Romanos 3
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB
1 သို့ဖြစ်လျှင် ဂျူးလူမျိုးဖြစ်ခြင်းကြောင့် မည်သည့်အခွင့်ထူးရှိသနည်း။ အရေဖျားလှီးခြင်းမင်္ဂလာ၏ အကျိုးကျေးဇူးကား အဘယ်အရာနည်း။-
1 Que vantagem, pois, tem o judeu? ou qual a utilidade da circuncisão?
2 ယင်းတို့သည် အဘက်ဘက်၌ အကျိုးကျေးဇူးများစွာရှိ၏။ ပထမဦးစွာ ဂျူးလူမျိုးတို့သည် ဘုရားသခင်၏ ဗျာဒိတ်တော်များ ကို ခံယူရရှိကြ၏။-
2 Muita, em todo sentido; primeiramente, porque lhe foram confiados os oráculos de Deus.
3 အကယ်၍ ထိုသူတို့ထဲမှ အချို့သည် သစ္စာမဲ့ကြလျှင် မည်သို့ဖြစ်မည်နည်း။ သူတို့၏သစ္စာမဲ့ခြင်းသည် ဘုရားသခင်၏ သစ္စာတည်တော်မူခြင်းကို ဖျက်နိုင်စွမ်းရှိသလော။-
3 Pois quê? Se alguns foram infiéis, porventura a sua infidelidade anulará a fidelidade de Deus?
4 မည်သည့်နည်းနှင့်မျှ မဖျက်နိုင်ရာ။ သို့ဖြစ်၍ ကိုယ်တော်မိန့်တော်မူသည့် စကားတို့သည် တရားမျှတပါ၏၊ ကိုယ်တော် တရားစီရင်တော်မူသောအခါ အနိုင်ရတော်မူ၏ဟု ကျမ်းစာလာသည့်အတိုင်း လူအပေါင်းတို့သည် လိမ်လည်ကြသော်လည်း ဘုရားသခင်သည် မှန်ကန်ဖြောင့်မတ်တော်မူ၏။-
4 De modo nenhum; antes seja Deus verdadeiro, e todo homem mentiroso; como está escrito: Para que sejas justificado em tuas palavras, e venças quando fores julgado.
5 သို့ရာတွင် ငါတို့၏ ဆိုးယုတ်မှုသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို ထင်ရှားစေပါလျှင် ငါတို့မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ငါတို့ကို အမျက်ထွက်၍ ဒဏ်ပေးတော်မူသောအခါ ကိုယ်တော်သည် တရားမျှတမှုမရှိဟုဆိုနိုင်ပါမည်လော။ ငါသည် လူတို့ပြောဆိုသည့်အတိုင်း ပြောဆိုခြင်းဖြစ်၏။-
5 E, se a nossa injustiça prova a justiça de Deus, que diremos? Acaso Deus, que castiga com ira, é injusto? {Falo como homem.}
6 ဘုရားသခင်သည် တရားမျှတမှုမရှိဟူ၍ မည်သည့်နည်းနှင့်မျှ မဆိုနိုင်ပေ။ ထိုသို့ဖြစ်လျှင် ဘုရားသခင်သည် လောကသား တို့ကို မည်ကဲ့သို့ စစ်ကြောစီရင်တော်မူမည်နည်း။-
6 De modo nenhum; do contrário, como julgará Deus o mundo?
7 အကယ်၍ ငါ၏မှားယွင်းခြင်းသည် ဘုရားသခင်၏သစ္စာတော်ကို ပိုမိုထင်ရှားစေပြီး ကိုယ်တော်၏ ဘုန်းဂုဏ်တော်ကို တောက်ပစေလျှင် ငါသည် အဘယ်ကြောင့် အပြစ်ရှိသူအဖြစ် ပြစ်ဒဏ်စီရင်ခြင်းခံရပါသနည်း။-
