Romanos 4

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 ထိုသို့ဖြစ်လျှင် သွေးသားအားဖြင့် ငါတို့၏ဘိုးဘေးဖြစ်သော အာဘရာဟံအကြောင်းကို ငါတို့ မည်သို့ဆိုမည်နည်း။-
1 Que, pois, diremos ter alcançado Abraão, nosso pai segundo a carne?
2 အကယ်၍ အာဘရာဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မှန်လျှင် သူ၌ဝါကြွားစရာအကြောင်း တစ်စုံတစ်ရာရှိ၏။ သို့သော် ဘုရားသခင်၏ ရှေ့တော်၌မဟုတ်။-
2 Porque, se Abraão foi justificado por obras, tem de que se gloriar, porém não diante de Deus.
3 အကြောင်းမူကား ကျမ်းစာတော်မြတ်တွင် မည်သို့ဆိုထားသနည်း။ အာဘရာဟံသည် ဘုရားသခင်ကို ယုံကြည်ခဲ့၍ သူ၏ ယုံကြည်ခြင်းကြောင့် သူ့ကို ဖြောင့်မတ်သူဟု သတ်မှတ်ခဲ့၏။-
3 Pois que diz a Escritura? Abraão creu em Deus, e isso lhe foi imputado para justiça.
4 လူတစ်ဦးအလုပ်လုပ်ကိုင်၍ ရရှိသောအခကြေးငွေကို လက်ဆောင်အဖြစ် သတ်မှတ်၍မရပေ။ ယင်းသည် သူရသင့်သော လုပ်အားခသာဖြစ်၏။-
4 Ora, ao que trabalha, o salário não é considerado como favor, e sim como dívida.
5 လူတစ်ဦးသည် အလုပ်မလုပ်သော်လည်း ဘုရားတရားမဲ့သူတို့ကို ဖြောင့်မတ်ရာသို့ ရောက်စေတော်မူသည့် အရှင်အား ယုံကြည်အားထားလျှင် သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းဟု သတ်မှတ်ရာ၏။-
5 Mas, ao que não trabalha, porém crê naquele que justifica o ímpio, a sua fé lhe é atribuída como justiça.
6 ထို့အတူ ဘုရားသခင်သည် အကျင့်ကိုမထောက်ဘဲလျက် လူတစ်ဦးအား ဖြောင့်မတ်သူဟု သတ်မှတ်တော်မူပါလျှင် ထိုသူသည် မင်္ဂလာရှိကြောင်းကို ဒါဝိဒ်မင်းကြီးကရည်မှတ်၍ ဆိုသည်ကား၊-
6 E é assim também que Davi declara ser bem-aventurado o homem a quem Deus atribui justiça, independentemente de obras:
7 အပြစ်မှ လွှတ်ခြင်းခံရသူတို့နှင့် မိမိ၏အပြစ်ဒုစရိုက်များကို မေ့ပျောက်ခြင်းခံရသူတို့သည် မင်္ဂလာရှိကြ၏။-
7 Bem-aventurados aqueles cujas iniquidades são perdoadas, e cujos pecados são cobertos;
8 မိမိအပြစ်များကို ထာ၀ရဘုရားသခင် မှတ်ထားတော်မမူသောသူသည် မင်္ဂလာရှိ၏ဟူ၍ဖြစ်၏။
8 bem-aventurado o homem a quem o Senhor jamais imputará pecado.
9 ဤကောင်းချီးမင်္ဂလာသည် အရေဖျားလှီးခြင်းခံယူသော သူတို့အတွက်သာဖြစ်သလော။ သို့တည်းမဟုတ် အရေဖျားလှီးခြင်း မခံရသောသူတို့အတွက်လည်း ဖြစ်သလော။ အာဘရာဟံ၏ယုံကြည်ခြင်းသည် ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်ခြင်း ခံရသည်ဟု ငါတို့ဆိုခဲ့၏။-
9 Vem, pois, esta bem-aventurança exclusivamente sobre os circuncisos ou também sobre os incircuncisos? Visto que dizemos: a fé foi imputada a Abraão para justiça.
10 သို့ဖြစ်လျှင် သူသည် မည်ကဲ့သို့သတ်မှတ်ခြင်း ခံရသနည်း။ သူသည် ဖြောင့်မတ်သောသူဟု အရေဖျားလှီးခြင်းမခံယူမီ သတ်မှတ်ခြင်းခံရသလော၊ သို့မဟုတ် ခံယူပြီးမှ သတ်မှတ်ခြင်းခံရသလော။ သူသည် အရေဖျားလှီးခြင်းခံယူပြီးမှ သတ်မှတ်ခြင်း ခံရသည်မဟုတ်ဘဲ မခံယူမီအချိန်ကပင် သတ်မှတ်ခြင်းခံခဲ့ရ၏။-
10 Como, pois, lhe foi atribuída? Estando ele já circuncidado ou ainda incircunciso? Não no regime da circuncisão, e sim quando incircunciso.
