Romanos 5

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ထို့ကြောင့် ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ကြသောကြောင့် ငါတို့သည် ယေဇူးခရစ်တော် အားဖြင့် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်လာကြ၏။-
1 Tendo sido, pois, justificados pela fé, temos paz com Deus, por nosso Senhor Jesus Cristo,
2 ထိုသခင်မှတစ်ဆင့် ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ယခုခံစားနေရသော ကျေးဇူးတော်ကို ရရှိကြ၏။ ထို့အတူ ငါတို့သည် ဘုရားသခင်၏ဘုန်းတော်ကို ခံစားရမည်ဟူသော မျှော်လင့်ခြင်းနှင့် ဝမ်းမြောက်ကြ၏။-
2 por meio de quem obtivemos acesso pela fé a esta graça na qual agora estamos firmes; e nos gloriamos na esperança da glória de Deus.
3 ထိုမျှမကသေး။ ငါတို့သည် မိမိတို့ခံရသော ဆင်းရဲဒုက္ခများ၌ ဝမ်းမြောက်ကြရ၏။ အကြောင်းမူကား ဆင်းရဲဒုက္ခသည် သည်းခံနိုင်စွမ်းကို ဖြစ်ပေါ်စေကြောင်း ငါတို့သိကြ၏။-
3 Não só isso, mas também nos gloriamos nas tribulações, porque sabemos que a tribulação produz perseverança;
4 သည်းခံနိုင်စွမ်းသည် အစမ်းသပ်ခံသော စရိုက်လက္ခဏာကို ဖြစ်ပေါ်စေပြီး ထိုစရိုက်လက္ခဏာသည် မျှော်လင့်ခြင်းကို ဖန်တီးပေး၏။-
4 a perseverança, um caráter aprovado; e o caráter aprovado, esperança.
5 ထိုမျှော်လင့်ခြင်းသည် ငါတို့အား စိတ်ပျက်စေလိမ့်မည်မဟုတ်။ အကြောင်းမူကား ဘုရားသခင်သည် ငါတို့အား ပေးထားသည့် ဝိညာဉ်တော်မြတ်အားဖြင့် မိမိ၏မေတ္တာတော်ကို ငါတို့၏ စိတ်နှလုံးများအတွင်းသို့ သွန်းလောင်းတော်မူ သောကြောင့်ဖြစ်၏။
5 E a esperança não nos decepciona, porque Deus derramou seu amor em nossos corações, por meio do Espírito Santo que ele nos concedeu.
6 ငါတို့သည် အားကိုးရာမဲ့ဖြစ်နေစဉ်တွင် ခရစ်တော်သည် ဘုရားတရားမဲ့သော ငါတို့အတွက် သတ်မှတ်ထားသည့်အချိန်၌ အသေခံတော်မူ၏။-
6 De fato, no devido tempo, quando ainda éramos fracos, Cristo morreu pelos ímpios.
7 ဖြောင့်မတ်သောသူတစ်ယောက်အတွက် အသေခံမည့်သူမရှိသလောက်ဖြစ်၏။ သို့သော် ကောင်းသောသူတစ်ယောက် အတွက် အသေခံဝံ့သူ ရှိကောင်းရှိလိမ့်မည်။-
7 Dificilmente haverá alguém que morra por um justo; pelo homem bom talvez alguém tenha coragem de morrer.
8 သို့ရာတွင် ငါတို့သည် အပြစ်သားများဖြစ်နေသောအခါ၌ပင် ခရစ်တော်သည် ငါတို့အတွက် အသေခံတော်မူခြင်းဖြင့် ဘုရားသခင်သည် ငါတို့အပေါ်ထားရှိသော သူ၏ချစ်မေတ္တာကို ပြသတော်မူ၏။-
8 Mas Deus demonstra seu amor por nós: Cristo morreu em nosso favor quando ainda éramos pecadores.
9 ထို့ကြောင့် ယခုငါတို့သည် ကိုယ်တော်၏အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်ခဲ့ကြသောကြောင့် ထိုသခင်အားဖြင့် ဘုရားသခင်၏ အမျက်တော်မှ ပို၍ပင်ကယ်ချွတ်တော်မူခြင်း ခံရပေလိမ့်မည်။-