7 Mas, se pela minha mentira abundou mais a verdade de Deus para sua glória, por que sou eu ainda julgado como pecador?
8 ကောင်းသောအကျိုးကို ဖြစ်ပေါ်စေခြင်းငှာ မကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့ဟု ဆိုရမည်လော။ လူအချို့တို့က ဤကဲ့သို့ပင် ငါတို့ပြောဆိုသည်ဟု အသရေပျက်အောင် မဟုတ်မမှန်စွပ်စွဲခဲ့ကြပြီ။ ထိုသူတို့သည် အပြစ်ဒဏ်စီရင်ခြင်းကို အမှန်ပင်ခံထိုက်ကြ၏။
8 E por que não dizemos: Façamos o mal para que venha o bem?-como alguns caluniosamente afirmam que dizemos; a condenação dos quais é justa.
9 သို့ဖြစ်လျှင် ငါမည်သို့ဆိုရမည်နည်း။ ငါတို့ဂျူးလူမျိုးများသည် ပိုမိုမြင့်မြတ်သူများဖြစ်သလော။ လုံး၀မဟုတ်ပေ။ အကြောင်းမူကား ဂျူးလူမျိုးနှင့် ဂရိလူမျိုးအပါအဝင် လူအားလုံးတို့သည် အပြစ်၏အာဏာစက်အောက်တွင် ရှိကြောင်းကို ငါသက်သေပြခဲ့ပြီးဖြစ်၏။-
9 Pois quê? Somos melhores do que eles? De maneira nenhuma, pois já demonstramos que, tanto judeus como gregos, todos estão debaixo do pecado;
10 ကျမ်းစာတော်မြတ်၌လည်း ရေးထားသည်ကား ဖြောင့်မတ်သောသူဟူ၍မရှိ။ တစ်ယောက်မျှပင်မရှိ။-
10 como está escrito: Não há justo, nem sequer um.
11 သိနားလည်သူ တစ်ယောက်မျှမရှိ။ မည်သူမျှ ဘုရားသခင်ကို မရှာကြ။-
11 Não há quem entenda; não há quem busque a Deus.
12 လူအပေါင်းတို့သည်လည်း ကျောခိုင်းသွားကြလေပြီ။ သူတို့သည် လမ်းမှားသို့ အတူတကွ ရောက်ကြလေပြီ။ ကောင်းသောအမှုကို ပြုကျင့်သူဟူ၍မည်သူမျှမရှိ။ တစ်ယောက်မျှပင်မရှိ။-
12 Todos se extraviaram; juntamente se fizeram inúteis. Não há quem faça o bem, não há nem um só.
13 သူတို့၏လည်ချောင်းများသည် ဖွင့်ထားသော သခင်္ျိုင်းတွင်းများဖြစ်ကြ၏။ သူတို့သည် လိမ်လည်လှည့်ဖြားရန် သူတို့၏လျှာကို အသုံးပြုကြ၏။-
13 A sua garganta é um sepulcro aberto; com as suas línguas tratam enganosamente; peçonha de áspides está debaixo dos seus lábios;
14 သူတို့၏ နှုတ်ခမ်းများအောက်၌ မြွေဆိုး၏အဆိပ်အတောက်များရှိ၏။ သူတို့၏နှုတ်သည် ကျိန်ဆဲသောစကား၊ ခါးသီးကြမ်း တမ်းသောစကားများနှင့် ပြည့်လျက်ရှိ၏။-
14 a sua boca está cheia de maldição e amargura.
15 သူတို့၏ခြေတို့သည် လူ၏အသက်ကိုသတ်ရန် လျင်မြန်ကြ၏။-
15 Os seus pés são ligeiros para derramar sangue.
16 သူတို့သွားရာလမ်းတို့၌ ပျက်စီးခြင်းနှင့် ဒုက္ခဆင်းရဲတို့ရှိကြ၏။-
16 Nos seus caminhos há destruição e miséria;
17 သူတို့သည် ငြိမ်းချမ်းရေးလမ်းစဉ်ကိုမသိကြ။-
17 e não conheceram o caminho da paz.