11 သူသည် အရေဖျားလှီးခြင်းမခံယူမီ အချိန်ကပင် ယုံကြည်ခြင်းအားဖြင့် သူရရှိခဲ့သော ဖြောင့်မတ်ခြင်း၏ အမှတ်တံဆိပ်အဖြစ် အရေဖျားလှီးခြင်းကို ခံယူခဲ့၏။ ဤသို့ဖြင့် သူသည် အရေဖျားလှီးခြင်းမခံယူဘဲ ယုံကြည်လာကြသော သူအပေါင်းတို့၏အဖ ဖြစ်လာလေ၏။ ထိုသူအပေါင်းတို့သည်လည်း ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူဟူ၍ သတ်မှတ်ခြင်းခံရ၏။-
11 E recebeu o sinal da circuncisão como selo da justiça da fé que teve quando ainda incircunciso; para vir a ser o pai de todos os que creem, embora não circuncidados, a fim de que lhes fosse imputada a justiça,
12 ထို့အတူ အာဘရာဟံသည် အရေဖျားလှီးခြင်းကို ခံယူကြသောသူတို့၏အဖလည်း ဖြစ်လေ၏။ ထိုသူတို့သည် အရေဖျားလှီးခြင်းကို ခံယူကြရုံသာမက အာဘရာဟံ အရေဖျားလှီးခြင်း မင်္ဂလာမခံမီကရှိခဲ့သည့် ယုံကြည်ခြင်း စံနမူနာကိုလည်း ကျင့်ကြံကြသောသူများဖြစ်ကြ၏။
12 e pai da circuncisão, isto é, daqueles que não são apenas circuncisos, mas também andam nas pisadas da fé que teve Abraão, nosso pai, antes de ser circuncidado.
13 အာဘရာဟံနှင့် သူ၏အမျိုးအနွယ်တို့၌ ထားရှိခဲ့သော ကတိတော်ဖြစ်သည့် ဤကမ္ဘာလောကအား အမွေဆက်ခံ စေမည်ဟူသော ကတိစကားမှာ ပညတ်တရားမှတစ်ဆင့် ရောက်ရှိလာခြင်းမဟုတ်ဘဲ ယုံကြည်ခြင်း၏ ဖြောင့်မတ်ခြင်း တရားအားဖြင့် ရောက်ရှိလာခြင်းဖြစ်၏။-
13 Não foi por intermédio da lei que a Abraão ou a sua descendência coube a promessa de ser herdeiro do mundo, e sim mediante a justiça da fé.
14 အကယ်၍ ပညတ်တရားကို စောင့်ထိန်းသူတို့သာလျှင် အမွေတော်ကို ခံစားကြရမည်ဆိုလျှင် ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်၍ ကတိတော်သည်လည်း အဓိပ္ပာယ်မဲ့ဖြစ်၏။-
14 Pois, se os da lei é que são os herdeiros, anula-se a fé e cancela-se a promessa,
15 အကြောင်းမူကား ပညတ်တရားသည် အမျက်တော်ကို ဖြစ်ပေါ်စေ၏။ သို့သော် ပညတ်တရားမရှိလျှင် ဥပဒေ ချိုးဖောက်ခြင်းလည်း မရှိပေ။
15 porque a lei suscita a ira; mas onde não há lei, também não há transgressão.
16 ထို့ကြောင့်ပင် ဘုရားသခင်၏ကတိတော်သည် ကျေးဇူးတော်အဖြစ်တည်ရှိ၍ အာဘရာဟံ၏ သားသမီးအပေါင်းတို့အတွက် အာမခံချက်ရှိစေခြင်းငှာ ယုံကြည်ခြင်းအပေါ်၌ အခြေခံလေ၏။ ထိုကတိတော်သည် ပညတ်တရားကို စောင့်ထိန်းသူတို့အတွက် သာမဟုတ်ဘဲ ငါတို့ အဖအာဘရာဟံကဲ့သို့ ယုံကြည်ခြင်းရှိသူအားလုံးတို့ အတွက်လည်းဖြစ်၏။-
16 Essa é a razão por que provém da fé, para que seja segundo a graça, a fim de que seja firme a promessa para toda a descendência, não somente ao que está no regime da lei, mas também ao que é da fé que teve Abraão (porque Abraão é pai de todos nós,
17 အကြောင်းမူကား ငါသည် သင့်ကို လူမျိုးအများအပြားတို့၏အဖ ဖြစ်စေပြီဟု ကျမ်းစာလာသည့်အတိုင်း အာဘရာဟံသည် မိမိယုံကြည်သောဘုရား၊ သေသောသူတို့ကို အသက်ပြန်ရှင်စေတော်မူသောဘုရား၊ မဖြစ်ပေါ်သေးသော အရာတို့ကို ဖြစ်ပေါ်လာ စေရန် အမိန့်ပေးတော်မူသောဘုရား၏ ရှေ့မျက်မှောက်တွင် ငါတို့အားလုံး၏အဖ ဖြစ်သောကြောင့်တည်း။-
17 como está escrito: Por pai de muitas nações te constituí. ), perante aquele no qual creu, o Deus que vivifica os mortos e chama à existência as coisas que não existem.