9 Como agora fomos justificados por seu sangue, muito mais ainda seremos salvos da ira de Deus por meio dele!
10 အဘယ်ကြောင့်ဆိုသော် ငါတို့သည် ဘုရားသခင်၏ ရန်သူများဖြစ်ခဲ့ကြစဉ်က ကိုယ်တော့်သားတော်၏ အသေခံတော်မူ ခြင်းအားဖြင့် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ခဲ့ကြပါလျှင် ယခုငါတို့သည် ပြန်လည်သင့်မြတ်ကြပြီဖြစ်သဖြင့် သားတော်၏ အသက်တော်အားဖြင့် ကယ်တင်ခြင်းကို ပိုမိုရရှိကြပေလိမ့်မည်။-
10 Se quando éramos inimigos de Deus fomos reconciliados com ele mediante a morte de seu Filho, quanto mais agora, tendo sido reconciliados, seremos salvos por sua vida!
11 ထိုမျှသာမက။ ငါတို့သည် ငါတို့၏သခင် ယေဇူးခရစ်တော်အားဖြင့် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ခြင်းကို ယခုခံစားကြရသောကြောင့် ထိုသခင်အားဖြင့် ဘုရားသခင်၌ ဝမ်းမြောက်ကြ၏။
11 Não apenas isso, mas também nos gloriamos em Deus, por meio de nosso Senhor Jesus Cristo, mediante quem recebemos agora a reconciliação.
12 ထို့ကြောင့် မကောင်းမှုသည် တစ်ယောက်သော သူအားဖြင့် ဤလောကအတွင်းသို့ ဝင်ရောက်လာခဲ့၍ ထိုမကောင်းမှုအားဖြင့် သေခြင်းတရား ဝင်ရောက်လာခဲ့၏။ ဤသို့ဖြင့် လူအပေါင်းတို့သည် အပြစ်ကျူးလွန်ကြသောကြောင့် သေခြင်းသည် လူအပေါင်းတို့အပေါ်သို့ သက်ရောက်လေ၏။-
12 Portanto, da mesma forma como o pecado entrou no mundo por um homem, e pelo pecado a morte, assim também a morte veio a todos os homens, porque todos pecaram;
13 ပညတ်တရားကို ချမှတ်ထားခြင်းမရှိမီကပင် အပြစ်သည် လောကအတွင်း၌ရှိခဲ့၏။ သို့ရာတွင် ပညတ်တရား မရှိသည့် နေရာတွင် အပြစ်ဟူ၍မှတ်ယူခြင်း မရှိပေ။-
13 pois antes de ser dada a lei, o pecado já estava no mundo. Mas o pecado não é levado em conta quando não existe lei.
14 သို့သော်လည်း သေခြင်းတရားသည် အာဒံမှစ၍ မိုးဇက်တိုင်အောင် လူအပေါင်းတို့အား အစိုးရခဲ့၏။ အာဒံပြစ်မှားခဲ့သော အပြစ်နှင့်မတူသောအပြစ်ကို ကျူးလွန်သောသူတို့ကိုပင် သေခြင်းသည် အစိုးရခဲ့၏။ အာဒံသည် နောင်တစ်ချိန်တွင် ပေါ်ထွန်းမည့်သူ၏ ပုံစံနမူနာဖြစ်၏။
14 Todavia, a morte reinou desde o tempo de Adão até o de Moisés, mesmo sobre aqueles que não cometeram pecado semelhante à transgressão de Adão, o qual era um tipo daquele que haveria de vir.
15 သို့ရာတွင် ကျေးဇူးတော်သည် အပြစ်အမှားကဲ့သို့ မဟုတ်ပေ။ အကြောင်းမူကား လူတစ်ယောက်၏ အပြစ်အားဖြင့် လူအများတို့သည် သေခြင်းသို့ရောက်ခဲ့ကြလျှင် တစ်ယောက်သော သူတည်းဟူသော ယေဇူးခရစ်တော်အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကျေးဇူးတော်၏အကျိုးတို့သည် လူအများအတွက် ပို၍ကြွယ်၀ပြည့်စုံတော်မူ၏။-
15 Entretanto, não há comparação entre a dádiva e a transgressão. Pois se muitos morreram por causa da transgressão de um só, muito mais a graça de Deus, isto é, a dádiva pela graça de um só homem, Jesus Cristo, transbordou para muitos!