18 သူတို့၏မျက်စိရှေ့ ၌လည်း ဘုရားသခင်ကို ကြောက်ရွံ့ ခြင်းမရှိ ဟူ၍ဖြစ်လေ၏။
18 Não há temor de Deus diante dos seus olhos.
19 ပညတ်တရားတွင် ပါရှိသည့်ပြဋ္ဌာန်းချက်မှန်သမျှသည် ပညတ်တရား၏ စိုးမိုးမှုအောက်တွင် ရှိနေသောသူများကိုသာ ပြောဆိုကြောင်း ယခု ငါတို့သိကြ၏။ သို့ဖြစ်၍ လူတိုင်းသည် မိမိတို့၏နှုတ်များကိုပိတ်၍ လောကသားအပေါင်းတို့သည် ဘုရားသခင်၏ အပြစ်စီရင်ခြင်းကို ခံယူသင့်၏။-
19 Ora, nós sabemos que tudo o que a lei diz, aos que estão debaixo da lei o diz, para que se cale toda boca e todo o mundo fique sujeito ao juízo de Deus;
20 အကြောင်းမူကား လူတို့သည် ပညတ်တရားမှတစ်ဆင့် အပြစ်ဒုစရိုက်အကြောင်းကို သိလာကြသောကြောင့် ပညတ်တရားကို လိုက်နာသောအကျင့်အားဖြင့် ကိုယ်တော်၏ မျက်မှောက်တော်၌ မည်သူမျှဖြောင့်မတ်ရာသို့ မရောက်နိုင်ပေ။
20 porquanto pelas obras da lei nenhum homem será justificado diante dele; pois o que vem pela lei é o pleno conhecimento do pecado.
21 သို့ရာတွင် ဘုရားသခင်သည် ပညတ်တရားနှင့် သီးခြားစီရှိနေသော ဖြောင့်မတ်ခြင်းတရားလမ်းကို ယခု ထင်ရှားစွာ ပြလေပြီ။ ထိုအကြောင်းကို ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းတို့က သက်သေခံကြ၏။-
21 Mas agora, sem lei, tem-se manifestado a justiça de Deus, que é atestada pela lei e pelos profetas;
22 ယင်းသည်ကား ယေဇူးခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားလမ်းသည် ယုံကြည်သူ အားလုံးတို့အတွက် ထင်ရှားလာခြင်းပင်တည်း။ မည်သူ့ကိုမျှ ခွဲခြားထားခြင်းမရှိပေ။-
22 isto é, a justiça de Deus pela fé em Jesus Cristo para todos os que crêem; pois não há distinção.
23 အကြောင်းမူကား လူအပေါင်းတို့သည် အပြစ်ပြုမိခဲ့ကြ၍ ဘုရားသခင်၏ ဘုန်းဂုဏ်တော်နှင့် ကင်းဝေးခဲ့ကြ၏။-
23 Porque todos pecaram e destituídos estão da glória de Deus;
24 သူတို့သည် ယေဇူးခရစ်တော်၌ ခံယူရရှိသော ကယ်တင်ခြင်းအားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို အခမဲ့ရရှိကြသောကြောင့် ဖြောင့်မတ်ခြင်းသို့ရောက်ကြရ၏။-
24 sendo justificados gratuitamente pela sua graça, mediante a redenção que há em Cristo Jesus,
25 ဘုရားသခင်သည် ယေဇူးခရစ်တော်ကို သူ၏သွေးအားဖြင့် အပြစ်ဖြေရာယဇ်အဖြစ် သတ်မှတ်တော်မူ၏။ သို့ဖြစ်၍ လူတို့သည် ထိုအရှင်၌ ယုံကြည်ခြင်းအားဖြင့် အပြစ်လွတ်ခြင်းချမ်းသာကို ရကြ၏။ ဤသို့ပြုခြင်းဖြင့် ဘုရားသခင်သည် မိမိ၏ ဖြောင့်မတ်ခြင်းကို ထင်ရှားစေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မိမိ၏သည်းခံစိတ်ဖြင့် အတိတ်ကာလ၌ လူတို့ကျူးလွန်ခဲ့ကြသော အပြစ်များကို ခွင့်လွှတ်တော်မူခဲ့သောကြောင့်တည်း။-
