည်ဖြစ်စေ၊ ဖြောင့်မတ်ခြင်းသို့ ပို့ဆောင်သောနာခံခြင်းကို အစေခံကြသည်ဖြစ်စေ ၎င်းတို့၏ကျွန်များသာ ဖြစ်ကြ၏။-
16 Será que vocês não sabem que, ao se oferecerem como servos para obediência, vocês são servos daquele a quem obedecem, seja do pecado, que leva à morte, ou da obediência, que conduz à justiça?
17 သင်တို့သည် တစ်ချိန်က အပြစ်တရား၏ကျွန် ဖြစ်ဖူးသော်လည်း သင်တို့ခံယူရရှိသည့် သွန်သင်ချက်ကို စိတ်နှလုံးဖြင့် လိုက်နာကြသည့်အတွက် ငါသည် ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းပါ၏။-
17 Mas graças a Deus que, tendo sido escravos do pecado, vocês vieram a obedecer de coração à forma de doutrina a que foram entregues.
18 ထို့နောက် သင်တို့သည် အပြစ်မှလွတ်မြောက်ခဲ့ကြပြီး ဖြောင့်မတ်ခြင်းတရား၏ ကျွန်များဖြစ်လာကြ၏။-
18 E, uma vez libertados do pecado, foram feitos servos da justiça.
19 သင်တို့၏ သဘာ၀အားနည်းချက်ကြောင့် ငါသည် လူတို့နားလည်နိုင်သော ဝေါဟာရဖြင့် ပြောဆိုခြင်းဖြစ်၏။ အကြောင်းမူကား သင်တို့သည် မကောင်းမှုကို ပြုကျင့်နိုင်ရန် မိမိတို့၏ ကိုယ်အင်္ဂါများကို ဆိုးယုတ်မှုနှင့် အပြစ်ကျူးလွန်ခြင်းသို့ တစ်ချိန်က အပ်နှံခဲ့ကြသည့်နည်းတူ ယခုတွင်လည်း သင်တို့သည် သန့်ရှင်းစင်ကြယ်စေရန် သင်တို့၏ကိုယ်အင်္ဂါများကို ဖြောင့်မတ်ခြင်းတရားသို့ အပ်နှံကြလော့။
19 Falo em termos humanos, por causa das limitações de vocês. Assim como ofereceram os seus membros para que fossem escravos da impureza e da maldade que leva à maldade, assim ofereçam agora os seus membros para que sejam servos da justiça para a santificação.
20 သင်တို့သည် မကောင်းမှု၏ကျွန် ဖြစ်ခဲ့စဉ်အခါက ဖြောင့်မတ်သောအမှုကို ကျင့်ကြံရန်မလိုအပ်ဟု ခံယူခဲ့ကြ၏။-
20 Porque, quando vocês eram escravos do pecado, estavam livres em relação à justiça.
21 သို့ရာတွင် သင်တို့ယခု ရှက်ကြောက်ကြသော အကျင့်များမှ မည်သည့်အကျိုးကျေးဇူးကို သင်တို့ရရှိခဲ့ကြသနည်း။ ထိုသို့သောအရာတို့၏ ရလဒ်ကား သေခြင်းပေတည်း။-
21 Naquele tempo, que frutos vocês colheram? Somente as coisas de que agora vocês se envergonham. Porque o fim delas é morte.
22 သို့သော်လည်း ယခုအခါတွင် သင်တို့သည် မကောင်းမှုလက်အောက်မှ လွတ်မြောက်ပြီးလျှင် ဘုရားသခင်၏ကျွန်များ ဖြစ်လာကြသောကြောင့် သင်တို့ရရှိသည့်အကျိုးကား သန့်ရှင်းစင်ကြယ်ခြင်းနှင့် အဆုံး၌ ထာ၀ရအသက်ကိုရရှိကြ၏။-
22 Agora, porém, libertados do pecado, transformados em servos de Deus, o fruto que vocês colhem é para a santificação. E o fim, neste caso, é a vida eterna.
23 အပြစ်တရား၏ အဖိုးအခသည်ကား သေခြင်းပင်ဖြစ်၏။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်သည်ကား ငါတို့၏သခင် ယေဇူးခရစ်တော်၌ ရရှိသောထာ၀ရအသက်ပေတည်း။
23 Porque o salário do pecado é a morte, mas o dom gratuito de Deus é a vida eterna em Cristo Jesus, nosso Senhor.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Romanos 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.