18 အာဘရာဟံသည် မျှော်လင့်ချက်ကင်းမဲ့နေသော အခြေအနေ၌ပင်လျှင် သူ့အား ဘုရားသခင် မိန့်တော်မူခဲ့သည့်အတိုင်း သူသည် လူမျိုးများစွာတို့၏ အဖဖြစ်လာ၍ သူ၏အမျိုးအနွယ်သည်လည်း ထိုသို့ဖြစ်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ခဲ့၏။-
18 Abraão, esperando contra a esperança, creu, para vir a ser pai de muitas nações, segundo lhe fora dito: Assim será a tua descendência.
19 ထိုအချိန်၌ သူသည် အသက်တစ်ရာခန့်ရှိသဖြင့် သူ၏ကိုယ်ခန္ဓာသည် သေသူကဲ့သို့ ဖြစ်ကြောင်းကိုလည်းကောင်း၊ သူ၏ဇနီးဆာရာသည်လည်း သားသမီးမရနိုင်ကြောင်းကိုလည်းကောင်း ဆင်ခြင်သတိပြုမိသော်လည်း ယုံကြည်ခြင်း၌ အားမနည်းခဲ့ချေ။-
19 E, sem enfraquecer na fé, embora levasse em conta o seu próprio corpo amortecido, sendo já de cem anos, e a idade avançada de Sara,
20 အဘယ်အရာကမျှ သူ့အား ဘုရားသခင်၏ ကတိတော်ကို ယုံမှားသံသယ မဖြစ်စေခဲ့ပေ။ သူသည် သူ၏ယုံကြည်ခြင်း၌ ပိုမိုခိုင်မာလာ၍ ဘုရားသခင်၏ဘုန်းဂုဏ်တော်ကို ချီးမွမ်းလေ၏။-
20 não duvidou, por incredulidade, da promessa de Deus; mas, pela fé, se fortaleceu, dando glória a Deus,
21 ဘုရားသခင်သည် မိမိထားသောကတိတော်အတိုင်း တတ်စွမ်းနိုင်တော်မူသည်ကို သူအပြည့်အဝ ယုံကြည်ခဲ့လေ၏။-
21 estando plenamente convicto de que ele era poderoso para cumprir o que prometera.
22 ထို့ကြောင့် သူ၏ယုံကြည်ခြင်းသည် ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်ယူခံရ၏။-
22 Pelo que isso lhe foi também imputado para justiça.
23 သို့သော် ထိုကဲ့သို့ မှတ်ယူခံရကြောင်းကို အာဘရာဟံ၏အကျိုးအတွက်သာ ကျမ်းစာတော်မြတ်၌ရေးထားသည်မဟုတ်။-
23 E não somente por causa dele está escrito que lhe foi levado em conta,
24 ငါတို့၏ အကျိုးအလို့ငှာလည်း ရေးထားခြင်းဖြစ်သတည်း။ ငါတို့၏သခင် ယေဇူးအား သေခြင်းမှထမြောက်စေ တော်မူသော အရှင်ကို ငါတို့သည် ယုံကြည်ကြပါလျှင် ထိုယုံကြည်ခြင်းသည် ငါတို့၏ဖြောင့်မတ်ခြင်းဟူ၍ မှတ်ယူခြင်း ခံရလိမ့်မည်။-
24 mas também por nossa causa, posto que a nós igualmente nos será imputado, a saber, a nós que cremos naquele que ressuscitou dentre os mortos a Jesus, nosso Senhor,
25 ယေဇူးသခင်သည် ငါတို့၏အပြစ်ကြောင့် သေခြင်းသို့အပ်နှံသည်ကိုခံ၍ ငါတို့အား ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှာ ရှင်ပြန်ထမြောက်တော်မူခဲ့၏။
25 o qual foi entregue por causa das nossas transgressões e ressuscitou por causa da nossa justificação.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Romanos 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.