25 ao qual Deus propôs como propiciação, pela fé, no seu sangue, para demonstração da sua justiça por ter ele na sua paciência, deixado de lado os delitos outrora cometidos;
26 ယခုတွင်မူ ကိုယ်တော်သည် မိမိ၏ ဖြောင့်မတ်တော်မူခြင်းကို ပြသရန်နှင့် ယေဇူး၌ ယုံကြည်သူတိုင်းသည် ဖြောင့်မတ်သော သူများဖြစ်လာကြောင်းကိုပြသရန် ဤသို့ပြုခြင်းဖြစ်၏။
26 para demonstração da sua justiça neste tempo presente, para que ele seja justo e também justificador daquele que tem fé em Jesus.
27 သို့ဖြစ်လျှင် ငါတို့၏ကြွားဝါခြင်းသည် မည်သို့ဖြစ်လာမည်နည်း။ ၎င်းသည် ဖယ်ရှားခြင်းခံရလေပြီ။ ၎င်းကို မည်သည့် တရားနှင့်ဖယ်ရှားခဲ့သနည်း။ ပညတ်တရားအားဖြင့်လော၊ သို့မဟုတ် အကျင့်အားဖြင့်လော။ မဟုတ်ပေ၊ ယုံကြည်ခြင်းတရား အားဖြင့်သာ ၎င်းကို ဖယ်ရှားခြင်းဖြစ်၏။-
27 Onde está logo a jactância? Foi excluída. Por que lei? Das obras? Não; mas pela lei da fé.
28 ထို့ကြောင့် လူသည် ပညတ်တရား၏ အကျင့်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့်သာလျှင် ဖြောင့်မတ်ခြင်းသို့ ရောက်ကြောင်းကို ငါတို့သိကြရပြီ။-
28 concluímos pois que o homem é justificado pela fé sem as obras da lei.
29 ဘုရားသခင်ကို ဂျူးလူမျိုးတို့၏ ဘုရားသာဖြစ်သည်ဟု သင်တို့ထင်သလော။ ကိုယ်တော်သည် လူမျိုးခြားတို့၏ ဘုရားလည်း ဖြစ်တော်မူသည်မဟုတ်လော။ မှန်ပေ၏။ ကိုယ်တော်သည် လူမျိုးခြားတို့၏ ဘုရားလည်းဖြစ်တော်မူ၏။-
29 É porventura Deus somente dos judeus? Não é também dos gentios? Também dos gentios, certamente,
30 အကြောင်းမူကား အရေဖျားလှီးခြင်းကို ခံသောသူနှင့် မခံသောသူနှစ်ဦးစလုံးကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းသို့ ရောက်စေတော်မူသော ဘုရားသခင်သည် တစ်ဆူတည်းဖြစ်တော်မူ၏။-
30 se é que Deus é um só, que pela fé há de justificar a circuncisão, e também por meio da fé a incircuncisão.
31 သို့ဖြစ်လျှင် ငါတို့သည် ဤယုံကြည်ခြင်းအားဖြင့် ပညတ်တရားကို ပစ်ပယ်ကြပါသလော။ လုံး၀မပစ်ပယ်ကြပါ။ ထိုမျှသာမက ငါတို့သည် ပညတ်တရားကိုပင် ထိန်းသိမ်းထားကြ၏။
31 Anulamos, pois, a lei pela fé? De modo nenhum; antes estabelecemos a lei.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Romanos 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.