16 ဘုရားသခင်၏ ကျေးဇူးတော်သည်လည်း ထိုလူတစ်ဦးကျူးလွန်ခဲ့သော အပြစ်၏အကျိုးဆက်ကဲ့သို့ မဟုတ်ပေ။ အကြောင်းမူကား အပြစ်တစ်ခုကို စီရင်သောအခါ ဒဏ်ခတ်ခြင်းဖြစ်ပေါ်လာရ၏။ သို့သော် များစွာသော အပြစ်တို့အတွက် ရရှိသောအခမဲ့ကျေးဇူးတော်သည်ကား ဖြောင့်မတ်ခြင်းကိုဖြစ်ပေါ်စေ၏။-
16 Não se pode comparar a dádiva de Deus com a conseqüência do pecado de um só homem: por um pecado veio o julgamento que trouxe condenação, mas a dádiva decorreu de muitas transgressões e trouxe justificação.
17 လူတစ်ဦး၏ အပြစ်ကျူးလွန်ခြင်းကြောင့် သေခြင်းတရားသည် ထိုသူတစ်ဦးအားဖြင့် အစိုးရသည်မှန်လျှင် ကြွယ်၀သော ကျေးဇူးတော်နှင့် အခမဲ့လက်ဆောင်ဖြစ်သော ဖြောင့်မတ်ခြင်းကို ရရှိကြသောသူတို့သည် ယေဇူးခရစ်တော်တစ်ပါး တည်းအားဖြင့် ဘ၀တွင် ပိုမိုအစိုးရကြပေလိမ့်မည်။
17 Se pela transgressão de um só a morte reinou por meio dele, muito mais aqueles que recebem de Deus a imensa provisão da graça e a dádiva da justiça reinarão em vida por meio de um único homem, Jesus Cristo.
18 ထို့နောက် လူတစ်ဦး၏အပြစ်သည် လူအပေါင်းတို့ကို အပြစ်စီရင်ခြင်းသို့ ရောက်စေသည့်နည်းတူ တစ်ယောက်သောသူ၏ ဖြောင့်မတ်ခြင်းအကျင့်သည် လူအပေါင်းတို့ကို လွတ်မြောက်စေပြီး အသက်ရှင်ခြင်းကိုပေးလေ၏။-
18 Conseqüentemente, assim como uma só transgressão resultou na condenação de todos os homens, assim também um só ato de justiça resultou na justificação que traz vida a todos os homens.
19 အကြောင်းမူကား လူတစ်ဦး၏နာခံမှုမရှိခြင်းကြောင့် လူအပေါင်းတို့သည် အပြစ်သားများဖြစ်ကြရသည့်နည်းတူ တစ်ယောက်သောသူ၏နာခံခြင်းကြောင့် လူအပေါင်းတို့သည် ဖြောင့်မတ်သောသူများဖြစ်လာကြ၏။-
19 Logo, assim como por meio da desobediência de um só homem muitos foram feitos pecadores, assim também, por meio da obediência de um único homem muitos serão feitos justos.
20 အပြစ်ကျူးလွန်မှု တိုးပွားစေခြင်းငှာ ပညတ်တရားရောက်လာခဲ့၏။ သို့သော် အပြစ်ဒုစရိုက်တိုးပွားသည့် အရပ်၌ ကျေးဇူးတော်သည် ပို၍ပင်ကြွယ်၀လေ၏။-
20 A lei foi introduzida para que a transgressão fosse ressaltada. Mas onde aumentou o pecado, transbordou a graça,
21 သို့ဖြစ်၍ အပြစ်မကောင်းမှုသည် သေခြင်းတရား၌ စိုးမိုးသည့်နည်းတူ ကျေးဇူးတော်သည်လည်း ငါတို့၏သခင်ယေဇူး ခရစ်တော်၌ ထာ၀ရအသက်ကို ငါတို့ရရှိကြစေရန် ဖြောင့်မတ်ခြင်းတရားအားဖြင့် စိုးမိုးလျက်ရှိ၏။
21 a fim de que, assim como o pecado reinou na morte, também a graça reine pela justiça para conceder vida eterna, mediante Jesus Cristo, nosso Senhor.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Romanos 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.